Department of Trade

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိ

Mon, 09/26/2022 - 09:52 -- Dotbilateral
Undefined

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

       အဆိုပါနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံ တန်ချိန် (၁)သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့်  နောင်ဘဏ္ဍာနှစ် ၅ နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လ) အတွင်း တင်သွင်းသွားမည်ဖြစ်သည်။ ယခု G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ  နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေပဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည် ဖြစ်သည်။

       အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား ပထမအကြိမ် ပူးတွဲကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee – JMC) အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် နေပြည်တော်-နယူးဒေလီတို့အကြား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အစည်းအဝေး၌ နားလည်မှုစာချွန်လွှာအရ လာမည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်အထိအတွက် မတ်ပဲနှင့်ပဲစင်းငုံများကို ကုန်သွယ်မှုပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းသူများနှင့် နှစ်ဘက်သက်ဆိုင်ရာ အစိုးရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း များကို နှစ်ဘက်သဘောတူသတ်မှတ်ခဲ့ကြပါသည်။ ထို့အပြင် နှစ်ဖက် Focal Person များသတ်မှတ်၍ G to G MoU အရ မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုတွင် ပေါ်ပေါက်လာနိုင်သည့်ကိစ္စရပ်များကို နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် အိန္ဒိယနိုင်ငံအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံတို့အား လွတ်လပ်စွာတင်သွင်းခွင့်အား ၃၁-၃-၂၀၂၃ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်သဖြင့် မြန်မာနိုင်ငံမှ  မတ်ပဲနှင့် ပဲစင်းငုံတို့အား အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၏ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တင်ပို့မှုနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံ ဈေးကွက်၊ ဈေးနှုန်းအခြေအနေနှင့် မူဆယ်ဒေသဈေးကွက်၊ ဈေးနှုန်းအခြေအနေများ

Fri, 03/23/2018 - 05:31 -- dotadmin
Undefined

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၏ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တင်ပို့မှုနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံ ဈေးကွက်၊ ဈေးနှုန်းအခြေအနေနှင့် မူဆယ်ဒေသဈေးကွက်၊ ဈေးနှုန်းအခြေအနေများမှာ အောက်ပါအတိုင်း စုံးစမ်းသိရှိ ရပါသည်။

ကျွဲ၊ နွား (အရှင်) များအား တစ်ဖက်နိုင်ငံဝယ်လက်များမှ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးရေးစခန်း (AQS) နှင့် မူဆယ်၊ ကျိန်စမ်းကျော့ ကိုယ်ပိုင်နွားခြံများသို့ နေ့စဉ်လာရောက်ရောင်းဝယ်ယူလျှက်ရှိပါသည်။

          စဉ်      အမျိုးအစား              မူဆယ်မြို့တစ်ဖက်နိုင်ငံရောင်းဈေး(ယွမ်)       တင်ပို့သည့်မြို့

          (၁)     ကျွဲ (၁) ကောင်                       ၁၀၆၀၀-၁၁၀၂၄                             မန်စီမြို့

          (၂)     နွား (၁) ကောင်                        ၇၇၂၉-၈၈၄၁                                မန်စီမြို့

 

တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရန် ရောက်ရှိလာသော ကျွဲ၊ နွား (အရှင်)များအား တိရိစ္ဆာန် ကျန်းမာရေးစစ်ဆေးရေးစခန်း (AQS) နှင့် ကိုယ်ပိုင်ခြံများတွင် (၁/၂) ရက်ခန့် ယာယီထိန်းသိမ်းထားရှိပြီး တရုတ်ပြည်တွင်း မန်စီမြို့ဝယ်လက်များမှ နေ့စဉ်ဝယ်ယူလျှက်ရှိပါသည်။

 

ဝယ်ယူစုဆောင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းအပြင် ယခုအပတ်အတွင်း ထူးခြားမှုအနေဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ရွှေညောင်မြို့များနှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ ကျွဲ၊ နွား(အရှင်)များ တင်ပို့လာမှုကို ကြည့်ခြင်းအားဖြင့် တိုင်းနှင့် ပြည်နယ်အရပ်ရပ်မှ ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်နေရာစုံမှ ဝယ်ယူစုဆောင်းတင်ပို့နေကြောင်း တွေ့ရှိရပါသည်။

 

