နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၅-၂၀၂၁) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ ညီလာခံခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ သင်တန်းသားများအား ဆုချီးမြှင့်ခဲ့ပါသည်။ ဒုတိယဝန်ကြီး ဦးညွန့်အောင်မှ သင်တန်းသား (၃၀)ဦးအတွက် သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား ကိုယ်စားလှယ်(၁)ဦး ထံသို့ ပေးအပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုပညာပေးရေးဌာနခွဲ
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ်(၅၃၊ ၅၄၊ ၅၅) (၁၀၀'x၁၅၀'x၁၅') (သွပ်၊ သွပ်၊ ကွန်) (၃)လုံးတွဲ သိုလှောင်ရုံ (၁)လုံးအား (၃)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်(၄)လမ်းရှိ မြေ(အလျား-၁၈၅'x အနံ-၄၄')၊မြေဧရိယာ(၀.၁၉၆)ဧကအား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ်စာချုပ်ဖြင့် လည်းကောင်း ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၁၈.၅.၂၀၂၁) ရက်မှ (၁၆.၆.၂၀၂၁)ရက်ထိ
(ရုံးချိန်အတွင်း)
(ခ) တင်ဒါပုံစံရောင်းချရန် - (၁၆.၆.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ
ပိတ်မည့်နေ့/အချိန်
( ဂ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်- (၁၇.၆.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(င) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
(စ) တင်ဒါစည်းကမ်းချက်များ - (၁၇.၆.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ
ရှင်းလင်းမည့်နေ့/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ဆ)တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့၊
တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့။
(ဇ) Deposit ပေးသွင်းနိုင်သည့် - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံနှင့် မြေတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း၀၁-၂၅၀၄၃၂၊ ၀၅၉-၂၁၀၅၆၊ ၀၅၉-၂၁၂၀၄၊ ၀၉-၂၅၄၄၀၂၄၆၃သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးကော်မတီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ နေပြည်တော်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း(မူလ)ခွင့်ပြုချက်ပါ ရုံးသုံးစက်ကိရိယာ ICT ဆက်စပ်ပစ္စည်း (၁၀)မျိုးနှင့် Software Application ရေးဆွဲခြင်းလုပ်ငန်း(၁)မျိုးတို့အား ဝန်ကြီးဌာန၊ တင်ဒါကော်မတီ ဖြင့် အောက်ဖော်ပြပါသတ်မှတ် စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ် ရွေးချယ် ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက် များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
Lot No |
DESCRIPTION OF EQUIPMENT |
QTY |
1 |
(a) Dell Desktop Computer Dell optiplex 3050 Tower Processor : Core i7 - Memory : 8 GB, DDR4,2400 MHz - Harddisk : 1 TB SATA(7200 rpm) -Graphic Card : Intel Integrated Graphics -Keyboard : USB Keyboard - Mouse : USB Optical - UPS : 650 V/A - Monitor : Dell ( 23" (or) 22 " (or)19") 1 Year Parts & Service Warranty |
23 |
(b) UPS with Surge Protector (>= 1000 V) |
25 |
|
2 |
(a) Canon 2900 B Laser Printer (A4) - Paper Size :A4, Legal - Resolution : 600 x600 dpi - Print speed : up to12 ppm - Connectivity : USB 2.0 Hi-speed |
15 |
(b) Canon Scanlide 300 Flatbed Scanner 600dpi: 9.0s 300dpi: 3.9s B&W / Grayscale 600dpi: 4.5s 300dpi: 3.0s Interface Hi-Speed USB 2.0 (Type B x 1) External Dimensions (W x D x H) 267 x 466 x 64mm Weight (without AC adapter) 2.5kg Power Supply (using AC adapter) DC 16V, 0.4A |
10 |
|
(c) HP LaserJet Pro M404dn Printer Laser Printer (Heavy duty) - Paper Size : A4, Legal - Resolution : 1200x1200 dpi - Print speed : up to 38 ppm - Function : Auto Duplex Printing -Connectivity : USB2.0, Hi-speed, Network |
15 |
|
(d) Canon <= G 3010 InkJet Colour Printer - Paper Size :A4, Legal - Resolution : 4800x1200 dpi - Print speed : 5ipm(Colour), 8.8ipm(B/W) - Connectivity : USB 2.0, Wifi |
10 |
|
(e) Video Wall System (65 " LED TV) Sony TV with TV Stand (Loctek PSF 221) - 4K Video Wall - High Definitio |
1 |
|
3 |
(a) Laptop Computer - Intel Core i7,8GB DDR4, - Nvidia Geforce 2 GB D5, 1 TB SATA, - 15.6" FHD LCD, With Windows 10 Home , - Bluetooth, Wifi, LAN - Bluetooth Mouse& Keyboard - Original Bag -1 Year Parts & Service Warranty |
