Department of Trade

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် စားသုံးသူအကာအကွယ်ပေး ပညာပေးဟောပြောပွဲများကျင်းပ

Mon, 02/02/2015 - 15:33 -- dccaadmin
Undefined

တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ကျပ် ၃၈၂ သန်းကျော်ဖိုးဖျက်ဆီးခဲ့

Mon, 01/19/2015 - 12:45 -- dccaadmin
Undefined

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ကျပ်သန်း  ၃၈၂ ဒသမ ၆၅၄ သန်းခန့်၊ အမှုတွဲအားဖြင့် ၁၅၅ မှုကို ဖျက်ဆီး နိုင်ခဲ့ တယ်လို့ သတင်းရရှိပါတယ်။ Mobile Team အလိုက် ဖျက်ဆီးခဲ့မှုတွေကတော့ လရ-၁ ၃၇ မှု ကျပ်  ၁၁၅ သန်းကျော်၊ လရ-၂ ၂၁ မှု ကျပ် ၃၅ ဒသမ ၆၂၅ သန်းကျော်၊ မူဆယ်ထုတ်နုတ်အင်အား ၃၇ မှုကျပ် ၁၉၄သန်းကျော်၊  တာချီလိတ်ထုတ်နုတ်အင်အား ၂၅မှု၊ ကျပ်သန်း၂၀ ကျော်၊ ကျိုင်းတုံထုတ် နုတ်အင်အား ၃၅ မှု ကျပ် ၁၆ သန်းကျော် အသီးသီးဖြစ်ပါတယ်။

Mobile Team အဖွဲ့များဟာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ဆောင်ရွက်တဲ့စခန်းလမ်းကြောင်းအလိုက် Mobile Team များအနေနဲ့ ကုန်သွယ်မှုပမာဏတိုး တက်မြင့်မားရေး တရားဝင်လမ်းကြောင်းပေါ် သို့ တရားမဝင်ကုန်သွယ်မှုများ ရောက်ရှိစေရေး အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်း များနဲ့အညီ အထက်ဌာနများရဲ့ လမ်းညွှန်ချက်အတိုင်း စနစ်တကျ ဆောင် ရွက်လျက်ရှိ နေကြောင်း သတင်းရရှိပါတယ်။

                                                                                          

      DCCA DCCA

အနီးစပ်ဆုံးကာလထက် ပိုမိုတင်ပို့နိုင်တဲ့ ငွေချည် ၆ ဝါ

Fri, 01/09/2015 - 12:26 -- dccaadmin
Undefined

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၉၈ သန်း တန်ဖိုးရှိ ငွေချည် ၆ ဝါဂွမ်း ၈၆၃ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၈၀၅ တန်ခွဲ တင်ပို့ခဲ့လို့ ယခုသီတင်းပတ်မှာ ၅၇ တန်ခွဲပိုမိုလာသလို အနီးစပ်ဆုံး နိုဝင်ဘာလကလည်း ၂၀၁၂ တန်ခွဲသာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ငွေချည် ၆ ဝါဂွမ်းကို မူဆယ် နယ်စပ်မှ တစ်ဆင့်တရုတ်ပြည်ကို ၂၀၁၄ ခုနှစ် မတ်လဆန်းမှ စတင်တင်ပို့ ခဲ့တာဖြစ်ပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)

နနွင်းတက်တင်ပို့မှု အနည်းငယ်လျော့

Fri, 01/09/2015 - 12:22 -- dccaadmin
Undefined

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၂၀ သန်း တန်ဖိုးရှိတဲ့ နနွင်းတက် ၃၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၅ တန်ခွဲတင်ပို့နိုင်ခဲ့လို့ ယခုရက်သတ္တပတ်မှာ ၁၀ တန်လျော့နည်း သွားတာ တွေ့ရပါတယ်။ ဒီဇင်ဘာတစ်လလုံး စခန်းပေါင်းစုံက တင်ပို့ခဲ့တဲ့ နနွင်းတက် တန်ချိန် ၃၀ဝ နီးပါးရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၇၁၀ဝ၀ ကျော် ရှိခဲ့ပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)

