နောက်ဆုံးရ သတင်း

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း  အမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် COVID-19 ရောဂါဖြစ်ပွားမှုကာကွယ်ရန် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်ခဲ့သော ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ၁၈-၃-၂၀၂၁ (ကြာသပတေး‌နေ့)၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြေညီထပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းမှ သင်တန်း ဆင်းပွဲအမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ဆုရရှိခဲ့ကြသော သင်တန်းသားများအား ဆုချီးမြှင့် ပေးအပ်ခဲ့ပါသည်။ထို့နောက် ဒုတိယညွန်ကြားရေးမှူးချုပ်၊ ဦးကိုကိုလေးမှ သင်တန်းဆင်းအောင် လက်မှတ်များအား သင်တန်းသား ကိုယ်စားလှယ်တစ်ဉီးထံသို့ ပေးအပ်ခဲ့ပါသည်။ သင်တန်းတွင် ပထမဆုအား‌‌ ဒေါ်ခိုင်ဖူးဝေ၊ ဒုတိယဦးစီးမှူး၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ လည်းကောင်း၊ ဒုတိယဆုအား ဒေါ်ဟန်နီထွန်း၊ နေ့စား၊ ကုန်သွယ်မှုမူဝါဒဌာနခွဲမှလည်းကောင်း၊ တတိယဆုအား ဒေါ်သူဇာမိုး၊ နေ့စား၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံ‌ရေးဌာနခွဲမှလည်းကောင်း အသီးသီးရရှိခဲ့ပါသည်။

သင်တန်းဆင်းပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေး မှူးချုပ်၊ ဌာနခွဲများမှ ညွန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

သတင်းထုတ်ပြန်ချက် (၁/၂၀၂၁)

၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်

၁။     Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေ သက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် COVID-19 Fund မှ ချေးငွေ ထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ အစောဆုံး ထုတ်ပေးခဲ့သည့် ချေးငွေများမှာ မကြာမီကာလအတွင်း တစ်နှစ် ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့်ကာလ စေ့ရောက်တော့မည် ဖြစ်ပါသည်။

၂။     ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ် ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလ စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၃။     သို့ပါ၍ COVID-19 Fund မှ ချေးငွေ ရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း တစ်နှစ် စေ့ရောက်သည့်နေ့မှစ၍  နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ရန်ကုန်၊ မတ်လ ၁၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွဲ့စည်းထားသည့် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း(One Stop Service-OSS)က တာဝန်ခံအရာရှိများကို မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများ ပြေပြစ်သွက်လက်၍ ရိုးရှင်းလွယ်ကူစေရေး ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲ အတားအဆီးများ စိစစ်လျှော့ချကာ အွန်လိုင်းဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး၊ ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး (Investment Facilitation) ကို အခြေပြု၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး (Investment Promotion) ကို ဦးတည်ဆောင်ရွက်ရေးနှင့် One Stop Service (OSS) ၏ အခန်းကဏ္ဍကို မြှင့်တင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးကြရန် အလေးထား မှာကြားခဲ့ပါသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးခိုင်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့မှ တာဝန်ခံအရာရှိများက မိမိတို့ ကြုံတွေ့ရသည့် အခက်အခဲများကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (One Stop Service-OSS) ၌ လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ One Stop Service (OSS) တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် အရာထမ်းငယ်အခြေခံသင်တန်းဆင်းပွဲများကျင်းပခြင်း

          ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၈)ကို ဇီးပင်ကြီးမှာ (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း၊  ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၁၈)ကို ဖောင်ကြီးမှာ (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း Virtual Online စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

          ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)ရဲ့ Online စနစ်ဖြင့် ဖွင့်လှစ်တဲ့ သင်တန်းတွေမှာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းငယ်အခြေခံသင်တန်းသားများ တက်ရောက်ခဲ့ပါသည်။(အထက်မြန်မာပြည်) သင်တန်း အမှတ်စဉ်(၈၈) တန်းခွဲ (က)တွင် သင်တန်းသား (၆၀)ဦး၊ တန်းခွဲ (ခ)တွင် သင်တန်းသား (၆၀)ဦးနှင့် စုစုပေါင်း (၁၂၀)ဦး၊ (အောက်မြန်မာပြည်) သင်တန်း အမှတ်စဉ်(၁၁၈) တန်းခွဲ (က)တွင် သင်တန်းသား (၅၉)ဦး၊ တန်းခွဲ (ခ)တွင် သင်တန်းသား (၆၀)ဦးနှင့် စုစုပေါင်း (၁၁၉)ဦး တက်ရောက်ခဲ့ပါသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေနှင့် (အထက်မြန်မာပြည်)သင်တန်း အမှတ်စဉ်(၈၈)တွင်၊WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသော အဖွဲ့ အစည်း များဌာနခွဲမှ ဒု-ဦးစီးမှူး (၁)ဦး၊ (အောက်မြန်မာပြည်)သင်တန်းအမှတ်စဉ်(၁၁၈)တွင်၊ ပို့ကုန်သွင်း ကုန်လုပ်ငန်းဌာနခွဲမှ ဒု-ဦးစီးမှူး (၁)ဦး၊ ဌာနတွင်းလုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနခွဲမှ ဒု-ဦးစီးမှူး (၁)ဦး၊ စုစုပေါင်း (၃)ဦး တို့မှ မော်တော်ယာဉ်ဌာနဘေးရှိ Multimedia Classroom တွင် တက် ရောက်ခဲ့ပါသည်။

          သင်တန်းတွင် ဘာသာရပ်များအား သက်ဆိုင်ရာတက္ကသိုလ်များရှိ နည်းပြများမှ Online Learning System ဖြင့် သင်ကြားပို့ချခဲ့ပါသည်။သင်တန်းသားများအနေနှင့် ဘာသာရပ်တာဝန်ခံ နည်းပြများ Online စနစ်နဲ့ သင်ကြားပို့ချပြီးချိန်တွင် Quiz and Discussion (QD) မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများကို Online စနစ်ဖြင့် ဆောင်ရွက်ခဲ့ရပြီး စာမေးပွဲများ ဖြေကြားခြင်းကိုလည်း Online စနစ်ဖြင့် ဖြေကြားခဲ့ရပါသည်။

           ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၈) (Online)ရဲ့ သင်တန်းဆင်းပွဲကို (၁-၃-၂၀၂၁) ရက်နေ့ (၁၅း၀၀)နာရီအချိန်မှာလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၈) (Online)ရဲ့ သင်တန်းဆင်းပွဲကို (၁-၃-၂၀၂၁) ရက်နေ့ (၁၆း၀၀)နာရီအချိန်မှာလည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။

                                                                                      ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

Pages

Subscribe to နောက်ဆုံးရ သတင်း