နောက်ဆုံးရ သတင်း
မြန်မာနိုင်ငံအနေဖြင့် ၂၀၀၃ ခုနှစ်မှစ၍ ဆန်စပါးကို အစိုးရမှ တိုက်ရိုက်ဝယ်ယူခြင်းမပြုတော့ဘဲ လွတ်လပ်စွာရောင်းဝယ် ခွင့်ပြုသည့် ဆန်စပါးမူဝါဒသစ်ကို စတင်ကြေညာခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပသို့လွတ်လပ်စွာ ဆန်တင်ပို့ရောင်းချခွင့်ပြုပေးခဲ့ပါသည်။ များသောအားဖြင့် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်များကိုသာ တင်ပို့ခဲ့ကြကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် တန်းမြင့်ဆန်များ ဖြစ်သော ဧည့်မထ စူပါ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း စသော တန်းမြင့်ဆန်များအား ထုတ်လုပ်တင်ပို့လာခဲ့ပါသည်။
ယခုလက်ရှိအချိန်တွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် ၃၃၀-၃၄၀ ဒေါ်လာဈေးနှုန်းသာ ရရှိသော်လည်း ဧည့်မထ စူပါ ၅ ရာခိုင်နှုန်း တစ်တန်လျှင် ၄၀၀-၄၁၀ ဒေါ်လာထိ ဈေးနှုန်းရရှိသဖြင့် တန်းမြင့်ဆန် ထုတ်လုပ်တင်ပို့ခြင်းဖြင့် ဈေးနှုန်းအားဖြင့် ပိုမိုရရှိကြောင်းသိရှိရပါသည်။ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ ဖြစ်သည်နှင့်အညီ မျိုးကောင်းမျိုးသန့် စပါးများ ရွေးချယ် စိုက်ပျိုးပြီး ခေတ်မီအဆင့် အတန်းမြင့်သော ဆန်ကြိတ်ခွဲစက်များ ဝယ်ယူတည်ဆောက်ကာ တန်းမြင့်ဆန်များ ထုတ်လုပ် တင်ပို့နိုင် ရေးကြိုးပမ်းဆောင်ရွက်သင့်သည့် ကာလဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုမှ ဆင်းသွယ်လတ် ၅ ရာခိုင်နှုန်း ဆန် ၁၂၅ တန် အား တစ်တန်လျှင် ၄၆၀ ဒေါ်လာ ဈေးနှုန်းဖြင့် အာဖရိကတိုက် အင်ဂိုလာနိုင်ငံသို့ တင်ပို့ရန် ပို့ကုန်လိုင်စင် လျှောက်ထား လာသဖြင့် ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိပါသည်။ ယခုတင်ပို့မည့် အင်ဂိုလာနိုင်ငံသို့ ယခင်ကတင်ပို့ခဲ့ဖူးခြင်းမရှိဘဲ ဈေးကွက်သစ်ရရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာ့ဆင်းသွယ်လတ် စပါးအား တန်းမြင့်ဆန်အဖြစ် ကြိတ်ခွဲထုတ်လုပ်ပြီး ဈေးကွက်အသစ်သို့ ဈေးကောင်းကောင်းဖြင့် တင်ပို့ရောင်းချတော့ မည်ဖြစ်ကြောင်း သတင်းကောင်းပါး တင်ပြအပ်ပါသည်။
သက်နိုင်ဦး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း မြို့မှာ ၂၀၁၂ ခုနှစ်၊ ဇွန် ၆ ရက်မှ ၁၀ ရက်အထိ ကူမင်း ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် အဖွဲ့ဝင်များဖြစ်ကြတဲ့ နယ် စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူုးချုပ် ဦးခင်မောင်လေး၊ ရှမ်း ပြည်နယ် မူဆယ်ခရိုင် ခရိုင်အုပ်ချုပ် ရေးမှူး ဦးမိုးဟိန်းတို့ တက်ရောက်ခဲ့ တယ်လို့ သတင်းရရှိပါတယ်။
ဒါ့အပြင် သမဝါယမဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ကုန်သည်စက်မှု အသင်းချုပ်မှတာဝန်ရှိသူများနဲ့ အသင်း ဝင် ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း ၃၆ ဦးက အဆိုပါကုန်စည်ပြပွဲမှာ ပါဝင်ဆင် နွှဲခဲ့ကြပါတယ်။ ကူမင်းမြို့ကုန်စည်ပြပွဲမှာ ကုန်သည် စက်မှုအသင်းချုပ်မှ ကုမ္ပဏီ ၂၀ ခုနဲ့ သမဝါယမကုမ္ပဏီရှစ်ခုမှ ကုန်သည် လုပ်ငန်းရှင်များက မြန်မာ့ပို့ကုန်၊ သွင်း ကုန်ပစ္စည်းများဖြစ်တဲ့ လယ်ယာထွက် ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်း များနဲ့ ကျောက်မျက် ရတနာပစ္စည်းများ ကို ပြသခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါကုန်စည်ပြပွဲမှာ မြန်မာ့ပို့ ကုန်ပစ္စည်းများကို မြန်မာ့အမျိုးသား ဆောင်ပြခန်းအပါအဝင် ဌေးသစ္စာ ကုမ္ပဏီ၊ မြန်မာ့ သစ်တောထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်း၊ သမဝါယမအသင်းများ၊ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ သစ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာ မေကောင်း ကုမ္ပဏီတို့မှ စုစုပေါင်း ပြခန်း ၃၀ ပြသခဲ့ကြတယ်လို့ သိရှိရပါတယ်။
အေးအေး
အဖိုးတန်သစ်အမျိုးမျိုး၊ ပန်းမန်အမျိုးမျိုး၊ ဆေးဘက်ဝင် ပရဆေးကုန်ကြမ်းအမျိုးမျိုးးနှင့် သဘာဝပေါက်ပင်များပေါက်ရောက် လျက်ရှိသည့် မြန်မာနိုင်ငံတွင် ကွမ်းသီးပင်များကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကြပြီ ဖြစ်ပါတယ်။ ကွမ်းသီးအား ကွမ်းယာထဲတွင် ထည့်စား၍သော် လည်းကောင်း၊ အဝတ်အထည်ပိတ်စများအား အရောင်ဆိုးရာတွင် အရောင်မပျက်စေရန်အတွက် အရောင်ချုပ်ဆေးအဖြစ်သော်လည်းကောင်းအသုံးပြုလျက်ရှိကြပါတယ်။ မြန်မာနိုင်ငံသည် ပြည်ပပို့ကုန်ဝင်ငွေရရှိရေးအတွက် ပြည်တွင်းမှထုတ်ကုန်အမယ်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကွမ်းသီးအား ကွမ်းသီး(အလုံး) ၊ (အခြမ်း)နှင့် ကွမ်းသီးစိတ်ဟူ၍ ပါကစ္စတန်၊ စင်ကာပူနှင့် ဆောဒီအာရေဗျနိုင်ငံများ သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပို့လျက်ရှိပါတယ်။
ထို့အပြင် ကွမ်းသီးမှထွက်ရှိသည့် ဘေးထွက်ပစ္စည်းဖြစ်သည့် ကွမ်းသီးအခွံသည်လည်း ပို့ကုန်ဝင်ငွေရှာဖွေပေးနေသည့် အမယ်တစ်ခုအဖြစ် ရပ်တည် လျက်ရှိနေပါတယ်။ ကွမ်းသီးအခွံအား ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံ များသို့ တင်ပို့လျက်ရှိရာ ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၄၀၀ ကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၃၅၀ ကျော်နှင့် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၄၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။မြန်မာနိုင်ငံတွင် ကွမ်းသီးကို မြန်မာ့ရိုးရာကွမ်းယာတွင် ထည့်သွင်းစားသုံးခြင်းနှင့် ပြည်ပနိုင်ငံများတွင် အဝတ်အထည်များ အရောင်ဆိုးရာတွင် အရောင်ချုပ်ဆေးအဖြစ်အသုံးပြုသကဲ့သို့ ၎င်းကွမ်းသီး၏ အခွံကိုလည်း ပြည်ပနိုင်ငံ များတွင် စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိရာ အမှိုက်မှ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်သော မြန်မာ့ကွမ်းသီးအခွံအကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
စန္ဒာထွန်း
ရှမ်းပြည်နယ်တောင်ပိုင်း သစ်သီး ဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းရဲ့ ညီနောင်အစုအဖွဲ့ဖြစ်တဲ့ ပန်းမန်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအစုအဖွဲ့ (ကလောဇုန်) ဟဲဟိုး ဒေသမှစီမံပြီး ဈေးကွက်များကို မေ ၁၅ ရက်မှစတင်လို့ ဂန္ဓမာပန်းများ တင်ပို့ ရောင်းချနေပြီ ဖြစ်ပါတယ်။
ယခုမေလလယ်မှ စတင် တင်ပို့တဲ့ ဂန္ဓမာပန်း အမျိုးအစားများကတော့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက စိုက်ပျိုးခဲ့တဲ့ ဆန်းမားဖြူပန်းတို့ဖြစ်ပြီး ဆန်းမားဝါပန်းတို့လည်း အနည်းငယ် ထွက်ရှိတင်ပို့လျက်ရှိပါတယ်။ ဈေးနှုန်း ရရှိမှုအခြေအနေမှာ တစ်ပွင့်ကို ရှယ်စ ၃၅ ကျပ်နဲ့ ရိုးရိုးအပွင့်သေးမှာ ၁၅ ကျပ် နှုန်းတို့ရရှိနေပါတယ်။ စတင်တင်ပို့ချိန် မှ မေလကုန်အထိ နေ့စဉ် ပန်းပွင့် ၅၀၀ ပွင့်ပါ ပုံး ၄၅၀ နဲ့ ပန်းပွင့်ပေါင်း လေး ဆယ့်ငါးသိန်းခန့် ရန်ကုန်၊ ပဲခူး၊ တောင် ငူ၊ ညောင်လေးပင်နဲ့ မော်လမြိုင် စတဲ့ မြို့များကို တင်ပို့ရောင်းချပြီးဖြစ်တယ် လို့ သိရပါတယ်။
ယခုနှစ် ဆန်းမားဖြူပန်းရဲ့ တစ်ပွင့် ဈေးနှုန်းမှာ ယခင်နှစ်ထက် ထက်ဝက် ခန့် ဈေးကျဆင်းတဲ့ အခြေအနေအား တောင်ကြီးမြို့ TPIS ဝန်ထမ်းများမှ ပန်း မန်အစုအဖွဲ့ (ကလောဇုန်) အတွင်းရေး မှူး ဦးမောင်မောင်လွင်နဲ့ တွေ့ဆုံမေး မြန်းခဲ့ရာ ယခုနှစ်မှာ ယခင်နှစ်ကထက် ဈေးနှုန်းရရှိမှုနည်းသော်လည်း ပန်း ပွင့်အထွက်နှုန်းမှာ နှစ်ဆပိုမိုထွက်ရှိလို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနစ် နာဆုံးရှုံးမှုမရှိကြောင်း၊ အားသာချက် အနေဖြင့် တင်ပို့ရောင်းချရာ ဈေးကွက် များမှာ နေ့စဉ်တင်ပို့ပေးသမျှ ကုန် အောင် ရောင်းချနိုင်တာကြောင့် တင်ပို့ ရောင်းချရာ အဆင်ပြေလျက်ရှိကြောင်း၊ ယခင်နှစ်ကသယ်ယူသော Light Truck များအစား မန္တလေးမြို့ အောင် Kenbo ကုမ္ပဏီမှတင်သွင်းသော ၁၇ ပေအရှည် တရုတ် ၆ ဘီး Fotom မော်တော်ယာဉ်များဖြင့်တင်ပို့ရောင်းချလျက် ရှိကြောင်းသိရပါတယ်။
အောင်ကျော်
မြန်မာ့ဗိသုကာလက်ရာများပြပွဲကို မန္တလေးမြို့၊ မြို့တော်ခန်းမ-၁ မှာ စက်တင် ဘာလအတွင်း ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့ဗိသုကာလက်ရာ ဒီဇိုင်းများပြပွဲကို ဗိသုကာပညာရှင်များကိုယ်တိုင် ရေးဆွဲထားတဲ့ ဒီဇိုင်းများဖြင့်ပြသမှာ ဖြစ်ပြီး၊ ကျောင်းသားအချို့ လက်ရာများလည်း ပြသခွင့်ရမှာဖြစ်ကြောင်းသိရပါတယ်။ မြန်မာဗိသုကာပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက "မန္တလေးမှာ ပထမဆုံးအကြိမ် ပြခန်းဖွင့်လှစ် ပြသမယ်။ ပြခန်းမှာ ကိုယ်ဆွဲခဲ့တဲ့ဒီဇိုင်းကို ထုတ်ဖော်ပြသခွင့်ရမယ်။ ပညာရှင်တွေနဲ့ ကျောင်း သားတွေကိုပဲ ပြသခွင့် ပေးမယ်။ Construction နာမည်ခံပြီး ဗိသုကာဆွဲပေးတဲ့ ဒီဇိုင်းကိုပြသခွင့်မပေးဘူး။ ဗိသုကာကိုယ်တိုင်ပြသလို့ရမယ်" လို့ပြောပါတယ်။
မြန်မာဗိသုကာဒီဇိုင်းပြခန်းပြုလုပ်ခြင်းဖြင့် ဗိသုကာလက်ရာများကို ပိုပြီး သိမြင်စေရန်နဲ့ ဒီဇိုင်းပုံစံများကို ဗိသုကာပညာရှင်နဲ့တွဲကာ သိနိုင်စေရန် ကျင်းပမှာ ဖြစ်ကြောင်းသိရပါတယ်။
ဇူးဇူး