နောက်ဆုံးရ သတင်း
၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chan Hai တို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကူးသန်းရောင်း ဝယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား Video Conferencing စနစ်ဖြင့် ဆွေးနွေး
နေပြည်တော်၊ မေ ၁၅
ကိုဗစ်ရောဂါကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို လျော့ပါး သက်သာစေရေးနှင့် ခိုင်မာသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အချိန်တိုအတွင်း ရရှိနိုင်ရေး နိုင်ငံတော်အစိုးရက လုပ်ဆောင်စဉ်ကာလအတွင်း ဆန်းသစ်ထုတ်ကုန်များကို တိုးမြှင့်မိတ်ဆက် နိုင်ရန် ရည်မှန်းချက်ဖြင့် E-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းနိုင်ရန် E-Commerce Virtual Conference တစ်ခုကို မေလ ၂၈ ရက်နေ့တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါ ကွန့်ဖရင့်ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အားလုံး တစ်ပေါင်းတည်းကျော်လွှားခြင်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ၏ ပန်းတိုင် ၅ အောက်တွင် ပါဝင်သော E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် စီမံချက် များအရ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် အစိုးရ-ပုဂ္ဂလိက ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။ ကွန့်ဖရင့်ကို Application အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၊ ဆက်စပ်အသင်းအဖွဲ့များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ်၊ မေလ ၁၃ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရာသီအမီ သွင်းအားစုဓာတ်မြေသြဇာများ၊ ပို့သတ်ဆေးများ အချိန်မီရရှိစေရေးနှင့် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာတွင် နိုင်ငံတစ်နိုင်ငံတည်းကို ရောင်းချခြင်းမျိုးမဖြစ်စေဘဲ စျေးကွက်သစ်များရရှိရေး စီမံဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း
၁။ ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းထားရှိပါသည်။
၂။ ယင်းဥပဒေပြဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန် ရငွေအားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ (၆)လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်း အသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိပါသည်။
၃။ ၂၀၁၇ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ယနေ့အထိ ပို့ကုန်ရငွေ အားလုံးကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ(၄၅၃)ခုရှိသည်ကို စိစစ်တွေ့ရှိရ သဖြင့် အဆိုပါကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်ရက်မှ ရက်ပေါင်း(၆၀)အတွင်း ပို့ကုန်ရငွေ အားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် နှိုးဆော်ခဲ့ပြီး ယင်းကာလအတွင်း ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ပိတ်သိမ်းခြင်း အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၇-၁-၂၀၂၀ ရက်နေ့မှစ၍ အသိပေးကြေညာခဲ့ပါသည်။
၄။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆဌမအကြိမ်အဖြစ် ပို့ကုန်ရငွေ အပြည့်အဝပြန်လည်ဝင်ရောက်လာသော ကုမ္ပဏီ(၃)ခုစာရင်းနှင့်ကျန်ရှိသော ပို့ကုန် ရငွေအတွက် ငွေပြန်လည်ဝင်ရောက်မည်မဟုတ်ကြောင်း အထောက်အထားများနှင့်အတူ တင်ပြ ထားသည့် ကုမ္ပဏီ(၁)ခုစာရင်းအား ပေးပို့လာခဲ့ပါသဖြင့် ပို့ကုန်ရငွေ ပြန်လည်ထည့်သွင်းရန် ကုမ္ပဏီ (၃၁၉)ခု ကျန်ရှိနေပါသည်။
၅။ အဆိုပါ ကုမ္ပဏီ(၃၁၉)ခုအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေအားလုံးကို မိမိတို့ ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။ (အသေးစိတ် ကုမ္ပဏီအမည်စာရင်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Website- www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၁ ရက်
၂၀၂၀ ပြည့်နှစ်၊ မေလ ၁၁ ရက်နေ့ (၁၀:၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံလမ်းညွှန်မှာကြားသည့် အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား