နောက်ဆုံးရ သတင်း
LC/ TT နဲ့ ဘဏ်ငွေစာရင်းမဖွင့်နိုင်သော ဒေသခံကုန်သည်ငယ်များအနေနဲ့ တင်ပို့တင်သွင်းနိုင်ရန် ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်မှုနည်းလမ်းနဲ့ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက် ရာမှာ နိုင်ငံတော်မှရသင့်ရထိုက်တဲ့ အခွန်အခများမရရှိတဲ့အပြင် ကုန်သွယ်မှု ပမာဏထိခိုက်ကျဆင်းမှုများ ရှိလာတာကို တွေ့ရှိရတဲ့ အတွက် ပို့ကုန်သွင်းကုန်ပစ္စည်းများကို နှစ်နိုင်ငံငွေကြေးနဲ့ ဆောင်ရွက်နိုင်ရေး ငွေကြေးဆိုင်ရာမူဝါဒ လုပ်ထုံးလုပ်နည်း ညှိနှိုင်းအစည်းအဝေးမှာ တင်ပြညှိနှိုင်းဆွေးနွေးနိုင်ခဲ့တဲ့ အတွက် ယခုအခါသွင်းကုန်ပစ္စည်းအမယ် ၁၆၀ ကျော် ပို့ကုန်ပစ္စည်း ၁၃၅ မျိုးခန့်ကို နှစ်နိုင်ငံငွေကြေးသို့မဟုတ် LC (Letter of Credit)/ TT (Telegraphic Transfer) ကြိုက်နှစ်သက်ရာစနစ်နဲ့ လိုင်စင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ နယ်စခန်းတွင်ပင် ပို့ကုန်သွင်းကုန်လိုင်စင်ခွင့်ပြုခြင်းကို ဇွန် ၁၂ ရက်ကစပြီး ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးအောင်ဝင်းက ဇူလိုင် ၂ ရက်က ကော့သောင်း နယ်စပ်ကုန်သည်ကြီးများအသင်းအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်ကူးသန်းရောင်းဝယ်မှုများလျော့နည်းပပျောက်ရေးနဲ့ စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၃ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ကျင်းပခဲ့ရာ Automatic Licencing ၊ Non Automatic Licencing စနစ်များနဲ့ လိုင်စင်ထုတ်ပေးနိုင်ရေးကိုဆောင် ရွက်ပေးနေပြီဖြစ်ကြောင်း၊ ဒါ့အပြင် ခွင့်ပြုချက်ထပ်မံရရှိပါက Individual Trading Card စနစ် ဆောင်ရွက်နိုင်ရန်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ခွင့်ပြုပေးနိုင်တဲ့လိုင်စင်များအတွက် ကုန်ပစ္စည်းအမယ်များ တိုးမြှင့်သတ်မှတ်ပေးရန်စီစဉ် ထားပြီ ဖြစ်ကြောင်းလည်း ကုန်သည်လုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ကုန်သွယ်မှုနဲ့စပ်လျဉ်းပြီး မိမိတို့ဌာနအနေနဲ့ အချိန်နဲ့တစ်ပြေးညီလုပ်ငန်းရှင်များသိအောင်ဆောင်ရွက်ပေးလျက်ရှိတဲ့ အပြင် ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေး ဌာနဆိုင်ရာများမှဆောင်ရွက်နေသည်များကိုသိရှိပြီး တရားဝင် ကုန်သွယ်မှုလမ်းကြောင်းမှပိုမိုဆောင်ရွက်ကြစေလိုကြောင်း စခန်းတာဝန်ခံကတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ကုန်သည်ကြီးများအသင်းအလုပ်အမှုဆောင် ဦးခင်မောင်ကြီးကလည်း တရားမဝင်ကုန်သွယ်မှုများအား ဥပဒေနဲ့အညီ အရေးယူထိန်းချုပ်တားဆီးနိုင်ရေး ပညာပေးကာလ၊ စောင့်ကြည်ကာလ၊ အရေးယူကာလဟူ၍ ကာလသတ်မှတ်ပိုင်းခြား ထားပြီး အောက်တိုဘာ ၁ ရက်မှစ၍ အရေးယူမှုစတင်တော့မယ်ဆိုတာ ကုန်သည် လုပ်ငန်းရှင်၊ ကုမ္ပဏီများကို ကြိုတင် အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