မကွေးမြို့နယ်၊ မြို့မဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

Fri, 12/19/2014 - 11:02 -- dccaadmin
English

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးမှ တာဝန်ရှိ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ကျောင်းများ၊ ဈေးများတွင်စားသုံး သူအကာ အကွယ်ပေးရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ များကိုအပတ်စဉ် ကျင်းပလျက်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် (၁၁းဝဝ) နာရီတွင် မကွေးမြို့ မြို့မဈေးကြီးတွင် စားသုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာ အသိပညာ ပေးဟော ပြောပွဲကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးဟောပြောပွဲသို့ မြို့နယ် စည်ပင်သာယာမှ တာဝန်ရှိသူ(၂)ဦး၊ ဈေးကော်မတီဝင် (၂၀)ဦး ဈေးသူဈေးသား(၅၀) ဦးနှင့် စားသုံးသူရေးရာဌာနမှ တာဝန်ရှိဝန်ထမ်း (၅)ဦးတက် ရောက်ခဲ့ပြီး စားသုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာ အသိပညာပေး စာစောင်များ ၊ပိုစတာများ ဖြန့်ဝေပေး ခဲ့ပါသည်။

အဆိုပါ စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာဆွေးနွေးဟောပြောပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး  ဦးဝမ်းမောင်က မကွေးတိုင်းဒေသကြီးတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဖွင့်လှစ်ခဲ့သည် မှာနိုဝင်ဘာလ(၂၅) ရက်နေတွင် တစ်နှစ်တိတိပြည့်ခဲ့ပြီဖြစ် ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းစားသုံးသူ အသိပညာ အမြန်ပြန့်ပွားရေးမှာ ကျောင်းများ၊ ဈေးများမှ စတင်ပြီးဆောင်ရွက်မှ သာအောင်မြင်မှာ ဖြစ်ပါကြောင်း ပြောကြားကာ စားသုံးသူကာအကွယ်ပေးေ ရးဥပဒေများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင် များ၏ အခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များ အကြောင်းကို လည်းကောင်း၊ ဟင်းသီးဟင်းရွက် များတွင် အသုံးပြုသော ပိုးသတ် ဆေးများ၏ အန္တရာယ်ရှိ ပုံ၊သစ်သီးဝလံများတွင် အသုံးပြုနေသော မှည့်ဆေးများ၊ ကြာရှည် ခံဆေး များ၏ အန္တရာယ်ရှိပုံ၊ ဈေးအတွင်းကျယ်ပြန့်စွာနေရာယူလျက်ရှိသော အချိုရည်ဗူးများတွင်(ီ FDA) ၏ ထောက်ခံချက်ပါမှသာ ရောင်းချကြပါရန်နှင့် ငါးပိ၊ ငါးခြောက်များတွင် စားသုံးသူ အကြိုက် အမြင်လှပ အောင်အရောင်ဆိုး၍ မရောင်းချကြရန် လည်းကောင်း၊ ယင်မနားအောင် လည်းယင် မနားဆေးများ အသုံးမပြုကြဘဲ အဖုံးအုပ်၍ သာရောင်းချကြရန် လည်းကောင်းစသည်ဖြင့် ပြောကြားပြီး စားသုံးသူ ပြည်သူများ အန္တရာယ် မဖြစ်စေရန်နှင့် စေတနာထား လုပ်ဆောင်ပေးကြရန် ဈေးသူ၊ ဈေးသား၊ ဈေးတာ ဝန်ရှိသူများ ကိုဆွေးနွေးဟောပြောခဲ့ပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဦးစီးမှူးနှင့်ဝန်ထမ်းများ ဈေးတာဝန်ရှိသူများသည် မကွေးမြို့မြို့မ ဈေးအတွင်းရှိ မုန့်ဆိုင်များ၊ ငါးပိ၊ ငါးခြောက်ဆိုင်များနှင့် ဟင်းသီးဟင်းရွက်ဆိုင်များသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသော၊ လတ် ဆတ်သော၊ ပြည်သူလူထုဘေးအန္တရာယ်ကင်းသောစား သောက်ဖွယ်ရာ များကိုသာ စေတနာရှေ့ထား ရောင်းချပေးကြပါရန် ညွှန်ကြား ကာလက်ကမ်းစာ စောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                ဝင်းထွန်း(စားသုံးသူ)မကွေး

