နောက်ဆုံးရ သတင်း

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်  ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ရက်များအတွင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး   ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်း မှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင်လွယ်ကူအဆင်ပြေစေရေး အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၇-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၅၀၇) ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊တာချီလိတ် ကုန်သွယ်ရေးစခန်း များမှ အောက်စီဂျင်အရည် (Bowser) ယာဉ်(၄)စီးဖြင့် (၇၄)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၇) တန်၊ အောက်စီဂျင်ဓာတ်ငွေ့(အိုးဖြင့်) (၉)တန်၊အောက်စီဂျင်(အိုးခွံ)(၈၄၂၂)ခု၊ Oxygen Plant (၁)ခု၊  အိမ်သုံးအောက်စီ ဂျင်စက်(Oxygen Concentrator)(၄၀၉၀) ခု၊ PPE (၄၉၀၃၀)စုံနှင့် နှာခေါင်းစီး (Mask) (၆၇) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၄၂) ခု မှ ယာဉ်စီးရေ (၇၉) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၄၂၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၃၉၈) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၁)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၂)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၄၇၈၈၀) ခု၊ Oxygen Plant (၆)ခု၊ အောက်ဆီဂျင်(Generator) (၉)ခု၊ အိမ်သုံးအောက်စီဂျင် စက် (Oxygen Concentrator) (၄၂၁၈၉)ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၂၈၀၉၃၂)စုံ၊ လက်အိတ် (၃၉)တန်နှင့် နှာခေါင်းစီး (Mask) (၅၆၉) တန်၊ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါ သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါ သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်လျှက်ရှိသော  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေစခန်းများမှ တင်သွင်းရာတွင်  အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေ လျှော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းကုန် လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းများကို SOP နှင့်အညီ ကူညီဆောင် ရွက်ပေးလျှက်ရှိပြီး စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ နေ့စဉ် ဆောင်ရွက်ပေးလျှက်ရှိ ပါသည်။

 

အများပြည်သူရုံးပိတ်ရက်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာလေကြောင်း၊ ရေကြောင်းဆိပ်ကမ်းများအပြင် တရုတ် နိုင်ငံမျက်နှာစာရှိ ကုန်သွယ်ရေးစခန်းများသာမက ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မျက်နှာစာများရှိ ကုန်သွယ်ရေးစခန်းများမှ တင်သွင်းနိုင်ရေး သံတမန်လမ်းကြောင်းမှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးထားပါသည်။

 

သို့ရာတွင် မသမာသူအချို့က နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ပြည်သူများစိုးရိမ် ထိတ်လန့်မှုကြီးမားလာစေရန်လည်းကောင်း၊ ဝိသမလောဘသားများက စီးပွားရေးအမြတ်ထုတ်ရန် အတွက် ဆေးနှင့်ဆေးပစ္စည်းများကို စျေးကစားလို၍လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တင်သွင်းသော ဆေးဝါးနှင့်ဆေးပစ္စည်းများ တရုတ်ဖက်မှ တင်သွင်း ခွင့်မပြုကြောင်း ကောလာဟလသတင်းအမှားများ ထုတ်လွှင့်လာသည်ကို တွေ့ရှိရသဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေသာ ဆေးဝါးနှင့် ဆေး ပစ္စည်းများ နယ်စပ်မှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်၍ ခွင့်ပြုပေး လျှက်ရှိကြောင်း အသိပေးကြေညာချက်အား (၄-၈-၂၀၂၁) ရက်နေ့၌ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

 

(၅-၈-၂၀၂၁) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၅၈၇၄) ခု၊ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်စီဂျင်အရည်(Bowser) ယာဉ်(၂)စီးဖြင့် (၃၇)တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၁.၄၇)တန်၊ အောက်စီဂျင်ဓာတ်ငွေ့(အိုးဖြင့်) (၅)တန်၊ အောက်စီဂျင်(အိုးခွံ) (၉၁၁၇)ခု၊ Oxygen Plant (၄)ခု၊ အိမ်သုံး အောက်စီဂျင်စက်(Oxygen Concentrator) (၆၅၀၁)ခု၊ PPE (၅၁၄၀၀)စုံ၊ လက်အိတ် (၃၀) တန်နှင့် နှာခေါင်းစီး Mask (၂၁၀) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၄၃)ခုမှ ယာဉ်စီးရေ (၈၈) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၂၈၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၂၂၈) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၄၁)တန်၊ အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၅၂)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၃၃၄၆၆) ခု၊ Oxygen Plant (၄) ခု၊ အောက်ဆီဂျင်(Generator) (၅) ခု၊ အိမ်သုံးအောက်စီ ဂျင်စက် (Oxygen Concentrator) (၃၃၆၄၀) ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၁၉၅၀၂၂) စုံ၊ လက်အိတ်(၃၈)တန်နှင့် နှာခေါင်းစီး Mask (၄၄၈)တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါ သည်။