MIRT (DOBT)
မန္တလေးဈေးကွက်သို့ အောင်ပန်း အာလူးသစ်များ ယခုရက်ပိုင်း အဝင် လှိုင်လာကြောင်းသိရပါတယ်။ ယခင် လက အာလူးအဝင်နည်းလို့ ဈေးမြင့်ခဲ့ ရာတစ်ပိဿာ ၄၅၀ ကျပ်၊ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်၊ ၇၅၀ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး၊ ယခုနောက်ပိုင်းမှာတော့ အဝင်လှိုင်လာ တဲ့အတွက် တစ်ပိဿာ ၃၀၀ ကျပ်၊ ၄၀၀ ကျပ်ကနေ ရှယ် (အကြော်စ) ဆို ရင် ၇၀၀ ကျပ်ထိသာ ရှိတော့ကြောင်း ပွဲရုံဈေးကွက်မှသိရပါတယ်။ မန္တလေး ဈေးကွက်သို့ အာလူးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းမှလည်း အဝင်ရှိပေမဲ့ ရှမ်း ပြည်နယ်တောင်ပိုင်းမှဝင်တဲ့ အာလူး အရည်အသွေး (အစေးဓာတ်) မမီတဲ့ အတွက် ရှမ်းပြည်နယ်တောင်ပိုင်း အာလူးက ဈေးပိုလေ့ရှိပါတယ်။ ယခု အဝင်လှိုင်နေတဲ့ အောင်ပန်းအာလူးဟာ မန္တလေးဈေးကွက်ကို တစ်ရက်ပျမ်းမျှ ကား ၄ စီးဝန်းကျင် အဝင်ရှိတယ်လို့ ပွဲရုံဈေးကွက်မှ သိရပါတယ်။
ကျောက်ဆည်မြစ်သား နယ်မှာ ယခုနှစ်ရာသီဥတုအခြေအနေကြောင့် မိုးထောင်ငရုတ်များ အပွင့်ပွင့်သော် လည်း အသီးမတင်တဲ့အတွက် ငရုတ် အထွက်နှုန်းကျဆင်းတယ်လို့ သိရပါ တယ်။ အထွက်နှုန်းကျဆင်းတာနဲ့ အမျှ ဈေးကွက်ကို အဝင်နည်းပြီး ဈေးမြင့် လေ့ရှိရာ ယခုနှစ်ဈေးပိုတာကို တွေ့ရ ပါတယ်။ ယခုနှစ်မှာ အမြင့်ဆုံး လက် ကားဈေး တစ်ပိဿာ ၂၅၀၀ ကျပ်ထိ ဈေးရှိခဲ့သော်လည်း ယခုရက်မှာ အရောင်းပါးတဲ့အတွက် တစ်ပိဿာ ၂၃၀၀ ကျပ်နဲ့ ဈေးနှုန်းပြန်လည်ကျ ဆင်းသွားတယ်လို့ သိရပါတယ်။ ငရုတ် ထွက်ရှိရာ ပင်ရင်းဒေသမှာတော့ အညှာေတင်ဇာဝါခင်
ဗီယက်နမ်ကုမ္ပဏီများစွာသည် သီဟိုဠ်သီးအခွံများနှင့် ကြံကြိတ်တ်ဖတ်များကဲ့သို့သော လယ်ယာ ထွက်ကုန် ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ တိရစ္ဆာန်စာများ ထုတ်လုပ်ကာ ပြည်ပသို့တင်ပို့ခြင်းဖြင့် တစ်နှစ်လျှင် ဝင်ငွေကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေသည်ဟု သိရသည်။ သီဟိုဠ်သီးအခွံမှ ဆီထုတ်၍ ပြည်ပသို့တင်ပို့ရာ ယခင်နှစ်က တန်ချိန် ၆၀၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာသန်း ၅၀ ရရှိခဲ့သည်ဟု Phue Dung Company က ပြောကြားသည်။
ယင်းကုမ္ပဏီသည် Binh Phuoc ပြည်နယ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည်ဟု သိရသည်။ အဆိုပါ ပြည်နယ်တွင် တစ်နှစ်လျှင် သီဟိုဠ်သီးအခွံတန်ချိန် ၁၀၀,၀၀၀ ကို ပြုပြင်၍ ထုတ်လုပ်နိုင်သော ကုမ္ပဏီ ၁၅ ခုဝန်းကျင်ရှိကြောင်း ၊ သီဟိုဠ်သီးအခွံမှထုတ်သော ဆီကိုလက်ရှိဈေးကွက် ဝယ်လိုအား ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း ၊ သီဟိုဠ်သီးမှ ဆီထုတ်လုပ်သည့် လုပ်ငန်းသည် သီဟိုဠ်စေ့ ထုတ်လုပ်သည့် လုပ်ငန်းနှင့်အပြိုင် ဖွံ့ဖြိုးတိုးတက်လာသော လုပ်ငန်းတစ်ရပ်ဖြစ်လာကြောင်း သိရသည်။