ITC ကဒ်ဖြင့် ကုန်သွယ်မှုပြုနိုင်သည့် စခန်းများ၏နယ်ပယ်သတ်မှတ်ချက်

Tue, 05/14/2013 - 10:48 -- admin
Undefined

သောကြာနေ့ 10 မေလ  ၂၀၁၃ 15 :18  PM

စဉ် စခန်းအမည် လုပ်ငန်းစတင်
ဆောင်ရွက်သည့်နေ့
သတ်မှတ်မည့်နယ်မြေ
လွယ်ဂျယ် ၀၁/၀၃/၂၀၁၃ ဗန်းမော်ခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
စစ်တွေ ၀၁/၀၄/၂၀၁၃ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
မောင်တော ၀၁/၀၄/၂၀၁၃ ဘူးသီးတောင်၊ မောင်တော မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများ
ချင်းရွှေဟော် ၂၂-၄-၂၀၁၃ ကွမ်းလုံခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
ကန်ပိုက်တီး ၂၂-၄-၂၀၁၃ မြစ်ကြီးနားခရိုင် နှင့်မိုးညှင်းခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
မြိတ် ၂၂-၄-၂၀၁၃ မြိတ်နှင့် ထားဝယ်ခရိုင်အတွင်းရှိဒေသနေ ပြည်သူများ
ကော့သောင်း ၂၂-၄-၂၀၁၃ ကော့သောင်းခရိုင် အတွင်းရှိဒေသနေပြည်သူများ
ရိဒ် ၂၂-၄-၂၀၁၃ ရိဒ်-တီးတိန်-ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ
ထန်တလန် ၂၂-၄-၂၀၁၃ ထန်တလန်၊ ဟားခါး၊ ဖလမ်း ဒေသအတွင်း ရှိဒေသနေပြည်သူများ

ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံမှ ရော်ဘာ တင်ပို့မှု ယခင်နှစ် ကာလတူထက် သုညဒသမ ၂ ရာခိုင်နှုန်းပိုမိုခဲ့

