နောက်ဆုံးရ သတင်း
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတ့ိုနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးလှခိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်း၊ နိုင်ငံတော်အရန်ဆန် ထားရှိရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဦး၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဝင်း၊ လယ်ယာထွက်ကုန် အထွေထွေမန်နေဂျာ ဦးမြင့်စိုးနှင့် တိုင်းဒေသကြီးမန်နေဂျာ ဦးစိုးအောင်တို့ လိုက်ပါလျက် မေ ၁၄ ရက်က နိုင်ငံတော်အရန်ဆန်ထားရှိရေးကော်မတီမှ တိုက်ရိုက် အဝယ်စခန်းများ ဖွင့်လှစ်ပြီး နွေစပါးများဝယ်ယူနေတဲ့ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒေသကျေးရွာ အောင်ဆန်စက်အဝယ် စခန်း၊ မအူပင်မြို့နယ် တန်တစ်ရာ ဆန်စက်အဝယ်စခန်းနဲ့ မအူပင်စပါးကုန်စည်ဒိုင်အဝယ်စခန်းများသို့ရောက်ရှိပြီး တောင်သူများထံမှ တိုက်ရိုက် အရန်ဆန်နွေစပါးဝယ်ယူနေမှုများကို ကြည့်ရှု အားပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့်အဖွဲ့ဟာ ဒေသခံတောင်သူလယ်သမားများ၊နွေစပါးလာရောက်ရောင်းချသူ တောင်သူလယ် သမားများနဲ့တွေ့ဆုံပြီး နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ နိုင်ငံတော်အရန်ဆန်ထားရှိရေးကော်မတီက အရန်ဆန်နွေစပါးများ တိုက်ရိုက်ဝယ်ယူပေးနေမှုအခြေ အနေများကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြပါတယ်။
ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာ အောင်ဆန်စက်အဝယ်စခန်းမှာ နွေစပါးလာရောက်ရောင်းချတဲ့ ဖိုးခုံစုကျေးရွာမှ တာင်သူဦးသောင်းကြိုင်က ''အခုလို တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့က ကျွန်တော်တို့ တောင်သူတွေကို လေးလေးစားစားနဲ့ လာရောက်ပြီး အခက်အခဲတွေဖြေရှင်းပေးလို့ လွန်စွာမှ ဝမ်းမြောက်မိသလို ကျေးဇူးလဲတင်ရှိပါတယ်၊ ကျွန်တော်နွေစပါး တင်း ၅၀၀ လာရောင်းတာပါ။ မျိုးကောင်းမျိုးသန့်စပါးတော့ ရွေးစိုက်ခဲ့ပါတယ်။ အစိုဓာတ်နဲ့ ဖုန်၊ သဲ၊ ခဲ၊ မြက်သီးတွေ အနည်းငယ်ပါလို့ ဖြတ်တောက်ဝယ်ယူပေမယ့်လည်း ယခင်စပါးတင်း ၁၀၀ ကို နှစ်သိန်းခြောက်သောင်း ကျပ်၊ နှစ်သိန်း ခုနစ်သောင်းကျပ်နဲ့ ရောင်းရတာနဲ့စာရင် နှစ်သောင်းလေးထောင်ကျပ်လောက် ပိုရပါတယ်။ ရောင်းရတာလဲ အဆင်ပြေပါတယ်'' လို့ ပြောကြားခဲ့ရပါတယ်။ ငှက်ပျောကျွန်းကျေးရွာမှ နွေစပါးလာ ရောက်ရောင်း ချသူ ဦးအေးထွန်းကလည်း ''နွေစပါးသီးထပ်ရင် တင်း ၃၃၀ လာရောင်းတာပါ။ စပါးဈေးကလဲကျ၊ ဝယ်မယ့်သူကလည်း နည်း၊ ဝယ်ပြန်တော့လဲငွေလက်ငင်းမပေး၊ ကြွေးချတော့ အခက်အခဲတွေရှိခဲ့ပါတယ်။ အခုလိုလာရောင်းတော့ အစိုဓာတ်နဲ့ ဖုံ၊ သဲ၊ ခဲ၊ အဖျင်းမှော်နဲနဲပါလို့ စပါတစ်တင်းကို တစ်ပေါင်ခွဲ၊ ပေါင်ပိုဖြတ် တောက်ဝယ်ပါတယ်။ ငွေလည်း လက်ငင်းရ ပါတယ်။ ဈေးနှုန်းလည်းပိုရတော့ စိတ်ချမ်းသာရပါတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ အပေါ် နိုင်ငံတော်သမ္မတကြီးရဲ့ စေတနာ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အစီအမံများနဲ့ နိုင်ငံတော် အရန်ဆန် နွေစပါးဝယ်ယူပေးနေလို့ အခက်အခဲတွေ ပြေလည်သွားတဲ့အတွက် ဝမ်းသာပါတယ်၊ ကျေးဇူးတင်ရှိပါတယ်'' လို့ ပြောကြားခဲ့တာကိုလည်း