ယခုအခါ ဗီယက်နမ်ကုမ္ပဏီများသည် သီဟိုဠ်သီးအခွံအပြင် လိမ္မော်ခွံများ ၊ နာနတ်သီးအခွံများနှင့် နဂါးမောက်သီးအခွံများကိုပါ ပြုပြင်ထုတ်ပိုး၍ တိရစ္ဆာန်စာအဖြစ် တင်ပို့ကာ ဝင်ငွေရရှိလျက်ရှိသည်ဟု ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း (Vinafruit) က ပြောကြားသည်။ ဟိုချီမင်းအခြေစိုက် Kim Nghia ကုမ္ပဏီသည် လစဉ်လတိုင်း ကြံကြိတ်ဖတ်များ ၊ နာနတ်သီးအခွံများ ၊ လိမ္မော်သီးအခွံများနှင့် ပီလောပီနံရွက်များမှ ပြုပြင်ထုတ်လုပ်ထားသော တိရစ္ဆာန်စာများကို ကွန်တိန်နာအလုံး (၃၀) ကျော် (ကွန်တိန်နာ တစ်လုံးလျှင် တန်ချိန် ၂၄-၂၆ ဝန်းကျင်လေးသည်) ဖြင့် တင်ပို့ကာ ဝင်ငွေများစွာရလျက်ရှိ ကြောင်း၊ ဂျပန်နိုင်ငံမှ တိရစ္ဆာန်စာအဖြစ် ဝယ်ယူနေကြောင်း သိရသည်။ သိုသော် ဂျပန်နိုင်ငံသည် စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနှင့် သန့်ရှင်းမှုကို အထူးအလေးထားပြီး တင်းကျပ်သော စည်းမျဉ်းများ သတ်မှတ်ထားသဖြင့် ယင်းကုန်စည်များမတင်ပို့မီ သေချာစွာစစ်ဆေးရကြောင်း ၊ ဂျပန်သည် နို့စားနွားများနှင့် အသားစားနွားများအတွက် အစာကို တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး အကုန်အကျခံကာ တင်သွင်း လျက်ရှိသော်လည်း ဗီယက်နမ်အနေဖြင့် ယင်းပမာဏ၏ ၁% ကိုပင် ပြည့်မီအောင် တင်ပို့နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
တောင်ကိုရီးယားကလည်း ယင်းသို့သော တိရစ္ဆာန်စာများကို ဝယ်လိုအားမြင့်မားကြောင်း ၊ သို့သော် ဗီယက်နမ် အနေဖြင့် ဝယ်လိုအားကို ပြည့်မီအောင် မစွမ်းဆောင်နိုင်သေးကြောင်း Vinafruit မှ ဒုဥက္ကဌက ပြောကြားသည်။
Source: vietnamnet.vn
Date : 9 July 2012
pa pa
ကုမ္ပဏီလုပ်ငန်းရှင်အချို့ဟာ ကုမ္ပဏီလုပ်ထုံးလုပ်နည်းများနားလည်ခြင်းမရှိသေးသည်ကိုတွေ့နေရကြောင်း၊ OSSဌာန များနှင့် လစဉ်အစည်းအဝေးများပြုလုပ်ပြီး လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းကာ ကုန်သွယ်မှုချောမွေ့စေ ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုမ္ပဏီများအနေနဲ့လုပ်ငန်းများဆောင်ရွက်ရာမှ '' ကားသမားအေဂျင့်'' များနဲ့ ဆောင်ရွက်လျက်ရှိနေကြောင်း၊၎င်းင်းအေဂျင့်များဟာ တရားဝင်လိုင်စင်ရရှိထားရန်လိုအပ်မည်ဖြစ်ပြီး ဆောင်ရွက်သည့် ကိစ္စများ မှားယွင်းပါကကုမ္ပဏီတွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများနောင်တွင် ပိုမိုဖွံ့ဖြိုး လာမည်ဖြစ်၍ ကုမ္ပဏီလုပ်ငန်းရှင်များအနေနှင့် လုပ်ထုံးလုပ်နည်းများသိရှိနားလည်