Tue, 05/14/2013 - 10:47 -- admin
Undefined

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 14 :18  PM

ရော်ဘာအ များဆုံးတင် ပို့တဲ့ ထိုင်းနိုင်ငံ ဟာ၂ဝ၁၃ ခုနှစ်ဖေ ဖော်ဝါရီ လမှာ ရော်ဘာတန် ၂၈၈ တန် ကျော်တင် ပို့ခဲ့ပြီး ယမန်နှစ် ကာလ တူထက် သုည ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတင် ပို့နိုင်ခဲ့ တယ်လို Internet သတင်း များမှာ ဖော်ပြ ထားပါတယ်။ ထိုင်းကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ထုတ်ပြန် ချက်များ အရ ယခု နှစ်ဇန်န ဝါရီလ နဲ့ဖေဖော် ဝါရီလ (၂) လမှာ ရော်ဘာ ၅၉၂ တန်နီး ပါးထိုင်းမှ တင်ပို့ထားပြီး ယမန် နှစ်ကာလ တူမှာ ၅၆၅ တန်ခန့် တင်ပို့နိုင် ခဲ့တယ် လို့သိရ ပါတယ်။ ထိုင်း၊ အင်ဒိုနီး ရှားနဲ့ မလေးရှား နိုင်ငံများဟာ ၂ဝ၁၂ ခုနှစ် အောက်တို ဘာလ ကစပြီး ပြည်ပသို့ တင်ပို့မှု လျှော့ချပြီး ရော်ဘာဈေး ကိုဆွဲတင် နိုင်ရေး ဆောင်ရွက်ခဲ့ ကြတယ်လို့ Bloomberg သတင်းမှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။ကမ္ဘာ့ရော်ဘာ အများဆုံး ထုတ်လုပ် တင်ပို့တဲ့ ထိုင်းနိုင်ငံ ဟာလာမဲ့ (၂) လမှာလည်း ပြည်ပသို့ ရော်ဘာ တင်ပို့မှုကို ဆက်လက် လျော့ချသွား မယ်လို့ မတ်လ နှောင်းပိုင်း မှာတာဝန်ရှိ သူများက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှားတို့နဲ့ သဘောတူ ညီထားချက်ဟာ မတ်လမှာ ကုန်ဆုံးပြီ ဖြစ်လို့ ယခု ကဲ့သို့ (၂) လထပ် တိုးလိုက် ခြင်းဖြစ်ပါတယ်။လက်ရှိ အနေအထား အရ အခြေအနေ များဟာ ရော်ဘာ ဈေးများ ကိုကျဆင်း စေရန် ခြိမ်းခြောက် နေဆဲ ဖြစ်တဲ့ အတွက် မိမိတို့ အနေနဲ့ပြည်ပ သို့ရော်ဘာ တင်ပို့မှုကို ၂ လထပ်မံ လျော့ချရန် ဆုံးဖြတ်ရခြင်း ဖြစ်တယ်လို့ ထိုင်းစိုက်ပိုျးရေး ဒုတိယဝန်ကြီးရဲ့ အကြံပေး Amnuay Patise က Reuters ကိုပြောကြား ခဲ့တယ် လို့သိ ရပါတယ်။ထိုင်း၊ အင်ဒိုနီး ရှားနဲ့ မလေးရှား နိုင်ငံတို့ဟာ ၂ဝ၁၂ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်မှ ၂ဝ၁၃ ခုနှစ် မတ်လ ကုန်ထိ ရော်ဘာ တင်ပို့မှုကို တန်ချိန် ၃ သိန်းထိ သာတင်ပို့ရန် သဘောတူ ညီခဲ့ကြခြင်း ဖြစ်ပါတယ်။ ဧပြီလမှာ ကျင်းပမဲ့ အာရှရော်ဘာ ညီလာခံမှာ အင်ဒိုနီးရှားနဲ့ မလေးရှား တို့အနေနဲ့ မိမိတို့ကဲ့သို့ ဆက်လက် လျော့ချ လိုခြင်းရှိ မရှိသဘော ထားကို မေးမြန်းသွား မယ်လို့ Amnuay ကပြောပါတယ်။

Source: Reuters , Bloomberg                    CMK

ယိုကိုဟားမား တာယာ ကုမ္ပဏီရဲ့ အကိုျးစီးပွား နဲ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် ကန်ဒေါ် လာ၂သန်း ကျော်ချေး ငွေရရှိ

Tue, 05/14/2013 - 10:45 -- admin
Undefined

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 11 :17  AM

Hangzhou Yokohama Tyre ကုမ္ပဏီသို့ Hangzhou မြို့နဲ့ Hangzhou စီးပွားရေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေး ဇုန်တို့မှ ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကို ရရှိခဲ့တယ်လို့ ယိုကိုဟား မားရော် ဘာကုမ္ပဏီမှ ပြောကြား ခဲ့တယ်လို့ Rubbernews.com မှာ ဖော်ပြ ထားပါတယ်။ ထုတ်ပေး ခဲ့တဲ့ ချေးငွေဟာ ၂ဝ၁၂ ခုနှစ် ဒီဇင် ဘာလမှ ၂ဝ၁၃ ခုနှစ် မတ်လ ထိကာလ အတွက်အကျုံး ဝင်ပြီး ကုမ္ပဏီရဲ့ စီးပွားရေး နဲ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်း များအတွက် အသုံးပြု ရန်ဖြစ်တယ် လို့သိရပါတယ်။Hangzhou Yokohama Tyre ရဲ့ ထုတ်လုပ် နိုင်စွမ်းအား မျှော်မှန်း သည်ထက် ပိုမိုကြောင်း၊ ပတ်ဝန်း ကျင်ထိန်း သိမ်းရေး ပိုင်းနဲ့စပ် လျဉ်းပြီး ထုတ်လုပ် မှုလုပ်ငန်း အဆင့် များတွင် လေထု ညစ်ညမ်းမှု ကင်းစင် စေရန်၊ ရေဆိုးသန့် စင်ရေးဆိုင် ရာလိုအပ် ချက်များ၊ စွမ်းအင် သုံးစွဲမှု လျော့ချရေးနဲ့ ရော်ဘာပင် ၂၄ဝဝဝ စိုက်ပျိုး နိုင်ခဲ့တယ်လို့ Hangzhou Yokohama Tyre ကုမ္ပဏီက ပြောပါတယ်။Hangzhou Yokohama Tyre ကို၂ဝဝ၃ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီမှာ အလုပ် သမား ၁၂၅ဝ ကို အလုပ် အကိုင် ရှာဖွေ ပေးနိုင်ခဲ့ပြီး နှစ်စဉ် Tyre ၅ ဒသမ ၁ သန်းကျော် ထုတ်လုပ် ပေးနိုင် စေခဲ့ တယ်လို့ သိရ ပါတယ်။

