နောက်ဆုံးရ သတင်း
၂၀၂၀ပြည့်နှစ်ဩဂုတ်လ ၂၅ ရက်ကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)တွင် M–STEP စီမံကိန်း၏ ကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်း အခြေခံသင်တန်းကို သင်တန်းခန်းမ၌ သင်တန်းသားများကိုယ်တိုင် တက်ရောက်သင်ကြားခြင်း နှင့် Online စနစ်ဖြင့်ပို့ချခြင်း၊ နည်းစနစ်နှစ်မျိုးဖြင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အောက်ရှိအရာထမ်း/အမှုထမ်းများအားကုန်သွယ်မှုဆိုင်ရာအချက်အလက်များပေါ်မူတည်၍ သုံးသပ်ချက်များပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
သင်တန်းကျင်းပရာတွင် သင်တန်းတက်ရောက်သူအရာထမ်း/အမှုထမ်းသင်တန်းသားစုစုပေါင်း ၃၀ဦးအနက် သင်တန်းသား ၁၅ ဦးကို Social Distancing စနစ်ဖြင့် သင်တန်းခန်းမတွင် လည်းကောင်း၊ ကျန်သင်တန်းသား ၁၅ ဦးကို Online စနစ်ဖြင့်လည်းကောင်း ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
၎င်းကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်းအခြေခံသင်တန်းကို၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၅ ရက်မှ ၂၇ ရက် အထိ ကျင်းပမည် ဖြစ်ပြီးသင်တန်းကျင်းပပြုလုပ်ရာတွင် COVID -19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်နှင့် အညီကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်းနှင့် National Infrastructure Holding Co.,Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Resources Group Logistics သို့ သွားရောက်လေ့လာကြည့်ရှုခြင်းများဆောင်ရွက်
ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet Website မှတစ်ဆင့် Fully Online စနစ်ဖြင့် ပို့ကုန် သွင်းကုန်လိုင်စင်များနှင့် Online CO Form များ လျှောက်ထားရာတွင် လွယ်ကူအဆင်ပြေစေရန် အတွက် ၂၀-၅-၂၀၂၀ ရက်နေ့မှ ၃၁-၇-၂၀၂၀ ရက်နေ့ထိ Myanmar Tradenet အသင်းဝင်ခြင်းနှင့် သက်တမ်းတိုးခြင်းများလျှောက်ထားလာသည့် ကုမ္ပဏီ ၁၁၄၆ ခုကို ဌာနအနေဖြင့် ယာယီသက် တမ်းတိုး ဆောင်ရွက်ပေးထားခဲ့ပါသည်။
ယခုအခါ Myanmar Tradenet Member ယာယီသက်တမ်းတိုးပေးထားသည့် ကုမ္ပဏီများကို ၁-၈-၂၀၂၀ ရက်နေ့မှ 31-8-2020 ရက်နေ့အထိ Member ကြေးများ ပြန်လည်ပေးသွင်းရန် ကုမ္ပဏီများသို့ email ပေးပို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။ သို့သော်လည်း ၂၀-၈-၂၀၂၀ ရက်နေ့ထိ Member ကြေးပြန်လည် ပေးသွင်းရန် ကုမ္ပဏီ(၅၀၁) ခုကျန်ရှိနေပါသည်။
သတ်မှတ်နောက်ဆုံးရက်ထိ Member ကြေးများ ပြန်လည်ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများ အနေဖြင့် Fully Online License များ၊ Online CO Form များကို လျှောက်ထားနိုင်မည် မဟုတ်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်မှ Member ကြေးများပြန်လည်ပေးသွင်းလာပါက ယာယီသက်တမ်းတိုးပေးထားခြင်း မပြုလုပ်မီကသက်တမ်းဖြင့်သာ ပြန်လည်သက်တမ်းတိုးပေး သွားမည်ဖြစ်သည်။
Member ကြေးများပေးသွင်းရမည့် ကုမ္ပဏီများအနေဖြင့် အချိန်မီ သက်တမ်း တိုးကြေးပေးသွင်းကြပါရန် အသိပေးကြေငြာအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊ ဒေါပုံမြိုနယ်၊ မင်းနန္ဒာလမ်းမကြီးဘေး၊ MREC ဝင်းမြေဧရိယာ(၂.၈၆၄)ဧကပေါ်ရှိ သိုလှောင်ရုံ(၂)လုံးတွဲ(၁)လုံး (၁၅၀'x၂၂၀')အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချနိုင်ရေးအတွက် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂသိုလှောင်ရုံဝင်းရှိ သိုလှောင်ရုံအမှတ်(၁၂) (၁၀၀'x၃၀'x၁၄') (သွပ်၊ အုတ်၊ ကွန်)တို့အား (၃)နှစ်သက်တမ်း တစ်နှစ် တစ်ကြိမ် စာချုပ် ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ပါသည်။ သို့ပါ၍ ပူးတွဲပါ ကြော်ငြာစာ (၂)စောင်နှင့်အတူ အသိပေးကြော်ငြာအပ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် မြန်မာ-ဂျပန်စင်တာမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုးသက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