ကြားသိခဲ့ရပါတယ်။နိုင်ငံတော်အရန်ဆန်ထားရှိရေးကော်မတီက မအူပင်ခရိုင်လေးမြို့နယ်မှာ တိုက်ရိုက်အဝယ်စခန်း ရှစ်ခုကို မေ ၁၁ ရက်မှာ စတင်ဖွင့်လှစ်ပြီး နွေစပါးရောင်းဝယ်မှု ခက်ခဲနေတဲ့ တောင်သူများ ထံမှဝယ်ယူခဲ့ရာ မေ ၁၇ ရက်အထိ အရန်ဆန်နွေစပါး ၈၉၅၅၈ တင်း ဝယ်ယူရရှိပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ၁၅ မြို့နယ်မှလည်း နိုင်ငံတော်အရန်ဆန်နွေစပါးများ ဆက်လက် ဝယ်ယူဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါတယ်။
တိုးလွင်
ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တို့ တွင် ခရီးသည်တင် ဘတ်စ်ကားများ နည်းပါးမှု၊ ညံ့ဖျင်းမှုနှင့် နေ့စဉ်ကြုံတွေ့ နေရသဖြင့် လူစီးဘတ်စ်ကားများကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ် သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
" ရန်ကုန်မှာရော မန္တလေးမှာပါ ဘတ်စ်ကားတွေ အတော်လေးညံ့နေ တယ်။ ဘတ်စ်ကားနဲ့ပတ်သက်ပြီးတော့ "ပ" အက္ခရာအထိ ယာဉ်အိုယာဉ်ဟောင်း များကို အပ်နှံပြီးတဲ့အခါမှာ ခရီးသည် တင် မော်တော်ယာဉ်များကို ၁၉၉၆ မော်ဒယ်လ်မှ ၂၀၀၆မော်ဒယ်လ်အထိ အစားထိုး လဲလှယ်တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။ အခက်အခဲရှိရင် ကြီးကြပ် မှုကော်မတီကို တင်ပြပါ။ ကူညီပေးဖို့အသင့်ပါ။ မော်တော်ကားအသစ်တွေ ရောက်စေချင်ပါတယ်။ ပုံမှန်သွင်းကုန် လိုင်စင်နဲ့လျှောက်ထားလာပါက စီးရေ ကန့်သတ်ချက်မရှိဘဲ ၂၀ယောက်စီးနဲ့ အထက် ၂၀၀၇ခုနှစ်မော်ဒယ်နဲ့အထက် ခွင့်ပြုပေးမှာဖြစ်ပါတယ်" ဟု ပြောကြား ခဲ့သည်။ထို့ပြင်မြို့တော်အငှားယာဉ်လုပ်ငန်းများအတွက် အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အငှားယာဉ် တက္ကစီများ တင်သွင်းလိုပါက ခွင့် ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။
" ရန်ကုန်မြို့တော်အပါအဝင် မြို့ တော်ကြီးများမှာ မြို့တော်အငှားယာဉ် (စီးတီးတက္ကစီ)ဝန်ဆောင်မှုလုပ်ငန်းများ အနေနဲ့လည်း အငှားယာဉ်တက္ကစီများ တင်သွင်းလိုပါက၂၀၀၇ခုနှစ်နှင့်အထက် မော်ဒယ်များကို သက်ဆိုင်ရာတိုင်းဒေ သကြီး ပြည်နယ်အစိုးရရဲ့တွက်ချက် စိစစ်ထောက်ခံတဲ့အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲဒီ ထောက်ခံချက်ဆိုတာကလည်းမြို့တော်ရဲ့လမ်းများအခြေအနေ၊လူဦးရေအခြေ အနေနဲ့တွက်ချက်ပေးရမှာဖြစ်တဲ့ အတွက် ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
မယ်သီတာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှာ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစီအစဉ်အရ မဟာမဲခေါင်ဒေသ တွင်း စီးပွားရေးစြင်္ကံများအကြား ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး (Seminar on Trade Facilitation of GMS Economic Corridors) ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ အာဆီယံဒေသ တွင်းနိုင်ငံများ၊ GMS နိုင်ငံများနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး ဆောင်ရွက်မှုအခြေအနေ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ရင်ဆိုင်ရတဲ့ အခက်အခဲများ၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများနဲ့ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့ရေး