နောက်ဆုံးရ သတင်း

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာကန့်သတ်နေသည့်ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ သာမန်ခွင့်ပြုရန်ပုံငွေဖြင့် Website ၊ Application ၊ Online Service လုပ်ငန်းများ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ် တင်ဒါ ခေါ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

No

DESCRIPTION OF SERVICES

QTY

1

IELPS Application ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

1 No

2

Website, Software နှင့်Other Application ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း

1 No

3

BOT-IELPS(bot-trade)စနစ်နည်းပညာပံ့ပိုးထိန်းသိမ်းခြင်းလုပ်ငန်း

1 No

4

BTOS စနစ်(မူဆယ်) နည်းပညာပံ့ပိုးထိန်းသိမ်းခြင်းလုပ်ငန်း

1 No

5

နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ BTOS စနစ် နည်းပညာပံ့ပိုးထိန်းသိမ်း ခြင်းလုပ်ငန်း

1 No

၂။            တင်ဒါတင်သွင်းမည့်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည်-

              (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါ အောင်မြင်ခြင်းမရှိသော ကုမ္ပဏီများ၏ တင်ဒါစပေါ်ငွေအား (၇) ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

              ( ဂ )   ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်ခံရသူနှင့်သာ သတ်မှတ်ချက်များနှင့်အညီ စာချုပ်ချုပ်ဆို၍ ဝန်ဆောင်မှုရယူမည် ဖြစ်ပါသည်။

              (ဃ)    ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါပွဲလာရောက် ယှဉ်ပြိုင် သူသည် လုပ်ငန်းရှင်ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ

                        ကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်သည့် ကိုယ်စားလှယ်ဖြစ်ရ မည်။

              ( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

              ( စ )   ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှ ဖြတ်တောက်ခွန် (၂%) ဖြတ်တောက်ပေးချေခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) အား ပြည်တွင်းအခွန်များဦးစီးဌာနသို့  ပေးသွင်းရန်ကို သဘောတူရမည်။

              (ဆ)    တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/- နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

၃။           တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အောက်ပါ အချက်အလက်များဖြင့် ကိုက်ညီရမည်-

              ( က )  တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီသည် Application Software နည်းပညာဆိုင်ရာ လုပ်ငန်းများအား အဓိကထားဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ရမည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ လက်ရှိဝန်ထမ်းအင်အား၊ တာဝန်ယူဆောင်ရွက်မည့် ဝန်ထမ်း၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှုလက်မှတ်၊ နည်းပညာလုပ်ငန်းအတွေ့ အကြုံ၊ လက်ရှိဝန်ဆောင်မှုပေးနေသော ဌာန/လုပ်ငန်းများအား ပြည့်စုံစွာဖော်ပြ ထားသည့် ကုမ္ပဏီ Profile၊ ကုမ္ပဏီမှ နည်းပညာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့်အစီအမံတို့အား ကြိုတင်တင်ပြလျှောက်ထားရမည်။

              (ဂ)     နည်းပညာကုမ္ပဏီအား စိစစ်ရွေးချယ်ရာတွင် အဆိုပြုဈေးနှုန်း၊ ကုမ္မဏီ၏ သက်တမ်း၊ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းနှင့် ကုမ္ပဏီ၏နည်းပညာလုပ်ငန်း အတွေ့အကြုံ၊ နည်းပညာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် အစီအမံတို့ပေါ်တွင် မူတည်၍ တင်ဒါကော်မတီမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။           သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ငွေဖြင့် Website ၊ Application ၊ Online Service လုပ်ငန်းများပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ အား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင် ပေးသွင်း ပါရန် ဖိတ်ခေါ်အပ်ပါသည်။

              တင်ဒါပုံစံရောင်းချသည့်နေ့    -   (၁၀- ၉- ၂၀၂၀) ရက်နေ့မှ  (၂၃ - ၉- ၂၀၂၀)ရက်နေ့ထိ

              တင်ဒါကော်မတီဖြင့်             -   (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း)

              ဈေးနှုန်းစိစစ်မည့်ရက်               (ဆက်သွယ်အကြောင်းကြားပါမည်)

              ကျင်းပမည့်နေရာ                -   ရုံးအမှတ် (၃) ၊ အစည်းအဝေးခန်းမ ၊ စီးပွား/ကူးသန်း

                                                           (နေရာပြောင်းလဲမှုရှိပါကဆက်သွယ်အကြောင်းကြားပါမည်)

               ဆက်သွယ်ရန်ဖုန်း               -   ၀၆၇-၄၀၈၂၂၁ ၊ ၀၆၇-၄၀၈၄၈၅

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ သာမန်ခွင့်ပြုရန်ပုံငွေဖြင့် ဆာဗာ၊ ကွန်ပျူတာနှင့်ကွန်ရက်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ် တင်ဒါခေါ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို တင်ဒါ ပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

No

DESCRIPTION OF SERVICES

QTY

1

Server (27) Nos Maintenance (Nay Pyi Taw, Yangon)

1 No

2

Networking Maintenance  (Office-Nay Pyi Taw, Office-Yangon, Co-Location, Muse, Myawaddy)

1 No

3

Desktop (85) Nos (Service  and  Maintenance At Yangon)

1 No

4

Servers (6) Nos and Desktop PC (27) Nos (At Muse)

Servers (4) Nos and Desktop PC (16) Nos (At  Myawaddy)

