နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid-19 ရောဂါကာကွယ် ကုသ ထိန်းချုပ်ရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုလုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ဖြေလျော့မှုများအားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆက်စပ်ဌာနများ နှင့် ညှိနှိုင်းထားသည့် SOP နှင့်အညီဆောင်ရွက်ပေးလျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား တင်သွင်းမှုကို အများပြည်သူရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်းထားခြင်းမရှိပဲ ပုံမှန်အတိုင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၁၁-၈-၂၀၂၁ ရက်နေ့ တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၅၃၂)ခု၊ Test Kit (၇၂၂၆) ခု၊ နှင့် နှာခေါင်းစီး (Mask) (၁၁) တန် ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ Oxygen Concentrator (၁၅)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ တာချီလိတ်၊ ထီးခီးကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင် အရည် (Bowser)ယာဉ်(၂)စီးဖြင့်(၃၅)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၇)တန်၊ အောက်စီဂျင်(အိုးခွံ) (၆၆၉၈)ခု၊ Oxygen Plant (၁)ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံးအောက်စီဂျင်စက်(Oxygen Concentrator)(၂၈၈၈) ခု၊ Test Kit (၇၂၂၆) ခု၊ PPE (၁၅၉၆၀)စုံ၊ လက်အိတ်(၈)တန်နှင့် နှာခေါင်းစီး (Mask) (၄၉) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများ အား ကုမ္ပဏီ(၂၄)ခုမှ ယာဉ်စီးရေ (၄၃)စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ပါသည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၆၄၂)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၈၉)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၁၅၆)တန်၊ အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့် (၆၅)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၇၇၈၀၄) ခု၊ Oxygen Plant (၁၆)ခု၊ အောက်ဆီဂျင်(Generator)(၁၀)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၁၆၅၈)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၃၄၁၈၅၂)စုံ၊ လက်အိတ် (၅၈)တန်နှင့် နှာခေါင်းစီး (Mask) (၈၄၉) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါ သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါ သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်လ(၁၁)ရက်နေ့ထိ ပြည်ပမှ တင်သွင်းလာသည့် အောက်စီဂျင် အရည် (Bowser) ယာဉ် စုစုပေါင်း (၆၃) စီးမှာ ရန်ကုန်မြို့သို့ (၄၆) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၃)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါသည်။Oxygen Plant စုစုပေါင်း (၂၄) ခုမှာ ရန်ကုန်မြို့သို့ (၄ ) ခု၊ လားရှိုး (၄) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ ပခုက္ကူ (၂) ခု ၊ မန္တလေးမြို့၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ဘားအံ၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့၊ မော်လမြိုင်မြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။
လတ်တလောတွင် နိုင်ငံတစ်ဝှမ်းလုံးတွင် Covid-19 ရောဂါတတိယလှိုင်း ကူးစက်ဖြစ်ပွားမှု များ ဖြစ်ပေါ်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအရေးပေါ် လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများကို အပြည်ပြည်ဆိုင် ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိပဲ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ထိထိ ရောက်ရောက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန် နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်းမှုကို အများပြည်သူရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်း ထားခြင်းမရှိပဲ ပုံမှန်အတိုင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၁၀-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၆၃၄၃)ခု ၊ အောက်စီဂျင်(အိုးခွံ) (၃၀) ခု၊ Test Kit (၁၄၀၀) ခု၊ PPE (၁၀၀၀) စုံနှင့် နှာခေါင်းစီး (Mask) (၁၄) တန် ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ အောက်စီဂျင်အရည်(အိုးဖြင့်) (၉)တန် အပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ၊ မြဝတီ ၊ တာချီလိတ် ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ် (၂) စီးဖြင့် (၃၈)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၄၁)တန်၊ အောက်စီဂျင်(အိုးခွံ) (၈၈၉၄)ခု၊ Oxygen Plant (၈)ခု၊ အိမ်သုံးအောက်စီဂျင် စက်(Oxygen Concentrator) (၇၄၉၅) ခု၊ Test Kit (၁၄၀၀) ခု၊ PPE (၂၀၆၀၀)စုံ ၊ လက်အိတ် (၁၀)တန် နှင့် နှာခေါင်းစီး (Mask) (၇၅) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၃၉)ခုမှ ယာဉ်စီးရေ (၆၁)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ (၅၉၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၅၅) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၁၄၉)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၅)တန်၊အောက်ဆီဂျင် (အိုးခွံ) (၇၁၁၀၆) ခု၊ Oxygen Plant (၁၅) ခု၊အောက်ဆီဂျင်(Generator) (၉)ခု၊အိမ်သုံး အောက်စီ ဂျင်စက်(Oxygen Concentrator) (၅၈၇၇၀)ခု၊ Test Kit (၁၄၃၀၄၂)ခု၊ PPE (၃၂၅၈၉၂)စုံ၊ လက်အိတ် (၅၀) တန်နှင့် နှာခေါင်းစီး (Mask) (၈၀၁) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါ သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်လ(၁၀)ရက်နေ့ထိ ပြည်ပမှ တင်သွင်းလာသည့် အောက်စီဂျင် အရည် (Bowser) ယာဉ် စုစုပေါင်း (၆၁ ) စီး မှာ ရန်ကုန်မြို့သို့ (၄၅ ) စီး ၊ မန္တလေးမြို့သို့ ( ၁၁ ) စီး ၊ ပဲခူးမြို့ သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၂)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါ သည်။ Oxygen Plant စုစုပေါင်း (၂၃ ) ခု မှာ ရန်ကုန်မြို့သို့ (၄ ) ခု ၊ လားရှိုး (၄) ခု ၊ ပဲခူးမြို့ သို့ (၃) ခု ၊ ပခုက္ကူ (၂) ခု ၊ မန္တလေးမြို့၊ တောင်ကြီး ၊ သံဖြူဇရပ် ၊ မကွေး ၊ ဘားအံ ၊ ထားဝယ်၊ ဝါးခယ်မ ၊ မြစ်သား ၊ ကျောက်ပန်းတောင်း မြို့များ သို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါ သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာ ကွယ်ကုသရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေး စခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါ ကြောင်း သိရှိရပါသည်။
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း ၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ၉-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၄၂၄၂) ခု နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Oxygen Concentrator (၁၉၉) ခု အပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ၊ ချင်းရွှေဟော်၊ မြဝတီ ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ်(၃)စီးဖြင့်(၅၉)တန်၊ အောက်စီဂျင် အရည်(အိုးဖြင့်) (၂၀)တန်၊ အောက်စီဂျင် ဓာတ်ငွေ့ (အိုးဖြင့်)(၂)တန်၊ အောက်စီဂျင်(အိုးခွံ) (၅၄၂၂)ခု၊ Oxygen Plant (၁)ခု၊ အိမ်သုံးအောက်စီဂျင် စက်(Oxygen Concentrator) (၅၃၄၁) ခု၊ PPE (၂၄၃၆၀)စုံ နှင့် နှာခေါင်းစီး (Mask) (၈၉) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၂၉)ခုမှ ယာဉ်စီးရေ (၅၇) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၅၃၈)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၁၆) တန်၊အောက်စီဂျင်အရည်(အိုးဖြင့်)(၁၀၉)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၅)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၆၂၂၁၂) ခု၊ Oxygen Plant (၇) ခု၊အောက်ဆီဂျင်(Generator) (၉)ခု၊အိမ်သုံး အောက်စီဂျင် စက် (Oxygen Concentrator) (၅၁၂၇၅)ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၃၀၅၂၉၂) စုံ၊ လက်အိတ် (၄၀) တန်နှင့် နှာခေါင်းစီး (Mask) (၇၂၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံး ပိတ်ရက်များတွင် လေကြောင်း ၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၈-၈-၂၀၂၁ ရက်နေ့၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၃၂၉၄) ခုနှင့် နှာခေါင်းစီး (Mask) (၀.၅) တန်အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တမူးကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ်(၃)စီးဖြင့်(၅၉)တန်၊ အောက်စီဂျင် အရည်(အိုးဖြင့်)(၃၈)တန်၊ အောက်စီဂျင် ဓာတ်ငွေ့ (အိုးဖြင့်)(၁)တန်၊အောက်စီဂျင်(အိုးခွံ) (၈၉၁၀)ခု၊ အိမ်သုံးအောက်စီဂျင်စက်(Oxygen Concentrator) (၃၇၄၅) ခု၊ လက်အိတ် (၁)တန်နှင့် နှာခေါင်းစီး (Mask) (၆၇) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ(၃၀)ခုမှ ယာဉ်စီးရေ (၅၂) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၄၈၁)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၅၇) တန်၊အောက်စီဂျင်အရည်(အိုးဖြင့်) (၈၉)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၃)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၅၆၇၉၀) ခု၊ Oxygen Plant (၆)ခု၊အောက်ဆီဂျင်(Generator) (၉)ခု၊အိမ်သုံး အောက်စီဂျင် စက် (Oxygen Concentrator) (၄၅၉၃၄)ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၂၈၀၉၃၂)စုံ၊ လက်အိတ် (၄၀)တန်နှင့် နှာခေါင်းစီး (Mask) (၆၃၆) တန်၊ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီး လိုအပ် လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ၉-၈-၂၀၂၁ ရက်နေ့မှ ၁၅-၈-၂၀၂၁ ရက်နေ့အထိ ရုံးပိတ်ရက်များ တွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၈-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိပါ သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါ သည်။