နောက်ဆုံးရ သတင်း

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် METRO Wholesale Myanmar Ltd. ၏ Chief Executive Officer ဖြစ်သူ Mr. Jens Michel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Vidoe Conferencing လက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ဖွင့်လှစ်မည့် ကုန်သွယ်မှု ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့်အပြည့်အဝအသုံးပြုနိုင်သည့် Tradenet 2.0 စနစ် အသုံးပြုမှုနှင့် ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်အောက်ပါဘာသာရပ်များကို အွန်လိုင်းစနစ်ဖြင် အခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါသည်-

 

(၁)     ဖွင့်လှစ်မည့်နေ့ရက်             (၂၁-၁-၂၀၂၁)ရက်နေ့မှ (၂၂-၁-၂၀၂၁)ရက်နေ့ထိ (၂)ရက်

(၂)      အချိန်                               နံနက် (၁၀၀၀)နာရီမှ (၁၅၀၀)နာရီအထိ

(၃)     သင်ကြားမည့်ပုံစံ                 Virtual Online စနစ်

(၄)     သင်ကြားမည့်ဘာသာရပ်များ- ကုန်သည် လုပ်ငန်းရှင်များမဖြစ်မနေသိသင့်သည့် ဘာသာရပ် နှင့်စနစ်အသုံးပြုမှုတို့အား အကျဉ်း ချုပ် သင်ကြားပေးမည်-

                                                    (က)    Tradenet 2.0 စနစ်အသုံးပြုမှု

                                                    ( ခ )    ပသကနှင့်ဆက်စပ်ကဒ်များ

                                                    ( ဂ )    ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်

                                                    (ဃ)    ပင်ရင်းနိုင်ငံသင်သေခံလက်မှတ်(CO)

(၅)     သင်တန်းသားသတ်မှတ်ချက်  ပသက မှတ်ပုံတင်ထားပြီး Myanmar Tradenet Member သက်တမ်း ရှိသည့် ကုမ္ပဏီများမှ သက်ဆိုင်ရာကုမ္ပဏီ အကြီး အကဲ မှ တာဝန်ပေး အပ်သည့်ဝန်ထမ်း(၁)ဦး 

(၆)     သင်တန်း လျှောက်လွှာနောက်ဆုံး          သင်တန်းလျောက်လွှာနှင့် ကုမ္ပဏီမှထောက်ခံချက်တို့အား (၁၈-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀) နာရီ အချိန်နောက်ဆုံးထားပြီး [email protected] သို့အချက်အလက်အပြည်အစုံဖြင့် ပေးပို့ရမည် ဖြစ်ပြီး လျှောက်လွှာ Form ပုံစံအား  download ရယူနိုင်ပါသည်။

(၇)     တက်ရောက်ခွင့်ရရှိသည့်လုပ်ငန်းရှင်ကိုယ်စားလှယ်များ၏ အီးမေလ်းသို့ သင်တန်းသင်ကြားမည့် Virtual Online Link အား တိုက်ရိုက်ပြန်လည်ပေးပို့သွားမည်ဖြစ်ပြီး သင်တန်းအား အချိန်ပြည့်ပြီး ဆုံး အောင်တက်ရောက်ရမည်ဖြစ်ပါသည်။

 

                                                                                                                                               ကုန်သွယ်ရေးဦးစီးဌာန

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိစေရန် စည်းမျဉ်းများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက် ရောက်အမှာစကားပြောကြား

Pages

Subscribe to နောက်ဆုံးရ သတင်း