နောက်ဆုံးရ သတင်း
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ၂-၈-၂၀၂၁ ရက်မှ ၈-၈-၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန် အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေး ဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ အွန်လိုင်း စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်းပုံမှန် အတိုင်းခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။
၁-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၅၈၂၂) ခု၊ Test Kit (၁၅၀၀၀) ခု တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ် (၅) စီးဖြင့် (၉၅) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၇) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၃၀၆) ခု၊ နှာခေါင်းစီး (Mask) (၄၀) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၃) ခု မှ ယာဉ်စီးရေ (၃၆) စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၁-၈-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ(၇၈၅)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၈၂၂) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၇၅) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၇၅၄၅၂)ခု၊ Test Kit (၃၃၇၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၄၅) တန် ၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါ သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန် နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
၃၁-၇-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၄၇၇၈)ခု၊Test Kit (၁၅၉၀၀) ခုတို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ် (၂) စီးဖြင့် (၄၀) တန်၊ အောက်စီဂျင် အရည် (အိုးဖြင့်) (၁၁) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၉၈၇၂)ခု၊ နှာခေါင်းစီး (Mask) (၁၄၁) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၃၆)ခုမှ ယာဉ်စီးရေ (၅၇) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၃၁-၇-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser)ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇)တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၆၉၁၄၆)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာကုန်သွယ်ရေးစခန်း များမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူအလုပ်ပိတ်ရက်ရှည်ဖြစ်သည့် (၂၆-၇-၂၀၂၁) ရက်နေ့မှ (၁-၈-၂၀၂၁) ရက်နေ့အထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန် သွင်းကုန် လိုင်စင် လာရောက် လျှောက်ထားမှုများကို ပုံမှန် အွန်လိုင်းစနစ်ဖြင့်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
၃၀-၇-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၄၈၉၆)ခု၊ Test Kit (၉၀၀) ခုတို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ကျိုင်းတုံ၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ် (၁) စီးဖြင့် (၁၈) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၂၁) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၅၃၉၉)ခု၊ နှာခေါင်းစီး (Mask) (၉၄) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၉)ခုမှ ယာဉ်စီးရေ (၅၅) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၃၀-၇-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ(၆၉၂)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၆၈၈) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၅၆)တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၅၉၂၇၄)ခု၊ Test Kit (၃၀၆၉၇၈) ခု၊ နှာခေါင်းစီး (Mask) (၉၆၃) တန် ၊ Oxygen Plant (၆) ခု၊ Oxygen Generator (၁၁) ခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း ဆောင်ရွက် လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိ သူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။
နေပြည်တော်၊ ဇွန်လ ၂၈ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက် (တနင်္လာနေ့)၊ နေ့လည် (၁၃:၀၀) နှင့် (၁၅:၀၀) နာရီအချိန်တို့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့်လုပ်ငန်းသုံးယာဉ်အုပ်စုတွင် ပါဝင်ပြီးအထူးတည်ဆောက်ထားသည့် Special Purpose Vehicle ယာဉ်များတင်သွင်းမှုနှင့်သက်ဆိုင်သော မူဝါဒလုပ်ထုံး လုပ်နည်းများညှိနှိုင်းအစည်းအဝေးနှင့် Virtual ဖြင့်ကျင်းပပြုလုပ်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့်ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်းအစည်းအဝေးများသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှမော်တော်ယာဉ်များတင်သွင်းသည့် မူဝါဒများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်များရရှိရေးဦးတည်ပြီး မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်သွင်းရာတွင် နယ်စပ်စခန်းများမှ Brand New လုပ်ငန်းသုံးမော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုရန်နှင့် ပို့ကုန်/သွင်းကုန်ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းများကို ကန့်သတ်၍ အရောင်းစင်တာ၊ အရောင်းပြခန်း ဖွင့်လှစ်ထားရှိသော ကုမ္ပဏီများမှတင်သွင်းရောင်းချခွင့်ပြုရန် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်မျာ:သို့ အသိပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းသုံးယာဉ်အုပ်စုတွင်ပါဝင်ပြီး အထူးတည်ဆောက်ထားသည့် Special Purpose Vehicle များဖြစ်သည့် အမှိုက်သိမ်းယာဉ်၊ ရေပုတ်စုပ်ယာဉ်၊ လူနာတင်ယာဉ်၊ ရေသယ်ယာဉ်၊ ဆီသယ်ယာဉ်၊ LPG/ LNG တင်ယာဉ်နှင့် Truck with Crane ကဲ့သို့ ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ လက်ရှိကျင့်သုံးနေသော မူဝါဒများ ပြန်လည်လေ့လာသုံးသပ်ရန်အတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အစည်းအဝေးအား (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့်ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှတာဝန်ရှိပုဂ္ဂိုလ်များ၊ တက်ရောက်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့်နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့်ကုန်သွယ်မှုကိစ္စရပ်များဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်မှုအခြေအနေများ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို တက်ရောက်လာကြသူများမှ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံပဲနှမ်းကုန်သည်အသင်းမှတာဝန်ရှိသူများ၊ မြဝတီ၊ မြိတ်၊ ကော့သောင်း၊ တမူး၊ ရိဒ်ဒေသတို့မှ နယ်စပ်ဒေသကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအရာရှိကြီး များ၊ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဇွန် ၂၄ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၄) ရက်၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစည်း အဝေးခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲမှာ Covid-19 ကပ်ရောဂါကြောင့် ဆုံးရှုံးနစ်နာနေသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပုဂ္ဂလိက ကဏ္ဍမှ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ဆောလျင်စွာ ကူညီဖြေရှင်းပေးရန် ဆန္ဒရှိပါကြောင်း၊ ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပုဂ္ဂလိက ကဏ္ဍ၏ အခက်အခဲ များကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ဆွေးနွေးပွဲတွင်လည်း အဆွေတော်တို့ ကြုံတွေ့နေရသည့်အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားစေရေး၊ လက်ရှိကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများအား ပူးပေါင်းညှိနှိုင်းဖြေရှင်းပေးရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးတင်ပြခဲ့သည့် အခက်အခဲများကို ပြည်ထောင်စုဝန်ကြီးမှ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး အချို့အခက်အခဲများကို အဆင့်လိုက် ဆွေးနွေးဖြေရှင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ယခုလိုတွေ့ဆုံ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဆောင်ရွက်သွားလိုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးမိုးမြင့်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့်အဖွဲ့ဝင်များ၊ နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။