3 |
(b) Monitor 19 .5 " |
20 |
|
4 |
Document Scanner - Scan Speed : 35 ppm (Simplex) - Scan Speed : 70 ipm (Duplex) - Resolution : 600 dpi(Optical) - Feeder Capacity : 60 sheets (80g/m2) - Daily Duty Cycle : Approx, 4000 Scans - Weight : Approx 3.7 kg - Interface : High Speed USB 3.0 |
10 |
5 |
Software Development -Data Migration for all License with OGA department for registration data |
1 |
၂။ တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရမည် ဖြစ်ပါသည်-
(က) တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
( ခ ) တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇)ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
( ဂ ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။
(ဃ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT ဆက်စပ်ပစ္စည်းများ နှင့် Software (၁)မျိုးတို့အား အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက် သူသည် လုပ်ငန်းရှင်ကိုယ်တိုင် (သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ ကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်သည့် ကိုယ်စားလှယ်ဖြစ် ရမည်။
( င ) အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။
( စ ) ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်း နှင့် ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့်ပစ္စည်းများအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက် ပို့ဆောင်ပေးရမည်။ ပစ္စည်းများနှင့် Software (၁)မျိုး၏ Specification သည် ဌာနမှရွေးချယ်သတ်မှတ် ထားသည့် Specification အတိုင်း ဖြစ်ရမည်။
(ဆ) ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန်(၂%)ဖြတ်တောက်၍ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘော တူရမည်။
( ဇ ) တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။
( ဈ ) တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း (၁၀)မျိုး နှင့် Software (၁)မျိုး၏ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာ ရေးသားဖော်ပြရမည်။
၃။ သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြု ရန်ပုံငွေဖြင့် ICT ဆက်စပ်ပစ္စည်း (၁၀)မျိုး နှင့် Software (၁)မျိုးတို့အား ဝန်ကြီးဌာန၊ တင်ဒါကော်မတီ ဖြင့် စိစစ်ဝယ်ယူသွားမည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံရောင်းချသည့်နေ့ - (၁၇- ၅ - ၂၀၂၁ ရက်နေ့မှ ၃၀ - ၅ -၂၀၂၁ ရက်နေ့ထိ )
တင်ဒါကော်မတီဖြင့်
ဈေးနှုန်းစိစစ်မည့်ရက် - (သီးခြားထပ်မံအကြောင်းကြားပါမည်)
ကျင်းပမည့်နေရာ - ရုံးအမှတ်(၃)၊တိုးချဲ့အစည်းအဝေးခန်းမ၊ စီးပွား/ကူးသန်း
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၈၀၁၀
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ နေပြည်တော် တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း(မူလ)ခွင့်ပြုချက်ပါ Software Application ရေးဆွဲခြင်း လုပ်ငန်း (၁) မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည် ဖြစ်ပါ၍စိတ်ပါဝင်စားသူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
Lot No |
DESCRIPTION OF EQUIPMENT |
QTY |
2 |
Software Development -Data Migration for all License with OGA department for registration data |
1 No |
၂။ တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရမည် ဖြစ်ပါသည်-
(က) တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
( ခ ) တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇) ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
( ဂ ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။
(ဃ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီ မှ Lot အလိုက်တင်သွင်းမည့် Software (၁) မျိုးအား လုပ်ငန်းအမျိုးအစား အလိုက် အသေးစိတ် ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည် လုပ်ငန်းရှင်ကိုယ်တိုင် (သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ ကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်သည့် ကိုယ်စားလှယ် ဖြစ်ရမည်။
( င ) အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။
( စ ) ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့် Software (၁) မျိုး၏ Specification များမှာ ဌာနမှရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။
