နောက်ဆုံးရ သတင်း

The Department of Trade (DoT), Ministry of Commerce (MoC), Republic of the Union of Myanmar

had received a three year grant under the Enhanced Integrated Framework (EIF) partnership for

LDCs, hosted by the World Trade Organization (WTO). The DoT is implementing a project namely,

Myanmar Services Trade Enhancement Project (M-STEP) on services enhancement in Myanmar

under EIF Tier-2 Project, with a focus on services landscape enhancement. MoC, an implementing

agency, for this project, intends to apply a portion of the process of this grant for Consulting

Services.

Under the EIF Tier- 2 Project, the Department of Trade of the Ministry of Commerce invites eligible

Individual Consultant to express his/ her interest in providing his/ her services as National Expert for

Statistic Generation on Trade in Services and National Expert for the establishment of Public Private

Dialogue Mechanism.

Regarding with this, “Request for Expression of Interest” is attached here with.

မြန်မာနိုင်ငံဝန်ဆောင်မှုကဏ္ဍများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ EIF Tier 2 အဆင့်တွင် Myanmar Services Trade Enhancement Project – MSTEP အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ အောက်ဖော်ြပပါ နိုင်ငံသားကျွမ်းကျင်ပညာရှင် (၂) ဦးကို ငှားရမ်းသွားမည်ဖြစ်ပါသည်-

( က )  ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့်                                           (၁) နေရာ

          ကိန်းဂဏန်းအချက်အလက်များဆိုင်ရာကိစ္စရပ်များ

          အကောင်အထည်ဖော်ဆောင်ရွက်ရန်

( ခ )   ဝန်ဆောင်မှုကုန်သွယ်ရေးအပေါ် အစိုးရ-ပုဂ္ဂလိက ချိတ်ဆက်                     ( ၁) နေရာ

          ဆွေးနွေးခြင်းဆိုင်ရာကိစ္စရပ်များအကောင်အထည်ဖော်ဆောင်ရွက်ရန်

၎င်းနှင့်စပ်လျဉ်း၍ Request for Expression of Interest ကို ပူးတွဲဖော်ပြထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံး ငွေရင်း  (မူလ)ခွင့်ပြုရန်ပုံငွေဖြင့်  အိတ်ဖွင့်တင်ဒါ  ပေးသွင်းနိုင်ရန် ခေါ်ယူခြင်း

Myanmar Tradenet 2.0 စနစ်အား နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ အဆင့်လိုက် လွှင့်တင်လျက်ရှိရာ Myanmar Tradenet 2.0 စနစ်အသုံးပြုမှုနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား  (၂၈-၁၀-၂၀၂၀) ရက်နေ့တွင် ပထမအကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ထပ်မံ၍ ဒုတိယအကြိမ်အသိပညာပေးရှင်းလင်းခြင်းအား (၆-၁၁-၂၀၂၀)ရက် (သောကြာနေ့) (၁၀ : ၀၀) အချိန် မှ (၁၂ : ၃၀) အချိန်ထိ Awareness Webinar Meeting ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ပထမအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်း မရှိသော ကုန်သွယ်မှုလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် https://us02web.zoom.us/webinar/register/WN_4a54hEDsTEO_hhdAmdxrGw တွင် Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါရန်နှင့် တက်ရောက်နိုင်သည့် လူဉီးရေအကန့်အသတ်ရှိသည့်အတွက်ကြိုတင် Register ပြုလုပ်ထားနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။    

 

အသေးစိတ်သိရှိလိုပါက https://www.commerce.gov.mm/my/article/myanmar-tradenet-2.0 နှင့် https://www.facebook.com/groups/1666718966823785 Tradenet 2.0 Group တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။  

 

Webinar Link : https://us02web.zoom.us/webinar/register/WN_4a54hEDsTEO_hhdAmdxrGw

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ရှိဆောင်ရွက်ပေးနေသည့် ပို့ကုန်သွင်းကုန်လိုင်စင်နှင့်ဆက်စပ်သည့် ဝန်ဆောင်မှုများကို နည်းပညာအဆင့်မြှင့်တင်ထားရှိပြီး တစ်နေရာတည်းတွင်ဆောင်ရွက်နိုင်ခြင်း၊ ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် API စနစ်ဖြင့် ဒေတာချိတ်ဆက်ခြင်းအပါအဝင် အောက်ပါလုပ်ငန်းရပ်များကို အွန်လိုင်းမှအပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည် -

- Myanmar Tradenet Member လျောက်ထားမှု

- ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကဒ် နှင့်ဆက်စပ်ကဒ်များ လျောက်ထား ထုတ်ပေးမှု

- ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျောက်ထားထုတ်ပေးမှု

- သက်ဆိုင်ရာအစိုးရဌာနများ/အဖွဲ့အစည်း(၄၀)ကျော်မှ စနစ်အတွင်း ဝင်ရောက်အသုံးပြုနိုင်မှု

- ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် အီလက်ထရောနစ်ဒေတာ (API) စနစ်ဖြင့် ချိတ်ဆက်ရယူ ပေးပို့ မှု။

- ငွေကြေးပေးချေမှုအတွက် (MPU eCommerce Pay) ဖြင့်ပေးချေနိုင်မှု

- ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (CO Form) လျှောက်ထားမှု

 

Myanmar Tradenet 2.0 စနစ် အား ၂၀၂၀ နိုဝင်ဘာလ မှစတင်ပြီး အဆင့်လိုက်ခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်သဖြင့် စနစ်အသုံးပြုမှုနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား (၂၈-၁၀-၂၀၂၀)ရက် (ဗုဒ္ဓဟူးနေ့) (၁၀၀၀) အချိန် မှ (၁၂၀၀) အချိန်ထိ Awareness Webinar Meeting ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ကုန်သွယ်မှုလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် တက်ရောက်ပေးနိုင်ပါရန် https://us02web.zoom.us/.../reg.../WN_bXxQwQx-TvehLdzqdcfQaw တွင် Register ပြုလုပ်ပြီးတက်ရောက်နိုင်ပါကြောင်း တက်ရောက်နိုင်သည့် လူဉီးရေအကန့်အသတ်ရှိသည့်အတွက်ကြိုတင် Register ပြုလုပ်ထားနိုင်ပါရန်နှင့် အသိပေး အကြောင်းကြားအပ်ပါသည်။

 

Myanmar Tradenet 2.0 စနစ်၏ တရားဝင်အသုံးပြမှုအားအသိပေးခြင်း Offical Launching အား ၂၀၂၀ နိုဝင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

 

အသေးစိတ်သိရှိလိုပါက https://www.facebook.com/groups/1666718966823785 Tradenet2.0 Group တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း