နောက်ဆုံးရ သတင်း

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ် လုပ်သူများအသင်း ဥက္ကဌဖြစ်သူ ဦးအောင်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) မှ Virtual Platform ဖြင့် ကျင်းပပြုလုပ်သည့် INDO ASEAN Oceanic Business Summit & Expo ဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Guest of Honor အဖြစ် တက်ရောက် အမှာစကားပြောကြား

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်လွင်သည် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးဖြစ်သူ Mr. Tan Shufu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ASEAN Business Council) ၏ ဥက္ကဌဖြစ်သူ Mr. Alexander C. Feldman ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် လက်ခံတွေ့ဆုံ

 

COVID-19 Economic Relief Plan (CERP)၏ပန်းတိုင်များအနက် ပန်းတိုင် ၅.၁ (ဆန်းသစ်ထုတ်ကုန်များ မိတ်ဆက်ခြင်း) တွင်ပါဝင်သော လက်လီရောင်းချမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရမည့်စီမံချက်များကို အကောင်အထည်ဖော်နိုင်စေရန် အတွက်လည်းကောင်း၊ ကိုဗစ်ကာလအတွင်းပြည်သူများ၏ဝယ်လိုအားကျဆင်းနေခြင်းကို ပြန်လည်ကောင်းမွန်လာရေး အထောက်အကူပြုနိုင်ရန်အတွက်လည်းကောင်း"လက်လီလက်ကားရောင်းချမှုဆိုင်ရာဖိုရမ်”ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းတို့ပူးပေါင်း ၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

              အဆိုပါဖိုရမ်သို့ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိလက်လီရောင်းချသူများအသင်းများ၊ လက်လီလက်ကားရောင်းချ ဖြန့်ဖြူးမှုကဏ္ဍ တွင်ဆက်နွယ်ဆောင်ရွက်နေသူများ၊ အခြားစိတ်ပါဝင်စားသူများအားလုံး ပါဝင်တက်ရောက်နိုင် ရေးအတွက် Zoom Webinar ကို အသုံးပြုကျင်းပပြုလုပ်သွား မည် ဖြစ်ပါသည်။

              သို့ပါ၍ Zoom Webinar ဖြင့် ပါဝင်တက်ရောက်လိုသူများအနေဖြင့်၂၇-၇-၂၀၂၀ ရက်နေ့မှစတင်ပြီး အောက်ဖော်ပြပါ Registration Linkမှတစ်ဆင့် Online Registration Formကို ဖြည့်စွက်၍ စာရင်းပေးသွင်းတက်ရောက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ပါဝင်တက်ရောက်မည့်သူဦးရေ ကန့်သတ်ထားပါသဖြင့် ဆောလျင်စွာစာရင်းပေးသွင်းနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါ သည်။

ဖိုရမ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ အီးမေးလ်နှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

Email: [email protected]

Phone: 067-408319၊ 067-408414           

Registration Link:  https://us02web.zoom.us/webinar/register/WN_IkH6we8KRWCYSoR0cUf03g

 

လက်လီ၊လက်ကားရောင်းချမှုဆိုင်ရာဖိုရမ်အခမ်းအနားအစီအစဉ် ကို ပူးတွဲပါ PDF file တွင်ဖတ်ရှုနိုင်ပါသည်။

 

Pages

Subscribe to နောက်ဆုံးရ သတင်း