၁။      ပြည်သူများအတွက် အရေးတကြီးလိုအပ်လျှက်ရှိသော ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပင်လယ်ဆိပ်ကမ်းများ၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေလျော့ပေးခြင်း၊ သယ်ယူပို့ဆောင်‌ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီ ဆောင်ရွက်ပေးခြင်းအပြင် လိုအပ်ပါကပြည်ပနိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှချိတ်ဆက်  ကူညီပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

၂။       သို့ရာတွင် မသမာသူအချို့က နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ပြည်သူများစိုးရိမ်ထိတ်လန့် မှုကြီးမားလာစေရန်လည်းကောင်း၊ ဝိသမလောဘသားများက စီးပွားရေးအမြတ်ထုတ်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကစားလို၍လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ်မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ်မှတင်သွင်းသော ဆေးဝါးနှင့်ဆေးပစ္စည်းများ တရုတ်ဖက်မှ တင်သွင်းခွင့်မပြု ကြောင်း ကောလာဟလသတင်းအမှားများ ထုတ်လွှင့်လာသည်ကိုတွေ့ရှိရပါသည်။

 

၃။      တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော ဆေးဝါးနှင့်ဆေးပစ္စည်းများ နယ်စပ်မှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင် ရွက်၍ခွင့်ပြုပေးလျှက်ရှိပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူများမှလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးဝါးနှင့်ဆေးပစ္စည်း တင်သွင်းမှုများကို ပိတ်ရက်မရှိ နေ့စဉ်ပုံမှန်ရုံးချိန် အတွင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း အသိပေးကြေညာအပ်ပါသည်။

 

                                                                                             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၃-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၁၀၈၀၁) ခု၊ Test Kit (၃၃၉၄၂) ခု တို့အပါအစဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊ ကန်ပိုက်တီ၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ်(၁)စီးဖြင့် (၂၀)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၂၀)တန်၊ အောက်စီဂျင်ဓာတ်ငွေ့(အိုးဖြင့်) (၃၃)တန်၊ အောက်ဆီဂျင်(Generator) (၅)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၁၂၂၄၈) ခု၊ Test Kit (၆၃၉၄၂) ခုနှင့် နှာခေါင်းစီး (Mask) (၂၁) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်း များအား ကုမ္ပဏီ(၃၈) ခု မှ ယာဉ်စီးရေ (၆၉) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၁၄၆)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၁၃၃) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၃၂)တန်၊ အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့် (၃၈)တန်၊ အောက်ဆီဂျင်(Generator) (၅)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၂၂၈၁၃)ခု၊ Test Kit (၁၃၅၉၄၂) ခု၊ နှာခေါင်းစီး (Mask) (၁၈၃) တန်၊ PPE (၁၀၈၄၅၄)စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၂-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၄၀၆၀) ခု၊ Test Kit (၅၇၀၀၀) ခု တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည်(Bowser) ယာဉ်(၁)စီးဖြင့် (၁၈) တန်၊ အောက်စီဂျင် အရည် (အိုးဖြင့်) (၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၄၂၅၉) ခု၊ နှာခေါင်းစီး (Mask) (၁၂၁) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၁၉) ခု မှ ယာဉ်စီးရေ (၄၁) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ (၇၇) စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၁၁၃) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၁၁) တန်၊ အောက်စီဂျင် ဓါတ်ငွေ့ (အိုးဖြင့်) (၅) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၁၀၅၆၅)ခု၊ Test Kit (၇၂၀၀၀) ခု၊ နှာခေါင်းစီး (Mask) (၁၆၂) တန်၊ PPE (၉၁၄၅၄)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ (၇၄၉) စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံး အောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆) ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီ ဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅) စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ် ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရှိရပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း