(ဆ) တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ရရှိမှသာ တင်ဒါအောင်မြင်မှု/ မအောင်မြင်မှုကို ကြော်ငြာမည်ဖြစ်ပြီး၊ ဌာနတွင်ပေးသွင်းထားသော တင်ဒါအောင်မြင်သူများ၏ စပေါ်ငွေများအား လုပ်ငန်းပြီးမြောက်မှုအာမခံ Performance Guarantee ပေးသွင်းပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ လုပ်ငန်းရွေးချယ်ခြင်း အတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက် ခွန် (၂%) ဖြတ်တောက်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘောတူရမည်။
( ဇ ) တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။
( ဈ ) တင်ဒါပုံစံများတင်သွင်းရာတွင် Software (၁) မျိုး၏ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာရေးသားဖော်ပြရမည်။
၃။ သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြု ရန်ပုံငွေဖြင့် Software (၁) မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည် ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံရောင်းချသည့်နေ့ - ( ၃၁ - ၃ -၂၀၂၁ ရက်နေ့မှ ၂၀-၄ -၂၀၂၁ ရက်နေ့ထိ )
တင်ဒါကော်မတီဖြင့်
ဈေးနှုန်းစိစစ်မည့်ရက် - (သီးခြားထပ်မံအကြောင်းကြားပါမည်)
ကျင်းပမည့်နေရာ - ရုံးအမှတ်(၃)၊တိုးချဲ့အစည်းအဝေးခန်းမ၊ စီးပွား/ကူးသန်း
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၈၀၁၀
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ နေပြည်တော် တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း(မူလ)ခွင့်ပြုချက်ပါ ရုံးသုံးစက်ကိရိယာ ICT ဆက်စပ် ပစ္စည်း(၁၀)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါသတ်မှတ် စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
Lot No |
DESCRIPTION OF EQUIPMENT |
QTY |
1 |
Computer & Accessories Laptop Computer(HP)(i7) Desktop Computer Set (Dell)(i7) Dell 19.5” Monitor Only HP Laser Printer (Heavy duty) (A4, Legal) Canon 2900 Laser Printer (A4, Legal) Canon Scanlide Flatbed Scanner Epson Document Scanner Canon InkJet Colour Printer Video Wall System (65 " LED TV) UPS with Surge Protector |
3 Nos 23 Set 20 Nos 15 Nos 15 Nos 10 Nos 10 Nos 10 Nos 1 Nos 25 Nos |
၂။ တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရမည် ဖြစ်ပါသည်-
(က) တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
( ခ ) တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇)ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
( ဂ ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။
(ဃ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT ဆက်စပ်ပစ္စည်းများ၏ အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည် လုပ်ငန်းရှင် ကိုယ်တိုင် (သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေကိုယ်စားလှယ် လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်သည့် ကိုယ်စားလှယ်ဖြစ်ရမည်။
( င ) အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။
( စ ) ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်း နှင့် ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့်ပစ္စည်း များအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက် ပို့ဆောင်ပေးရမည်။ ပစ္စည်းများ၏ Specification သည် ဌာနမှရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။
(ဆ) ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန်(၂%)ဖြတ်တောက်၍ ပြည်တွင်းအခွန် များဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘောတူရမည်။
( ဇ ) တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။
( ဈ ) တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း (၁၀)မျိုး၏ သတ်မှတ်အရည် အသွေး၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာရေးသားဖော်ပြရမည်။
၃။ သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြု ရန်ပုံငွေဖြင့် ICT ဆက်စပ်ပစ္စည်း (၁၀)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည် ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံရောင်းချသည့်နေ့ - ( ၃၁ -၃ -၂၀၂၁ ရက်နေ့မှ ၂၀ -၄ -၂၀၂၁ ရက်နေ့ထိ )
တင်ဒါကော်မတီဖြင့်
ဈေးနှုန်းစိစစ်မည့်ရက် - (သီးခြားထပ်မံအကြောင်းကြားပါမည်)
ကျင်းပမည့်နေရာ - ရုံးအမှတ်(၃)၊တိုးချဲ့အစည်းအဝေးခန်းမ၊ စီးပွား/ကူးသန်း
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၈၀၁၀