1 No

၂။            တင်ဒါတင်သွင်းမည့်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည်-

              (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque)ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီများ၏ တင်ဒါစပေါ်ငွေအား (၇) ရက်အတွင်း ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။

              ( ဂ )   ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်ခံရသူထံမှသာ သတ်မှတ်ချက်များနှင့် အညီ စာချုပ်ချုပ်ဆို၍ ဝန်ဆောင်မှုရယူမည် ဖြစ်ပါသည်။

              (ဃ)    ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါပွဲလာရောက် ယှဉ်ပြိုင် သူသည် လုပ်ငန်းရှင်ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ

                        ကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရ မည်။

              ( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

              ( စ )   ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန် (၂%) ဖြတ်တောက်ပေးချေခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) အား ပြည်တွင်းအခွန်များဦးစီးဌာနသို့  ပေးသွင်းရန်ကို သဘောတူရမည်။

              ( ဆ )  တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/- နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

၃။           တင်ဒါယှဉ်ပြိုင်မည့် ကုမ္ပဏီများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အောက်ပါ အချက်အလက်များဖြင့် ကိုက်ညီရမည်-

              ( က )  တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီသည် ဆာဗာ/ကွန်ပျူတာနှင့်ကွန်ရက်နည်းပညာဆိုင် ရာလုပ်ငန်းများအား အဓိကထားဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ရမည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီသည် တင်ဒါတင်သွင်းသည့်နေ့ရက်တွင် ကုမ္ပဏီ၏ သက်တမ်းအနည်းဆုံး (၃) နှစ်နှင့် အထက်ရှိရမည်။

                        (ကုမ္ပဏီသက်တမ်း (၃) နှစ် မပြည့်သော်လည်း တာဝန်ယူဆောင်ရွက်မည့်ဝန်ထမ်း အနေဖြင့် အစိုးရဌာန/လုပ်ငန်းများတွင် ဆာဗာ/ကွန်ပျူတာနှင့်ကွန်ရက်နည်း ပညာဆိုင်ရာလုပ်ငန်း အတွေ့အကြုံ (၅) နှစ်နှင့်အထက် ရှိရမည်)

              (ဃ )   တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ လက်ရှိဝန်ထမ်းအင်အား၊ တာဝန်ယူဆောင်ရွက်မည့် ဝန်ထမ်း၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှုလက်မှတ်၊ နည်းပညာလုပ်ငန်း အတွေ့ အကြုံ၊ လက်ရှိဝန်ဆောင်မှုပေးနေသော ဌာန/လုပ်ငန်းများအား ပြည့်စုံစွာ ဖော်ပြ ထားသည့် ကုမ္ပဏီ Profile၊ ကုမ္ပဏီမှ နည်းပညာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့်အစီအမံတို့အား ကြိုတင် တင်ပြလျှောက်ထားရမည်။

              (ဂ)     နည်းပညာကုမ္ပဏီအား စိစစ်ရွေးချယ်ရာတွင် အဆိုပြုဈေးနှုန်း၊ တာဝန်ထမ်း ဆောင်မည့်ဝန်ထမ်းနှင့် ကုမ္ပဏီ၏နည်းပညာလုပ်ငန်းအတွေ့အကြုံ၊ နည်းပညာ လုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်ပေးနိုင်မည့် အစီအမံတို့ပေါ်တွင် မူတည်၍ တင်ဒါကော်မတီမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။           သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ငွေဖြင့် ဆာဗာ၊ ကွန်ပျူတာနှင့်ကွန်ရက်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဝန်ကြီးဌာန၊ တင်ဒါ ကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ် ပါသည်။

          တင်ဒါပုံစံရောင်းချသည့်နေ့      -     ( ၁၀ -၉-၂၀၂၀ ရက်နေ့ မှ ၂၃ - ၉-၂၀၂၀ ရက်နေ့ထိ )

          တင်ဒါကော်မတီဖြင့်               -     (  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း)  

          ဈေးနှုန်းစိစစ်မည့်ရက်                  (ဆက်သွယ်အကြောင်းကြားပါမည်)

          ကျင်းပမည့်နေရာ                  -     ရုံးအမှတ် (၃) ၊ အစည်းအဝေးခန်းမ ၊ စီးပွား/ကူးသန်း

                                                           (နေရာပြောင်းလဲမှုရှိပါကဆက်သွယ်အကြောင်းကြားပါမည်)        

          ဆက်သွယ်ရန်ဖုန်း                 -     ၀၆၇-၄၀၈၀၁၀

Ministry of Commerce - MOC is implementing Myanmar Services Trade Enhancement Project – MSTEP under EIF Tier 2 programme. Regarding with this, with the objective of developing Services Trade Statistics, MOC is hiring an International Statistics Expert for 45 days. The Request for Expression of Interest is attached here with.

မြန်မာနိုင်ငံဝန်ဆောင်မှုကဏ္ဍများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ EIF Tier 2 အဆင့်တွင် Myanmar Services Trade Enhancement Project – MSTEP အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိရာ ဝန်ဆာင်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင် (၁) ဦးကို စုစုပေါင်း (၄၅) ရက် ငှားရမ်းသွားမည်ဖြစ်ပါသည်။ ၎င်းနှင့်စပ်လျဉ်း၍ Request for Expression of Interest ကို ပူးတွဲဖော်ပြထားပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း