နောက်ဆုံးရ သတင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ၃ လ လျှင်တစ်ကြိမ် ကျင်းပပြုလုပ်သော မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ပြီး လမ်းညွှန်အမှာစကားပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးရုံးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်း၌ ကွမ်ရှီး (ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Guangxi ShengWeiDa International Trading Co., Ltdက  မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တရားဝင်တင်သွင်းခွင့်ရရှိ ထားသော Adipati Agricultural Produce Trading Limitedထံမှ A 1-2 Sortexed အမျိုးအစား ဆန်ကွဲမက်ထရစ်တန်(၃၀၀)အား တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၃၄၅)ဖြင့် ဝယ်ယူသည့်စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။

 

Guangxi ShengWeiDa International Trading Co., သည် Adipati Agricultural Produce Trading Limitedထံမှ A 1-2 Sortexed အမျိုးအစားနှင့် B 1-2 Sortexed အမျိုးအစား ဆန်ကွဲများအား အရည်အသွေးကောင်းမွန်သောကြောင့် ဝယ်ယူ တင်သွင်းလျက်ရှိပါသည်။  ယခုနှစ်အတွင်း Guangxi ShengWeiDa International Trading Co.,က မြန်မာနိုင်ငံမှ A 1-2 Sortexed အမျိုးအစားဆန်ကွဲ  (၁,၈၅၀)တန်နှင့် B 1-2 Sortexed အမျိုးအစား ဆန်ကွဲ (၁၀၀)တန်၊ စုစုပေါင်း (၁,၉၅၀)အား ဝယ်ယူထား ပြီးဖြစ်ပါသည်။ မြန်မာဘက်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရာတွင် ဗွီဒီယိုဖြင့် ချိတ်ဆက် ဆွေးနွေးနိုင်စေရန်နှင့် ကုန်ပစ္စည်းအကြောင်း ရှင်းလင်းပြောကြားမှုအား သိရှိနိုင်စေရန် စီးပွားရေးသံမှူးနှင့် ရုံးမှ ဘာသာပြန်ဝန်ထမ်းတို့က ပံ့ပိုးကူညီမှုများပြုလုပ်ခဲ့ပါသည်။

 

သို့ဖြစ်ပါ၍ Guangxi ShengWeiDa International Trading Co., Ltdနှင့်  မြန်မာနိုင်ငံမှ Adipati Agricultural Produce Trading Limitedတို့အကြား A 1-2 Sortexedအမျိုးအစား ဆန်ကွဲမက်ထရစ်တန်ချိန် (၃၀၀) ဝယ်ယူတင်သွင်းရန် အရောင်း အဝယ်စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့မှုအပေါ် သိရှိနိုင်ပါရန်နှင့် လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ် ပါသည်။

 

ဒေါက်တာရွှေစင်ကို

နန်နင်းမြို့

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ အဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အမှာစကားပြောကြား

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးအောင်စိုးဝင်းတို့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း