 

Source: Rubbernews.com                            CMK

အကောက်ခွန်မဲ့နဲ့ Engine Power လွဲမှားစွာဆိုင်ကယ်များတင်သွင်းမှုရှိနေ

Tue, 05/14/2013 - 10:44 -- admin
Undefined

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 10 :42  AM

အကောက်ခွန် ကြေငြာလွှာ ID နဲ့ဆိုင်ကယ် မျိုးစုံ စီးရေ ၁၂၅ စီးအ တွက် အခွန် ပေးဆောင် ထားသော်လည်း အကောက် ခွန်မဲ့ ဆိုင်ကယ်( Trsta 110 cc ) ၅ စီးနဲ့ Engine Power လွဲမှားပြီး New Ambo (125 cc) ၂ဝ စီး၊ Kanbo (125 cc) ၅ စီးနဲ့ Kanbo (110 cc) ၁၅ စီး စုစုပေါင်းဆိုင်ကယ် အစီး ၄ဝ အား နောင်ချိုမြို့ Asia World Gate မှာ အခြေပြု စစ်ဆေး နေတဲ့ Mobile Team အဖွဲ့-၁ မှာတာ ဝန်ရှိ သူများက မတ်လ ၃၁ ရက်နေ့မှာ စစ်ဆေး တွေ့ရှိခဲ့ ရတာ ဖြစ်ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန် ယာဉ်စစ် ကွင်းမှ စစ်ဆေး ခံခဲ့ပြီး ထုတ်ပေး ထားတဲ့ ID မှာ Trsta 110 cc ၅ စီး၊ Super Ambo 125 cc ၃၅ စီး၊ Super Ambo 100 cc ၁၅ စီး၊ Dayun 110 cc ၅ စီး၊ New Ambo 100 cc ၂ဝ စီး၊ Kanbo 110 cc ၁၅ စီး၊ Kanbo 125 cc ၁ဝ စီးအတွက် ကျသင့်ခွန် ပေးဆောင် ပြီးသယ် ယူလာတာ ဖြစ်ပါတယ်။ယာဉ်တစ်စီး လုံးချစစ် ဆေးရာမှာ စစ်ဆေး တွေ့ရှိရတဲ့ အကောက်ခွန် မဲ့ဆိုင်ကယ် ၅ စီးနဲ့ Engine Power အလွဲ ဆိုင်ကယ်အစီး ၄ဝ ကို လုပ်ထုံး လုပ်နည်း များနဲ့အညီ အကောက်ခွန် ဦးစီးဌာနသို့ ဆက်လက် အပ်နံှသွား မယ်လို့ သတင်း ရရှိပါတယ်။Mobile Team အဖွဲ့ ၁ အနေနဲ့ ဖေဖော် ဝါရီလ ၁၄ ရက်မှ မတ်လ ၂၆ ရက်ထိ ကာလ အတွင်းမှာ စုစု ပေါင်းစစ် ဆေးရှာဖွေပြီး အကောက် ခွန်ဦးစီး ဌာနသို့ အပ်နံှထားတဲ့ တန်ဖိုး မှာကျပ် ၉၃၆ သန်းနီးပါးရှိပြီလို့ သိရပါတယ်။

