နောက်ဆုံးရ သတင်း

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော ပို့ကုန် သွင်းကုန်မှတ်ပုံတင် ကတ်နှင့် ဆက်စပ်ကတ်များမှတ်ပုံတင်ခြင်းနှင့် ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ် များအား Online စနစ်ဖြင့် လျှောက်ထားထုတ်ပေးနိုင်မည့် Myanmar Tradenet 2.0 စနစ်အား စတင်မိတ်ဆက်ခြင်း (Soft Launch) အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

ပို့ကုန်သွင်းကုန်မှတ်ပုံတင်ကတ်နှင့် ဆက်စပ်ကတ်များမှတ်ပုံတင်ခြင်း၊ ပို့ကုန်သွင်း ကုန် လိုင်စင် ပါမစ်များအား Online စနစ်ဖြင့် လျှောက်ထားထုတ်ပေးနိုင်မည့် Myanmar Tradenet 2.0 စနစ်အား စတင်မိတ်ဆက်ခြင်း( Soft Launch) အခမ်းအနားအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ Myanmar Tradenet 2.0 စနစ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ နည်းပညာ နှင့် ငွေကြေး ပံ့ပိုးကူညီခဲ့ပါသည်။

 

ပထမ အဆင့် အနေဖြင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များသည် TradeNet အသင်းဝင်ခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ပို့ကုန်/သွင်းကုန်လုပ်ငန်း ရှင် မှတ်ပုံတင်လက်မှတ်နှင့် ဆက်စပ်ကတ်များလျှောက်ထားခြင်းများကို စနစ််တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစ၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ကုန်ပစ္စည်းအမယ်အချို့ကို စတင်လျှောက်ထားနိုင်မည် ဖြစ်ပါ သည်။ ၂၀၂၁ ဇန်နဝါရီလတွင် အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်/သွင်းကုန် ကုန်ပစ္စည်းအမယ်အားလုံးအား လျှောက်ထားနိုင်ရေး မျှော်မှန်းဆောင်ရွက် လျှက်ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်/သွင်းကုန်လိုင်စင်များ ကို အွန်လိုင်းမှ ထုတ်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက် (CERP) ပါ ပန်းတိုင် (၅) အောက်ရှိ Challenge Grant ပြိုင်ပွဲများအကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းများကို အများပြည်သူ သိရှိစေရေး သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ Digital Trade နှင် E-Commerce ဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမင်းသိမ်းအား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Myanmar Tradenet 2.0 စနစ်အား နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ အဆင့်လိုက် လွှင့်တင်လျက်ရှိရာ Myanmar Tradenet 2.0 စနစ်အသုံးပြုမှုနှင့် ပတ်သက်သည့် ပထမအကြိမ်အသိပညာပေးရှင်းလင်းပွဲ အား  (၂၈-၁၀-၂၀၂၀) ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အသိပညာပေးရှင်းလင်းခြင်းအား (၆-၁၁-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ Myanmar Tradenet 2.0 စနစ်စတင်မိတ်ဆက်ခြင်းအခမ်းအနားကို (၁၂-၁၁-၂၀၂၀)  (ကြာသပတေးနေ့) နံနက် (၁၀ : ၀၀) အချိန်မှစတင်၍ Webinar Awareness ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ၍ ကုန်သွယ်မှုလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် https://us02web.zoom.us/webinar/register/WN_d4iCgZ3ATamZmS2opQYzvQ တွင် Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါရန်နှင့် တက်ရောက်နိုင်သည့် လူဉီးရေအကန့်အသတ်ရှိသည့်အတွက်ကြိုတင် Register ပြုလုပ်ထားနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

Webinar Link : https://us02web.zoom.us/webinar/register/WN_d4iCgZ3ATamZmS2opQYzvQ

Pages

Subscribe to နောက်ဆုံးရ သတင်း