နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်/ပါမစ်ကြေးအပါအဝင် ငွေစာရင်းခေါင်းစဉ် (၆)မျိုးအား e-payment စနစ်ဖြင့် ပေးဆောင်လျက်ရှိပြီး Online Application ဝန်ဆောင်ခကို ငွေသားဖြင့်ပေးဆောင်စေလျက်ရှိပါသည်။ လိုင်စင်စနစ်လုပ်ငန်းစဉ် ပိုမိုလျင်မြန်လွယ်ကူ စေရေးအတွက် Online Application ဝန်ဆောင်ခအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ e-payment စနစ်ဖြင့် ပေးသွင်းစေရေး ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ၎င်းနေ့ရက်မတိုင်မီ e-payment Account မရှိသေးသည့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသားများဘဏ်တွင် e-payment Account ဖွင့်လှစ်ထားနိုင်ရေးအား အသိပေးကြေညာ ထားကြောင်း သတင်းရရှိသည်။
Date : 27 July 2012
ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုအများဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေး တိုးတက်လာသည့် လက္ခဏာများမြင်တွေ့လာရခြင်း ၊ အီးယူဒေသ ခေါင်း ဆောင် များ အနေဖြင့်လည်း ဒေသတွင်း ကြွေးမြီအကြပ်အတည်းကို ဆက်လက် မပြန့် ပွားအောင် ထိန်းချုပ်နိုင်မည့် အလား အလာ များရှိလာသဖြင့် ယူရိုငွေတန်ဖိုး ပြန်လည် အားကောင်းလာဖွယ်ရှိသည်ဟု ဥရောပဗဟိုဘဏ်က ခန့်မှန်း လိုက်ခြင်း စသည့် ကမ္ဘာ့ စီးပွားရေးအားကောင်းလာသည့်လက္ခဏာများကြောင့် ရေနံစိမ်းဝယ်လို အားလည်း တိုးတက်လာမည် မျှော်မှန်းကာ ဈေးနှုန်းလည်း မြင့်မားလာသည်။
ဇူလိုင်လ (၂၇) ရက်နေ့တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ (၄) ရက် ဆက်တိုက်နေ့ အဖြစ် မြင့်မားလာရာ နယူးယောက်ကုန်စည်ရောင်းဝယ်ရေး (NYMEX) တွင် စက်တင် ဘာလ အရောက်ပို့ရမည့် ရေနံစိမ်း (WTI Oil) သည် တစ်စည်လျှင် ၈၉.၆၉ ယန်း အထိ ရောက်ရှိမြင့်မားခဲ့ပြီး စင်္ကာပူစံတော်ချိန် နေ့ခင်း ၁၂:၅၂ နာရီတွင် ၈၉.၆၃ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရသည်။ စက်တင်ဘာလ ငွေချေရမည့် ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း တစ်စည်လျှင် ၁၀၅.၇၆ ဒေါ်လာဖြင့် လန်ဒန် အခြေစိုက် ICE Futures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရသည်။
Source : Bloomberg.com
pa pa
Date : 27 July 2012
ထိုင်းအစိုးရ၏ ဆန်ဈေးကွက်ဝင်ရောက်စွက်ဖက်မှု အစီအစဉ်ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိုင်း ဆန်ဈေးနှုန်းများစွာ မြင့်မားသွားခဲ့သည်။ ထို့ကြောင့် ထိုင်းဆန်ကို ဝယ်ယူတင်သွင်းနေကျ ပြည်ပနိုင်ငံများမှ ဝယ်လိုအားလျော့ကျသွားပြီး ဈေးသက်သာသော အိန္ဒိယနှင့် ဗီယက်နမ်ဆန်များကိုသာ ပြောင်းလဲဝယ်ယူနေကြ သည်။ ဇူလိုင်လ (၁၀) ရက်နေ့အထိ စာရင်းများအရ ၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ ကာလ အတွင်း ထိုင်းနိုင်ငံသည် ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ၃.၆၀ သန်းသာ တင်ပို့နိုင်ခဲ့သော်လည်း အိန္ဒိယအနေ ဖြင့် ၃.၆၁ သန်း တင်ပို့နိုင်ခဲ့သဖြင့် အိန္ဒိယ၏ဆန်တင်ပို့မှုက ပိုမိုသွားခဲ့သည်ကို သုံးသပ်တွေ့ရှိရကြောင်း ထိုင်း ဆန်တင်ပို့သူများအသင်းက ပြောကြားလိုက်သည်။ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန်စုစုပေါင်း ၁၀.၇ သန်း တင်ပို့နိုင်ခဲ့ပြီး အိန္ဒိယ အနေဖြင့် တန်ချိန် ၄.၁ သန်းနှင့် ဗီယက်နမ်မှ တန်ချိန် ၇.၁ သန်းကိုသာ တင်ပို့နိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်မူ ထိုင်း၏ဆန်တင်ပို့မှုကို တန်ချိန်ပေါင်း ၆.၅ သန်းအထိသာ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထား သော်လည်း အိန္ဒိယအနေဖြင့် တန်ချိန် ၈ သန်းအထိ တင်ပို့နိုင်ဖွယ်ရှိကြောင်း ၊ ဗီယက်နမ်မှလည်း ဆန်တန်ချိန် ၇ သန်းဝန်းကျင် တင်ပို့နိုင်ဖွယ်ရှိကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်းထားသည်။