ဆိတ်(အရှင်)တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံအတွင်း တရုတ်နိုင်ငံသား ဝယ်လက်များ ဖမ်းဆီးခံခဲ့ သည့် ဖြစ်စဉ်နောက်ပိုင်း ယနေ့အချိန်အထိ တရုတ်ပြည်တွင်း ဝယ်လက်ကြီးများ လာရောက်ဝယ်ယူမှု မရှိ သေးသော်လည်း အချို့ဆိတ်ပိုင်ရှင်များထံသို့ တရုတ်ပြည်တွင်းဝယ်လက်ကြီးများ လာရောက် ဆက်သွယ်မှု ရှိပြီး အရောင်းအဝယ် မဖြစ်သေးကြောင်း သိရှိရသည်။

 

မူဆယ်မြို့တွင်းယာယီထိန်းသိမ်းထားရှိသည့် ဆိတ်ခြံ (၅) ခုတွင် ဆိတ်ကောင်ရေ (၃၉၂၅) ကောင် ရှိပြီး ၁၈ မတ် ၂၁ ရက်နေ့တွင် တိုးရွှေဝါကုမ္ပဏီမှ ထပ်မံရောက်ရှိလာသော ဆိတ်ကောင်ရေ (၄၄၀)ကောင်၊ စုစုပေါင်းဆိတ်ကောင်ရေ (၄၃၆၅) ကောင်ရှိ နေ့စဉ် ကျယ်ဂေါင်-ရွှေလီ ဒေသသုံးအနီးဝယ်လက်ငယ်များမှ ဆိတ်ကောင်ရေ (၅၀) မှ (၁၀၀)ကောင်ဝန်းကျင် ဝယ်ယူမှုရှိနေပြီး ၁၈ မတ် ၂၁ ရက်နေ့အထိ အနီးဝယ်လက်မှ ဝယ်ယူမှုအနေဖြင့် ဆိတ်ကောင်ရေ (၂၃၇၀) ကောင်ရောင်းချမှုရှိပြီး လက်ကျန် ဆိတ်ကောင်ရေ (၁၉၉၅) ကောင်ကျန်ရှိ၊ မူဆယ်မြို့တွင်း ဆိတ်ခြံ(၅)ခု၏ ရောင်းချမှု၊ လက်ကျန်ကောင်ရေ စာရင်းအား ပူးတွဲပါဇယားအတိုင်းဖြစ်ပါသည်။

 

မူဆယ်မြို့ဆိတ်ခြံနေရာ ရောင်းချဈေးနှုန်းမှာ (၁) ကီလိုလျှင် အနိမ့်ဈေး (၂၁) ယွမ်မှ အမြင့်ဈေး (၂၂) ယွမ်ရရှိကြောင်းသိရှိရသည်။

 

Shan Shwe Myint War Co., Ltd. မှ မူဆယ်မြို့၊ ပန်ခမ်းရွာ ကိုယ်ပိုင်ခြံတွင် ယာယီ ထိန်းသိမ်း ထားရှိသော သိုး(အရှင်)(၁၆၇၇) ကောင်အား ၁၈ မတ် ၂၀ ရက်နေ့တွင် ရှန်တုံးပြည်နယ်မှ နှစ်ဦး သဘောတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားရှိသည့် အဝေးဝယ်လက် (၂) ဦးရှိပြီး ရောက်ရှိ သိုး (အရှင်) ကောင်ရေ (၁၅၇၇) ကောင်အား တရုတ်ယာဉ်(၁)စီးလျှင် သိုးကောင်ရေ (၄၅၀) ဆံ့ယာဉ်(၄)စီးဖြင့် သိုးခြံသို့ လာရောက်ဝယ်ယူတင်ဆောင်ပြီး ပန်ခမ်းကူးတို့ဆိပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ရှန်တုံးပြည်နယ်သို့ သယ်ဆောင်သွားခဲ့ကြောင်းသိရှိရပါသည်။

 

မူဆယ်၊ ပန်ခမ်းရွာ သိုးခြံနေရာ ရောင်းချဈေးနှုန်းမှာ (၁) ကီလိုလျှင် (၁၆)ယွမ်ရရှိပြီး မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် ပျော်ဘွယ်မြို့တို့မှ ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ ဝယ်ယူစုဆောင်းနားကပ်တပ် (၃) လနီးပါးအချိန်ကြာမြင့်သောကြောင့် ယခုအခေါက် စတင်ရောင်းဝယ်မှုသည် အမြတ်အစွန်းမရှိကြောင်း သိရှိရပါသည်။

 

