နောက်ဆုံးရ သတင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် 6th India-CLMV Business Conclave 2020 သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် သစ်သီးဝလံထုတ်လုပ် မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှုဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) တို့ပူးပေါင်းပြီး COVID ကာလအတွင်း စီးပွားရေးထိခိုက်မှုသက်သာရေး မြန်ဆန်စေရန်၊ ဒီဂျစ်တယ်နည်းလမ်း များ အသုံးချမှုကို မြှင့်တင်ရန်နှင့် အရည်အချင်းရှိသော လူငယ်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုများကို အားပေးနိုင်ရန်အတွက် MoCOM E-Commerce Innovation Challenge ကို နိုဝင်ဘာလ (၁၁) ရက်နေ့မှ စတင်ကျင်းပ လျက်ရှိပါတယ်။

 

စိန်ခေါ်ပွဲများကို Round နှစ်ခုဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး Round တစ်ခုလျှင် Theme နှစ်ခုနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ ပထမအကျော့အဖြစ် ကိုဗစ်ကို ကြံ့ကြံ့ခံ တွန်းလှန်ရေးနဲ့ MSME များ စနစ်တကျ တည်ထောင်နိုင်ရေး Theme နှစ်ခုအတွက် ပြိုင်ပွဲဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ ပြုလုပ်နိုင်ပြီး ပြိုင်ပွဲဝင် အဆိုပြုလွှာများကိုတော့ ဒီဇင်ဘာလ (၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ လက်ခံသွားမှာဖြစ်ပါတယ်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ ၊ E-Commerce ကိုစိတ်ဝင်စားတဲ့လူငယ်လူရွယ်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေနဲ့ လက်မလွတ်သင့်တဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် MoCOM E-Commerce Innovation Challenge စိန်ခေါ်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စိန်ခေါ်မှုတွေ၊အသေးစိတ်အကြောင်းအရာတွေကို သိရှိချင်တယ်ဆိုရင်တော့ https://www.connectthedot.com.mm/မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MOCOM E-Commerce Innovation Challenge Facebook Page တွင်လည်း နောက်ဆုံးရအချက်အလက်များကို ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ် ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ Nanning International Convention & Exhibition Center ၌ကျင်းပပြုသော မြန်မာ-တရုတ်သံတမန်ဆက်ဆံ ရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀ တို့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဗီဒီယိုမိန့်ခွန်းပေးပို့ပြောကြား

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် (၂ /၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြား

Pages

Subscribe to နောက်ဆုံးရ သတင်း