ဆောင်ရွက်မှုများ၊ အောင်မြင်မှုအခြေအနေတွေနဲ့ အခွန်ကောက်ခံမှု အခြေအနေ တွေကိုသိရှိစေဖို့ ကျင်းပခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါဆွေးနွေးပွဲကို လာအိုနိုင်ငံကိုယ်စားလှယ် ရှစ်ဦး၊ ဗီယက်နမ် ကိုယ် စားလှယ် နှစ်ဦးနဲ့ မြန်မာနိုင်ငံမှ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ခုနစ်ဦး၊ စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့ကြ ပါတယ်။ ဆွေးနွေးပွဲကာလအတွင်း လေ့လာရေးခရီးစဉ်အနေနဲ့ တရုတ်နိုင်ငံ Jiangxi ပြည်နယ်သို့ပါ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူများ စီးပွားရေးလုပ် ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုန် သွယ်မှုနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များ တိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်ထိုးဖောက်ဝင်ရောက်ရန်နဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ Yunnan ပြည်နယ်အပြင် အခြားပြည် နယ်ဒေသများထိရောက်အောင် ဈေးကွက်ဝင်ရောက်ထိုးဖောက်ဖို့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာနိုင်စေမှာ ဖြစ်ပါတယ်။
နကသ (ကမရ)
ပြည်ပသို့တင်ပို့သော ဧည့်မထဆန်ဖြူထက် တစ်တန်ကို ကန် ဒေါ်လာ ၁၀၀ ခန့် ပိုမိုရရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူကြိုက် များပြီး စားသုံးမှု ၇၀ ရာခိုင်နှုန်းရှိသော ပေါင်းဆန်ကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင် ရန်အတွက် ဈေးကွက် ဝယ်လိုအားရှိသောပေါင်းဆန်စက်ရုံများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ဆောက် လျက်ရှိရာ ဘိုကလေးမြို့၊ အောင်ရတနာ သန်းဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက် တစ်လုံး၊ ဒေးဒရဲမြို့ အောင်တံခွန် ဆန်စက်တွင် တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး၊ အိမ်မဲမြို့ သိန်းတစ်ရာ ဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး စမ်းသပ်ကြိတ် ခွဲလျက်ရှိပြီး၊ ပုသိမ်မြို့ ဝဲဒေါင့်ရပ်ကွက်တွင်လည်း ခေတ်မီပေါင်းဆန် စက်တစ်လုံးအား တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မင်းမင်းဦး
၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ MFTB နှင့် MICB ဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ် ထားသူ နိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက် မော်ဒယ်လ်ကားများ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ အကောင်အထည် ဖော်မှုအနေဖြင့် ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန မှ မော်တော်ကားများ တင်သွင်းရာတွင် ဆောင်ရွက်ရမည့်လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များ အား ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါထုတ်ပြန် ချက်များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည် တော်)နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးတို့ရှိ ကြော်ငြာသင်ပုန်းများတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။ မော်တော်ကားတင်သွင်းခွင့် လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များ