ပင်လယ်ရေကြောင်းမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်မှာ နှမ်းတန်ချိန် နှစ်သောင်းကိုးထောင်ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နှမ်းတန်ချိန် သုံး သောင်းခြောက်ထောင်ကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၅၈ သန်းကျော် တင်ပို့နိုင်ခဲ့ရာ ကာလ တူထက် တန်ချိန်ခြောက်ထောင့်ငါးရာကျော်၊ တန်ဖိုး ၁၃ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့တာ ကို တွေ့ရှိရပါတယ်။ နှမ်းတင်ပို့နိုင်မှု စုစုပေါင်း အပေါ် ဈေးကွက်ဝေစုရရှိမှုအနေနဲ့ ဂျပန်နိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၃၉ ဒသမ ၉၁ ရာခိုင် နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၄၀ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဒုတိယအများဆုံးတင်ပို့ခဲ့တဲ့ တောင်ကို ရီးယားနိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် မှာ ၂၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၃၃ ဒသမ ၄၀ ရာခိုင်နှုန်း၊ စတုတ္ထအများဆုံးတင် ပို့နိုင်ခဲ့တဲ့ မလေးရှားနိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်မှာ ၅ ဒသမ ၇၄ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၀၅ ရာခိုင်နှုန်းကို အသီး သီး တိုးမြှင့်တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ တတိယအများဆုံးတင်ပို့ခဲ့တဲ့ စင်ကာပူနိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၁၃ ဒသမ ၂၇ ရာခိုင် နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၁၃ ဒသမ ၀၅ ရာခိုင်နှုန်း၊ ပဉ္စမအများဆုံးတင်ပို့နိုင်ခဲ့တဲ့ တရုတ် နိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၁၀ ဒသမ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၈၃ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၉၈ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ သုည ဒသမ ၉၈ ရာခိုင်နှုန်းကို အသီးသီးဈေးကွက်ဝေစုလျော့နည်း တင်ပို့ခဲ့တာကို တွေ့ရှိရပါတယ်။ နှမ်း FOB ဈေးနှုန်းအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၄၅၀-၁၅၀၀ နဲ့ အမြင့်ဈေးမှာ တည်ငြိမ်လျက်ရှိ ပါတယ်။ နှမ်းပိုမိုတင်ပို့နိုင်ခဲ့ခြင်းမှာ ယခင်နှစ်က ပြည်တွင်းလိုအပ်ချက်အရ တင်ပို့ခွင့်ပိတ်ပင်ထား ရှိခဲ့တဲ့ နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီတွေကို ပြည်ပကို ပြန်လည်တင်ပို့ ခွင့်ပြုခဲ့ခြင်း၊ ကမ္ဘာ့ဝယ်လိုအား မြင့်တက်ခဲ့ပြီး ပြည်ပဝယ်ဈေး မြင့်တက်ခဲ့ခြင်း တွေကြောင့်ဖြစ်ကြောင်း သိရှိရပါတယ်။
မောင်မောင်လွင်