နောက်ဆုံးရ သတင်း

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်၍ E-commerce Virtual Conference အား Virtual စနစ်ဖြင့်ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ အရန်ဆန်ပေးသွင်းခြင်း၊ လက်ခံခြင်းနှင့် သိုလှောင်ထားရှိခြင်းဆိုင်ရာကိစ္စရပ်များနှင့် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာတွင် နိုင်ငံတစ်နိုင်ငံတည်းကို ရောင်းချခြင်းမျိုးမဖြစ်စေဘဲ စျေးကွက်သစ်များရရှိရေး စီမံဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

EIF အစီအစဉ် Tier 2 အဆင့် မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးမြှင့်တင်ရေးဆိုင်ရာစီမံကိန်း (Myanmar Services Trade Enhancement Project - MSTEP) ၏ Sub-component I.3: Services Trade and Investment Portal - STIP အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ပမှလုပ်ဆောင်နိုင်စွမ်းရှိသော အဖွဲ့အစည်းတစ်ခုကို စာချုပ်ချုပ်ဆိုငှားရမ်းမည်ဖြစ်ပါသဖြင့် လျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါ Request for Expression of Interest တွင် အသေးစိတ်လေ့လာဖတ်ရှု၍ လျှောက်ထားနိုင်ပါသည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းမြှင့်တင်ခြင်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အနာဂတ်တွင် အလားအလာကောင်းများရှိသော အီလက်ထရွန်နစ် အသုံးပြုကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် Joint Statement on E-Commerce တို့တွင် ဝင်ရောက်ထောက်ခံခဲ့ပြီး E-Commerce ဆိုင်ရာ ဒေသတွင်း လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတွင်း e-commerce အသုံးပြုမှုကို အရှိန်အဟုန် မြှင့်တင်ရေး အတွက် အစိုးရ - ပုဂ္ဂလိက ဆွေးနွေးမှုများအား ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

COVID- 19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) ၏ ပန်းတိုင် ၅ အရ အချိန်တိုအတွင်း အကောင်အထည် ဖော်ရမည့် E-commerce နှင့်စပ်လျဉ်းသော ဆောင်ရွက်ရန် စီမံချက် ငါးခုအား မြန်ဆန်စွာ စတင်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ဖွံ့ဖြိုးမှုမိတ်ဖက် များ နှင့်လည်း နည်းပညာအထောက်အပံ့များရရှိနိုင်ရေး ဆွေးနွေးလျက်ရှိပါသည်။

ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား အများပြည်သူ သိရှိစေရန်နှင့် စီမံချက် များအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များအား စနစ်တကျဖော်ထုတ်နိုင်ရေး ရည်သန်၍ မြန်မာနိုင်ငံ၏ ပထမဆုံး E-Commerce Virtual Conference ကို ၂၀၂၀ ပြည့်နှစ်၊ မေလ  ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ Conference ၏ Theme မှာ “အကြပ်အတည်းကို ရင်ဆိုင်ကာ ရေရှည်ရှင်သန်နိုင်ဖို့ အီးကောမက်စ်ကို အရှိန်မြှင့်စို့” ဖြစ်ပါသည်။

Conference တွင် Session (၄) ခု ပါဝင်ပြီး Session 1 တွင် (CERP Action Plan 5.1.2 a) အရ လက်ကားစီးပွားရေးလုပ်ငန်းများက e-Commercemarketplaces/ platforms များတွင် ဝင်ရောက် ရောင်းချနိုင်ရေးအတွက် အားပေးဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေး သွားမည်ဖြစ်ပါ သည်။ Session 2 တွင် CERP Action Plan 5.1.1 b အရ e-payment စနစ်မြှင့်တင် အသုံးပြုရေး အတွက် ဘဏ်များ၊ Payment Service Provider များနဲ့ ဆွေးနွေးခြင်းဖြစ်ပါသည်။

Session 3 တွင် CERP AP 5.1.2 b အရ အွန်လိုင်းမှ ဝယ်ယူသူများအတွက် last mile delivery services များအား အားပေးမြှင့်တင် ဆောင်ရွက် နိုင်ရေးအတွက် Delivery လုပ်ငန်းဆောင်ရွက်နေ သူများနှင့် ဆွေးနွေးခြင်း ဖြစ်ပါသည်။

Session 4 တွင် E-Commerce Eco-system ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရေးရာပိုင်းကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

Panel Session များတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် Industry Player များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

Conference ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင် တက်ရောက်သူများအနေနှင့် စိတ်ပါဝင်စားသည့် Session များအား ဝင်ရောက်နားဆင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Conference ၏ တက်ရောက်နိုင်သည့်ဦးရေမှာ (၄၅၀) ဦးဖြစ်ပါသဖြင့် လူဦးရေ ကန့်သတ်ထားမှုအရ First Come, First Served ဖြစ်ပါကြောင်းနှင့် တက်ရောက်လိုသူများအနေနှင့် Register ပြုလုပ်လိုသည့် အီးမေးလ်လိပ်စာအား [email protected] သို့ ပေးပို့ပေး နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

 

Agenda of The First E-Commerce Virtual Conference in Myanmar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် မတ်ပဲ စျေးကွက်လမ်းညွှန်စာအုပ်အား ပြုစုလျှက် တိုင်းဒေသကြီး /ပြည်နယ်များတွင် ဖြန့်ဝေရန်စီစဉ်ဆောင်ရွက်လျှက်ရှိသဖြင့်  အိန္ဒိယနိုင်ငံ၏မတ်ပဲတင်သွင်းမှုဆိုင်ရာ အချက်အလက်များအား မြန်မာသံရုံး၊ နယူးဒေလီမြို့ရှိ စီးပွားရေးသံမှူးမှ အချက်အလက်များ တင်ပြလာမှုအား ပူးတွဲပါ PDF  လေ့လာဖတ်ရှုနုင်ပါရန် ဖော်ပြအပ်ပါသည်။

Attachment Files:

Pages

Subscribe to နောက်ဆုံးရ သတင်း