နောက်ဆုံးရ သတင်း
၉-၆-၂၀၂၀ ရက်နေ့အထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပသက 9 Digit ပြောင်းလဲပြီးသည့် ကုမ္ပဏီများစာရင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ် ၊ ကုန်သည်လမ်း ၊ အမှတိ (၅၄၄) အခန်း(၁)ခန်း ၊ ကျောက်တံတားမြို့နယ် ၊ ဆိပ်ကမ်းသာလမ်း ၊ အမှတ် ( ၂၇၄/၂၇၆) ( ၂) ခန်းတွဲ အခန်း(၁)ခန်း ၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၊ ( ၈၃ X ၈၄) လမ်းကြား ၊ (၂၇)လမ်း ၊ အမှတ် (၂၆၇) ရှိ ဝဲဘက် အခန်း(၁)ခန်း တို့ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဌားရမ်းမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ။ ပူးတွဲ ပါ PDF file တွင်ဖတ်ရှုနိုင်ပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၂ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ်(ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ် မည့် ၂-လမ်းသွားကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်း နယ်စပ်(ထီးခီး)သို့ ဆက်သွယ် ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းဖောက်လုပ်ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ NEDA နှင့် ညှိနှိုင်းဆွေးနွေးခြင်း တိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီးဖြစ် သည့်ချေးငွေကို ထိုင်းနိုင်ငံမှရရှိရေးအတွက် NEDA နှင့် ညှိနှိုင်းဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများ၊ ၂-လမ်းသွား ကားလမ်းဖောက်လုပ်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် လေ့လာမှုဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြကာ အစည်းအဝေးကို (၁၁:၁၅) နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Saurabh Kumar အား လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် သတ္တမအကြိမ်မြောက် မြန်မာ - အိန္ဒိယကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေး (Joint Trade Committee) ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဈေး များဖွင့်လှစ်နိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ ပဲအမယ်မျိုးစုံတိုးမြှင့်တင်ပို့နိုင်ရေး၊ ဒေသတွင်း သဘော တူညီချက် များဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) နှင့် ASEAN- India Free Trade Agreement တို့တွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Country of Origin-CO) အား Electronic Certificate ဖြင့် လက်ခံ ဆောင်ရွက်နိုင်ရေး၊ မိုရေး-တမူး ကုန်သွယ်ရေးလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တမူးနယ်စပ်ကုန်သွယ်မှုဇုန် တိုးချဲ့တည်ဆောက်နေမှုအခြေအနေများ၊ အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကကဏ္ဍတွင်လည်း ကုန်သည်အသင်းအဖွဲ့များအကြား အပြန်အလှန်အတွေ့အကြုံဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် COVID-19 အလွန်ကာလတွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ်ဩဂုတ်လ၂၈ရက်ကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)တွင် M–STEP စီမံကိန်း၏ ကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်း အဆင့်မြင့်သင်တန်းကို သင်တန်းခန်းမ၌ သင်တန်း သားများကိုယ်တိုင် တက်ရောက်သင်ကြားခြင်းနှင့် Online စနစ်ဖြင့်ပို့ချခြင်း၊ နည်းစနစ်နှစ်မျိုးဖြင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများအား ကုန်သွယ်မှုဆိုင်ရာအချက်အလက်များပေါ်မူတည်၍ သုံးသပ်ချက်များ ပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
သင်တန်းကျင်းပရာတွင် သင်တန်းတက်ရောက်သူအရာထမ်း/အမှုထမ်းသင်တန်းသားစုစုပေါင်း ၃၀ဦးအနက် သင်တန်းသား ၁၅ ဦးကို Social Distancing စနစ်ဖြင့် သင်တန်းခန်းမတွင် လည်းကောင်း၊ ကျန်သင်တန်းသား ၁၅ ဦးကို Online စနစ်ဖြင့်လည်းကောင်းဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
၎င်းကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်းအဆင့်မြင့် သင်တန်းကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၈ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်ပြီးသင်တန်းကျင်းပပြုလုပ်ရာတွင် COVID -19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။