နောက်ဆုံးရ သတင်း

အာဆီယံနိုင်ငံများအချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမို တိုးတက်စေရန် အတွက် အာဆီယံ အွန်လိုင်းစျေးရောင်းပွဲတော် ASEAN ONLINE SALE DAY (AOSD) အား (၈-၈-၂၀၂၀) ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

 

(AOSD) ကျင်းပရခြင်းမှာ ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေးကူညီ ရန်၊ e-Commerce လုပ်ငန်းများတွင်စားသုံးသူယုံကြည်မှု ပိုမို တိုးတက်လာစေရန် ၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားတစ်ခုဖြစ်သော e-Commerce ၏ အခန်းကဏ္ဍကို ပိုမိုအားဖြည့် ပေးရန် နှင့်အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ MSMEs နှင့်စားသုံးသူများ အတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

 

(AOSD) အားအဆင့် (၂) ဆင့်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆင့် (၁)တွင် AMS နိုင်ငံများ၏ ပြည်တွင်းစျေးကွက်တွင် အီလက် ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး အသိ အမြင်မြင့်တင်ရန် ၊ ASEAN Member State နိုင်ငံများ၏ e-Commerce businesses ၊ marketplaces နှင့် platforms များကိုမြှင့်တင်လမ်းဖွင့်ပေးရန်ဖြစ်ပြီး စားသုံးသူများထံ အရောင်းမြှင့်တင်သွားရန်ဖြစ်ပါ သည်။ အဆင့်(၂)တွင်AMS နိုင်ငံအသီးသီးရှိ အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ၊ စျေးကွက်များနှင့် ပလက်ဖောင်းများသည် နိုင်ငံများစွာရှိစားသုံးသူများထံ အရောင်းမြှင့်တင် သွားရန် ၊ cross border e-Commerce trasaction တိုးတက်ရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

AOSD တွင် သက်ဆိုင်ရာအာဆီယံနိုင်ငံအလိုက် e-Commerce businesses ၊ marketplaces နှင့် platformsများ ပါဝင်နိုင်ပြီး ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှရောင်းချ၍ တားမြစ် ကန့်သတ်ထားခြင်း မရှိသော တရားဝင်စီးပွားရေးလုပ်ငန်းဆောင်ရွက်သူများ ပါဝင်ဆောင်ရွက် နိုင်ပါသည်။ AOSD Website အား အာဆီယံ Website အောက်တွင် Subdomain တစ်ခုအနေဖြင့် ချိတ်ဆက်ဆောင် ရွက်ရန်ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများမှ ပါဝင်ဆောင်ရွက်မည့် e-Commerce Link များထည့်သွင်းချိတ်ဆက်ခြင်း ၊ AOSDLogo ထည့်သွင်းခြင်းနှင့် Discount Code ထည့်သွင်းခြင်းတို့ ပါဝင်ပါသည်။

 

AOSD Website အား အာဆီယံ Website အောက်တွင် ချိတ်ဆက် ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရှိ တရားဝင် e-Commerce businesses ၊ marketplaces နှင့် platforms များဖြင့် လုပ်ကိုင်ဆောင်ရွက် နေသော မည်သည့်စီးပွားရေးလုပ်ငန်းများမဆို အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့ (ASEAN ONLINE SALE DAY) တွင်ပူးပေါင်းပါဝင်နိုင်ပါသည်။ ထို့သို့ ပူးပေါင်းပါဝင်ခြင်းဖြင့် e-Commerce လုပ်ငန်းရှင်များ ရောင်းချသည့် ကုန်ပစ္စည်းများ နှင့်ဝန်ဆောင်မှုများသည် ASEAN နိုင်ငံများနှင့် အခြားနိုင်ငံများသို့ လျှင်မြန်စွာစျေးကွက်ထိုးဖောက်နိုင်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ နာမည်ကျော် e-Commerce လုပ်ငန်းများလည်း ပါဝင်ချိတ်ဆက်ကြမည်ဖြစ်ပါသည်

 

မြန်မာနိုင်ငံရှိ e-Commerce လုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့် (AOSD) တွင်ပါဝင်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်လိုသည့် eCommerce လုပ်ငန်းများ အနေဖြင့် အောက်ပါပုံစံတွင်ဖြည့်သွင်း၍ ကုန်သွယ်ရေးဦးစီးဌာန [email protected] သို့ (၂၁.၇.၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပေးပို့သွားပါရန်နှင့် အသေးစိတ်အချက် အလက်များကို သိရှိလို ပါက ၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၊ ယူနန်ပြည်နယ်အစိုးရတို့နှင့် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍရှိ စီးပွားရေး လုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် အသိပညာ၊ ဗဟုသုတများ ရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပို့ကုန် လုပ်ငန်းရှင်သစ်များ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန် Trade Training Institute ကို ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စတင် ဖွင့်လှစ်ကာ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ပတ်သက်၍ စာတွေ့/ လက်တွေ့များ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပို့ချပေးလျှက်ရှိပါသည်။ ယခုအခါ International Trade Basic Course (Weekend Programme) (Batch-6) ကို (၁၈-၇-၂၀၂၀) ရက်နေ့ တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
 
သင်တန်းတွင် ကုမ္ပဏီတစ်ခု တည်ထောင်သည်မှစ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်း ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ နိုင်ငံတကာ ကုန်သွယ်မှုသီအိုရီနှင့် သဘောတရားများ၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ၊ စံချိန် စံညွှန်းများ၊ ဈေးကွက် သုတေသန၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ မူဝါဒ များ အစရှိသည့် ဘာသာရပ်များကို စီးပွားရေးပညာရှင်များ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဝန်ကြီး ဌာန အသီးသီးမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင် များက ပို့ချဆွေးနွေးမည် ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ လေ့လာရေးခရီးစဉ်များ စီစဉ် ပေးခြင်းတို့ သင်တန်းတွင် ပါဝင်မည် ဖြစ်ပါသည်။
 
သင်တန်းကို အမှတ် (၂၂၈-၂၄၀) ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသ ကြီးရုံး) စတုတ္ထထပ်ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ တစ်ပတ်လျှင် (၂) ရက် (စနေ၊ တနင်္ဂနွေ) (နံနက် ၀၉:၀၀ နာရီမှ ၁၂:၀၀ နာရီထိ) ဖြင့် (၁၀) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။
 
သင်တန်းဝင်ခွင့်လျှောက်ထားမှုအား https://bit.ly/2BGynZL မှတဆင့် အွန်လိုင်းမှ အချက်အလက် ဖြည့်သွင်း လျှောက်ထား နိုင်မည်ဖြစ်ပြီး COVID-19 ကာလ ဖြစ်သည့်အတွက် Social Distancing အရလူဦးရေ ကန့်သတ်ထား သည့် အတွက် ( ၁၄-၇-၂၀၂၀ ) ရက် နောက်ဆုံး ထားလျှောက်ထားကြပါရန် နှင့် သင်တန်းတက်ရောက်ရန် ရွှေးချယ်ခံရသူများအား လျှောက်ထား သည့် အီးမေလ်းမှ တဆင့် ပြန်လည် အသိပေး အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် မြန်မာ-ဂျပန်စင်တာမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုးသက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဆီကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်သူ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

 

Pages

Subscribe to နောက်ဆုံးရ သတင်း