ဝယ်ယူသယ်ဆောင်သည့် ရှန်တုံးပြည်နယ်သည် ကွမ်ကျိုးပြည်နယ်သည် ကွမ်းကျိုးပြည်နယ်နှင့် ဆက်စပ်လျှက်ရှိပြီး ပီကင်းပြည်နယ်နှင့် ရှန်ဟိုင်းပြည်နယ်ကြား နေရာတွင်ရှိပြီး ရွှေလီမှ (၂) ရက်ကြာ ခရီး မောင်းနှင်သွားလာရကြောင်း စုံစမ်းသိရှိရပါသည်။

(၂၁-၂-၂၀၁၈) ရက်နေ့မှ (၂၁-၃-၂၀၁၈)ရက်နေ့အထိ မူဆယ်မြို့တွင်းရှိ ကုမ္ပဏီအလိုက် သိုး/ဆိတ်ခြံများလက်ကျန်စာရင်း
စဉ် ကုမ္ပဏီအမည် ပိုင်ရှင်အမည် ၂၁-၂-၂၀၁၈ နေ့
စာရင်းကောက်ယူသည့်
ကောင်ရေ
၂၁-၃-၂၀၁၈ နေ့အထိ
ထပ်မံရောက်ရှိ
ကောင်ရေ

စုစုပေါင်

ကာင်ရေ

၂၁-၃-၂၀၁၈ နေ့အထိ
ရောင်းချပြီး
ကောင်ရေ
လက်ကျန်
ကောင်ရေ
မှတ်ချက်
ဆိတ် သိုး ဆိတ် သိုး ဆိတ် သိုး ဆိတ် သိုး ဆိတ် သိုး
တိုးရွှေဝါ၊ ဟိန်းစံ ဦးဌေးဝင်း
ဦးသောင်းဌေး
၁၇၀၀   ၈၈၀   ၂၅၈၀   ၁၅၄၀   ၁၀၄၀    
နန်းရွှေလီဝင်း ဒေါ်အေးခမ်း ၃၅၅       ၃၅၅   ၃၅၅      

မန္တလေးမြို့သို့

ပြန်လည်
သယ်ဆောင်ပြီးဖြစ်

မင်းချမ်းသာပင်မြင့်စံ ဦးဝင်းဗိုလ် ၂၀၆       ၂၀၆   ၂၁   ၁၈၅    
ချယ်ရီစတိုး ဒေါ်အေးအေးမြင့် ၅၂၀       ၅၂၀   ၁၃၀   ၃၉၀    
ဝေယံထွန်း ဦးလောက်စံ ၄၈၄   ၂၂၀   ၇၀၄   ၃၂၄   ၃၈၀    
စံရွှေမြင့်ဝါ ဦးကျော်ဝင်းထွန်း       ၁၅၇၇   ၁၅၇၇   ၁၅၇၇      
  စုစုပေါင်း   ၃၂၆၅   ၁၁၀၀ ၁၅၇၇ ၄၃၆၅ ၁၅၇၇ ၂၃၇၀ ၁၅၇၇ ၁၉၉၅    

 

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၂၂-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Fri, 03/23/2018 - 03:36 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၂၁-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Thu, 03/22/2018 - 03:34 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၂၀-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Wed, 03/21/2018 - 03:32 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၏ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တင်ပို့မှုနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံ ဈေးကွက်၊ ဈေးနှုန်းအခြေအနေနှင့် မူဆယ်ဒေသဈေးကွက်၊ ဈေးနှုန်းအခြေအနေများ

Tue, 03/20/2018 - 04:15 -- dotadmin
Undefined

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၏ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တင်ပို့မှုနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံ ဈေးကွက်၊ ဈေးနှုန်းအခြေအနေနှင့် မူဆယ်ဒေသဈေးကွက်၊ ဈေးနှုန်းအခြေအနေများမှာ အောက်ပါအတိုင်း စုံးစမ်းသိရှိ ရပါသည်။

          စဉ်      အမျိုးအစား              မူဆယ်မြို့တစ်ဖက်နိုင်ငံရောင်းဈေး(ယွမ်)       တင်ပို့သည့်မြို့

          (၁)     ကျွဲ (၁) ကောင်                       ၁၀၆၀၀-၁၁၀၂၄                                မန်စီမြို့

          (၂)     နွား (၁) ကောင်                        ၈၂၁၂-၈၆၉၅                                   မန်စီမြို့

          တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရန် ရောက်ရှိလာသော ကျွဲ၊ နွား (အရှင်)များအား တိရိစ္ဆာန် ကျန်းမာရေးစစ်ဆေးရေးစခန်း (AQS) နှင့် ကိုယ်ပိုင်ခြံများတွင် (၁/၂) ရက်ခန့် ယာယီထိန်းသိမ်းထားရှိပြီး တရုတ်ပြည်တွင်း မန်စီမြို့ဝယ်လက်များမှ နေ့စဉ်ဝယ်ယူလျှက်ရှိပါသည်။

          ဆိတ်(အရှင်)တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံအတွင်း တရုတ်နိုင်ငံသား ဝယ်လက်များ ဖမ်းဆီးခံခဲ့ သည့် ဖြစ်စဉ်နောက်ပိုင်း ယနေ့အချိန်အထိ တရုတ်ပြည်တွင်း ဝယ်လက်ကြီးများ လာရောက်ဝယ်ယူမှု မရှိသေးသော်လည်း ကျယ်ဂေါင်၊ ရွှေလီဒေသသုံး ဝယ်လက်ငယ်များမှ မူဆယ်မြို့တွင်းရှိ ဆိတ်ခြံများသို့ လာရောက်ဝယ်ယူမှုရှိပြီး အချို့ဆိတ်ပိုင်ရှင်များထံသို့ တရုတ်ပြည်တွင်းဝယ်လက်ကြီးများ လာရောက် ဆက်သွယ်မှုရှိပြီး အရောင်းအဝယ် မဖြစ်သေးကြောင်း သိရှိရသည်။

          တစ်ဖက်နိုင်ငံသို့ ဆက်လက်မတင်ပို့နိုင်ဘဲ မူဆယ်မြို့တွင်း ယာယီထိန်းသိမ်းထားရှိသည့် ဆိတ်ခြံ (၅) ခြံသို့ ကျယ်ဂေါင်၊ ရွှေလီဒေသသုံးဝယ်လက်များမှ (၁၃.၃.၂၀၁၈) ရက်နေ့အထိ လာရောက်ဝယ်ယူမှု အနေဖြင့် တိုးရွှေဝါကုမ္ပဏီပိုင် ဆိတ်ခြံတွင် ဆိတ်ကောင်ရေ (၁၆၄၀)အနက်ရောင်းချပြီး လက်ကျန် ကောင်ရေ (၁၂၀၀) ခန့်ကျန်ရှိပြီး ဝေယံထွန်းကုမ္ပဏီပိုင်ဆိတ်ခြံတွင် ဆိတ်ကောင်ရေ (၄၈၄) အနက် ရောင်းချပြီး လက်ကျန်ကောင်ရေ (၃၀၀) ခန့်ကျန်ရှိကြောင်း သိရှိရသည်။

          မူဆယ်မြို့ဆိတ်ခြံနေရာ ရောင်းချဈေးနှုန်းမှာ (၁) ကီလိုလျှင် အနိမ့်ဈေး (၂၀) ယွမ်မှ အမြင့်ဈေး (၂၂) ယွမ်ရရှိကြောင်းသိရှိရသည်။

          မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် Shan Shwe Myint War Co., Ltd. မှ ထပ်မံရောက်ရှိလာသော သိုး (အရှင်) (၇၅၀) ကောင်၊ ယခင်ရောက်ရှိကောင်ရေ (၈၂၇) ကောင်၊ စုစုပေါင်း ကောင်ရေ (၁၅၇၇) ကောင်အား မူဆယ်မြို့နယ်၊ ပန်ခမ်းရွာ ကိုယ်ပိုင်ခြံတွင် ယာယီထိန်းသိမ်းထားရှိပြီး တစ်ဖက်နိုင်ငံရှိ ရှန်တုံးပြည်နယ် အဝေးဝယ်လက်ကုမ္ပဏီတစ်ခုနှင့် သိုး (အရှင်) ကောင်ရေ (၃၀၀၀) ကောင်အား နှစ်ဦးသဘောတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုးထားရှိကြောင်း စုံစမ်းသိရှိ ရသည်။

Source : မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၁၉-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Tue, 03/20/2018 - 03:57 -- dotadmin
Undefined
Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်
Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၁၈-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Mon, 03/19/2018 - 03:42 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

ဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၁၇-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Sat, 03/17/2018 - 03:40 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

ဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၁၆-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Fri, 03/16/2018 - 03:39 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

Pages

Subscribe to RSS - Department of Trade