Source : brecorder.com
pa pa
Date : 26 July 2012
တရုတ်နိုင်ငံမှ ရှားပါး သတ္တုရိုင်းများ (Rare earths) တင်ပို့မှုအပေါ် ခွဲတမ်းသတ်မှတ်ခြင်း ၊ အခွန်ကောက်ခံခြင်းများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပြည်ပသို့ရှားပါး သတ္တုကုန်ကြမ်းများ တင်ပို့မှု လျှော့ချလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည်ဟု အမေရိကန် ၊ အီးယူနှင့် ဂျပန်တို့က WTO သို့ တိုင်တန်း ထားသည်။ သို့ဖြစ်၍ WTO မှ တရားစီရင်ရေး အဖွဲ့အနေဖြင့် စုံစမ်းမှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ရှားပါး သတ္တုရိုင်းများ တင်ပို့မှုကန့်သတ်ရခြင်းမှာ သဘာဝအရင်း အမြစ်များ လျော့နည်းသွားခြင်းမှ ကာကွယ်လို၍ဖြစ်သည်ဟုဆိုသည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် ရှားပါး သတ္တုကုန်ကြမ်းထုတ်လုပ်မှု စုစုပေါင်း၏ ၉၀% ကို ထုတ်လုပ်နေပြီး ၎င်းတို့ကို စစ်တပ်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းများ ၊ ကားကုမ္ပဏီများ ၊ အသစ် ပြန်လည်ဖြစ်ထွန်းလေ့ရှိသော စွမ်းအင်လုပ်ငန်းကဏ္ဍနှင့် အီလက်ထရောနစ်လုပ်ငန်းကဏ္ဍတို့တွင် အဓိကအသုံးပြုနေကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ရှားပါး သတ္တုများကို အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ အများဆုံးဝယ်ယူ တင်သွင်းနေလျက်ရှိသည်။ သို့သော် တရုတ်အနေဖြင့် ရှားပါး သတ္တုရိုင်းများ ထုတ်လုပ်မှုနှင့် တင်ပို့မှုကို ၂၀၁၀ ခုနှစ် ၊ ဇူလိုင်လတွင် ၄၀ ရာခိုင်နှုန်းလျော့ချခဲ့သဖြင့် ယင်းကာလနောက်ပိုင်းတွင် အမေရိကန်နှင့် ဂျပန်တို့အနေဖြင့် ဈေးနှုန်းများ မြင့်မားမှုဒဏ်ကို ရင်ဆိုင်နေရသည့်အပြင် သတ္တုအသုံးပြုမှုပမာဏကိုလည်း လျော့ချ နေရသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်း၏ရှားပါးသတ္တုရိုင်းလုပ်ငန်းကို ပြန်လည်ထိန်းချုပ်ရန် နည်းမျိုးစုံသုံး၍ ဆက်လက်ကြိုးစားသွားမည်ဟု ယုံကြည်ကြောင်း ၊ ဥပမာ တရားမဝင်ရှားပါး သတ္တုရိုင်း တူးဖော်မှုလုပ်ငန်းများကို ချေမှုန်းခြင်း ၊ ရှားပါးသတ္တုထုတ်လုပ်သူများအား တစ်စု တစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းစေပြီး ထုတ်လုပ်သူအရေအတွက် နည်းသွားအောင် ချုံ့လိုက် ခြင်းတို့ကဲ့သို့သော စီမံချက်များ ချမှတ်ဆောင်ရွက်သွားနိုင်ဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
Source : bloomberg.com
pa pa
Date : 26 July 2012
ပါကစ္စတန်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် (ဇူလိုင်လမှ ဇွန်လအထိ) အတွင်း ဆန်တင်ပို့မှုသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း တင်ပို့မှုနှင့်ယှဉ်လျှင် ၁၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ပါကစ္စတန် စာရင်းအင်းဗျူရိုက ထုတ်ပြန်ထားသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန်စုစုပေါင်း ၃.၆၇ သန်းသာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန်စုစုပေါင်း ၃.၂၉ သန်းသာ တင်ပို့နိုင်ခဲ့သည်။ ပြည်ပဝယ်လိုအား ကျဆင်းမှုကြောင့် ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သော သာမန်ဆန်ဖြူ နှစ်မျိုးလုံး တင်ပို့မှုပမာဏ ကျဆင်းသွား၍ စုစုပေါင်းတင်ပို့မှုပမာဏပါ လျော့ကျသွားခြင်းဖြစ်သည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုပမာဏကျဆင်းသော်လည်း ဝင်ငွေမှာမူ ယခင်နှစ်က တင်ပို့မှုထက် ၃.၇% တိုးတက်ခဲ့သည် ဟု သိရသည်။
Source : oryza.com
pa pa