Source: လရ-၁                              MTN

ဘာသာရပ်ကျွမ်းကျင်သူများအား ဝန်ထမ်းခန့်ထားလိုသည့်သတင်း

Tue, 05/14/2013 - 10:44 -- admin
Undefined

တနင်္လာနေ့ ၂၂ ဧပြီလ  ၂၀၁၃ 16 :27  PM

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနသည် နိုင်ငံတော်၏ စီးပွားရေးပြုပြင် ပြောင်းလဲ မှုမူဝါဒ များကို အောင်မြင်အောင် အကောင် အထည် ဖော်ဆောင် ရွက်နိုင် ရေးအ တွက် ပြုပြင် ပြောင်းလဲ မှုလုပ်ငန်း စဉ်များ ကို ချမှတ် အကောင် အထည် ဖော်ဆောင် ရွက်လျက် ရှိပါသည်။ ယင်းသို့ အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိရာတွင် စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီး ဌာန အောက်ရှိ ဦးစီး ဌာနများကို ခေတ်စ နစ်နှင့်အညီ လိုက်ပါ ပြောင်းလဲဆောင် ရွက်နိုင် ရေးအတွက် ဦးစီးဌာန၏ အမည်နှင့်လုပ်ငန်း စဉ်များ ကိုပါ ပြင်ဆင် ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနအောက်ရှိ နယ်စပ်ကုန် သွယ်ရေးဦးစီး ဌာနအား ကူးသန်း ရောင်းဝယ် ရေးနှင့်စားသုံး သူရေးရာ ဦးစီးဌာန အဖြစ်သို့ ၂၀၁၃ ခုနှစ်ဧပြီလ (၁) ရက်နေ့မှစ၍ ပြုပြင်ပြင် ဆင်ပြောင်း လဲဖွဲ့စည်းခဲ့ ရာတွင် အဆိုပါ ဦးစီးဌာ နအနေဖြင့် ခေတ်စနစ် နှင့်လိုက် လျောညီ ထွေဖြစ်သည့် ဖွဲ့စည်းပုံ အသစ်နှင့် အတူ လက်ရှိ လုပ်ငန်း တာဝန်များ အပြင် လုပ်ငန်း တာဝန် အသစ် များကိုပါ တာဝန်ယူ ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ကူးသန်း ရောင်းဝယ် ရေးနှင့်စား သုံးသူရေး ရာဦးစီးဌာန အောက်တွင် စားသုံးသူ အကာ အကွယ် ပေးရေး မူဝါဒနှင့် ဥပဒေ ဆိုင်ရာ၊ ယှဉ်ပြိုင်မှု မူဝါဒနှင့် ဥပဒေဆိုင်ရာ၊ ကုန်အမှတ် တံဆိပ်များ လျှောက်ထား မှုစိစစ် ရေးဆိုင်ရာ ဌာနခွဲများ နှင့်ဌာန စုများကိုလည်း တိုးချဲ့ ထည့်သွင်း ဖွဲ့စည်းထား ပါသည်။ အဆိုပါ ဌာနခွဲ များနှင့် ဌာနစု များတွင် တာဝန် ယူရမည့် ကိစ္စရပ် များမှာ ဘာသာ ရပ်အသစ်၊ လုပ်ငန်း တာဝန် အသစ်များ သဖြင့် ယင်းဘာ သာရပ်များ နှင့်ပတ် သက်ပြီး ကျွမ်းကျင် ပညာရှင် များကို ကူးသန်း ရောင်းဝယ် ရေးနှင့် စားသုံး သူရေးရာ ဦးစီးဌာနမှ အရည်အ ချင်းအလိုက် ရာထူးများ ခန့်အပ် တာဝန်ပေး အပ်သွား နိုင်ရေးသက် ဆိုင်ရာသို့ တင်ပြ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ အဆိုပါ ဘာသာ ရပ်ကျွမ်း ကျင်သူများ အနေဖြင့် အမြဲတမ်း ဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်ရန် စိတ်ဝင်စားပါက ကူးသန်း ရောင်းဝယ် ရေးနှင့်စား သုံးသူ ရေးရာ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်း လျှောက်ထား နိုင်ကြောင်း သတင်း ရရှိပါသည်။

Source: ဒသက (နပတ)  ( DCCA )

Pages

Subscribe to RSS - Department of Trade