နောက်ဆုံးရ သတင်း

COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) ၏ ပန်းတိုင် (၅) အောက်ရှိ လုပ်ငန်းအစီအစဉ် - ၅.၂.၁ (ဃ) အရ Application developer များနှင့် Application တီထွင် သုံးစွဲနေသူများကို Challenge Grant ဆုများ ပေးအပ်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ UNDP မြန်မာ၏ ငွေကြေးအထောက်အပံ့ဖြင့် MoCOM E-Commerce Innovation Challenge ပြိုင်ပွဲတွေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိပါတယ်။

MoCOM E-Commerce Innovation Challenge ရဲ့ ပထမပြိုင်ပွဲများဖြစ်တဲ့ Building Resilience Against Covid-19 နဲ့ MSMEs on-boarding and Acceleration (And Formalization) စိန်ခေါ်မှုတို့ရဲ့ ဆန်ကာတင် အဖွဲ့များစာရင်းကို ထုတ်ပြန်လိုက်ပါပြီ။ ရွေးချယ်ခံရတဲ့ အဖွဲ့တွေအနေနဲ့ နောက်ထပ်အဆင့်တွေမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ Video Presentation တွေကို ပေးပို့သွားရမှာဖြစ်ပြီးတော့ ပေးပို့လာတဲ့  Video Presentation တွေ နဲ့ အဆိုပြုလွှာတွေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းထားတဲ့ ဆုရွေးချယ်အကဲဖြတ်ရေးကော်မတီက သတ်မှတ်စံနှုန်းများနှင့် အညီ ပထမပြိုင်ပွဲအတွက် ဆု (၇) ဆုနှင့် ဒုတိယပြိုင်ပွဲအတွက် ဆု (၅) ဆုအသီးသီးကို ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။ အနိုင်ရပြိုင်ပွဲဝင်များစာရင်းကို ဆက်လက်ထုတ်ပြန် သွားမှာဖြစ်ပါတယ်။

ဆန်ကာတင်ရွေးချယ်ခံရသောစာရင်း

No.

Theme One - Building Resilience Against Covid-19

Theme Two MSMEs - on-boarding and Acceleration

1.

Adapt.MM

MMQuick Shop

2.

Agri-Commerce Team

Bambou Tree Myanmar

3.

Harmony Myanmar Agro Group

Myaniture Co., Ltd.

4.

RecyGlo

Momolay Co., Ltd.

5.

Burma’s Pride (Kyi Cin Shwe)

4zay

6.

Hana Emi Co., Ltd.

Myanmar Youth Empowerment Opportunities (MYEO)

7.

Myanamr Workstation Co., Ltd.

SHARRTZ.org.

8.

Garage Team

ONELINK Technologies Co., Ltd.

9.

Myanmar Youth Empowerment Opportunities (MYEO)

BizHuz Limited

10.

Agri-RS

Marathon Myanmar

11.

Future 3D Modeling Service

Capstone Myanmar

12.

The Future

EzySign

13.

Bards Ltd

Daung Co., Ltd.

14.

Motar2Click

 

15.

Capstone Myanmar

 

 

ဆက်လက်၍ MoCOM E-Commerce Innovation Challenge ရဲ့ ဒုတိယမြောက် စိန်ခေါ်ပွဲ များအတွက် စာရင်းသွင်းလျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သတင်း ကောင်းပါးလိုပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ UNDP မြန်မာ၏ ငွေကြေး အထောက်အပံ့ဖြင့် ကျင်းပပြုလုပ်လျက်ရှိတဲ့ MoCOM E-Commerce Innovation Challenge ရဲ့ ဒုတိယစိန်ခေါ်မှုများကတော့ (၁) Women in E-Commerce နဲ့ (၂) Consumer Rights & Online Intellectual Property (IP) တို့ဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုတွေမှာ တည်ရှိနေဆဲ ကုမ္ပဏီများဖြစ်တဲ့ (အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးကော်ပိုရေရှင်းများ၊ အဖွဲ့အစည်းများ) မှ စိတ်ပါ၀င်စားသူ များ၊ စွန့်ဦးတီထွင်လုပ်ငန်းငယ်များ၊ E-Commerce အကြောင်း စိတ်ပါဝင်စားသူများနှင့် တစ်သီးပုဂ္ဂလအဖွဲ့များ ပါဝင်နိုင်ပါတယ်။ စိန်ခေါ်မှု တစ်ခုချင်းစီအတွက် ဆုကြေးငွေ ဒေါ်လာ ၁၀၀၀၀ စီ ပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ စိန်ခေါ်မှုမှာ ပါဝင်ဖို့ စာရင်း သွင်းပြီးတာနဲ့တစ်ပြိုင်နက် မိမိဆန်းသစ်တီထွင်ထားတဲ့ အကြံဉာဏ် (အိုက်ဒီယာ) အသေးစိတ်ကို တင်သွင်းနိုင်ပြီဖြစ်ပါတယ်။

စိန်ခေါ်မှုတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်း နိုင်ပြီး မိမိရဲ့ဖြေရှင်းချက်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နောက်ဆုံထားပြီး တင်သွင်းနိုင်ပါပြီ။

ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ ကြုံတွေ့နေရတဲ့ E Commerce ဆိုင်ရာ အခက်အခဲတွေ ကို ဖြေရှင်းနိုင်မယ့် အကြံဉာဏ်ကောင်းတွေ ရှိမယ်ဆိုရင် MoCom E-Commerce Innovation Challenge ကို ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စိန်ခေါ်ပွဲများအကြောင်း အသေးစိတ် သိရှိလိုပါက https://www.connectthedot.com.mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးအား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

သင်တန်းတက်ရောက်ခွင့်ရရှိသောကိုယ်စားလှယ်များထံသို့ Online သင်တန်းတက်ရောက်ရန် Webinar ID နှင့် အချက်အလက်များ ပေးပို့သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ email အားစစ်ဆေးပေးရန်၊ စာရင်းပါဝင်းပြီး email ရောက်ရှိမှုမရှိသော ကိုယ်စားလှယ်များနှင့် ဇယားတွင် Highlight ဖြင့်ဖော်ပြပေးထားသော ကိုယ်စားလှယ်များအနေဖြင့် ၀၆၇-၄၀၈၂၂၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်မရရှိသည့် ကိုယ်စားလှယ်များအနေဖြင့် Commercial News Facebook Page တွင် တိုက်ရိုက် Live ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Sherif Salah Eldin Elleithy အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ယခင်က လူကိုယ်တိုင် လာရောက်လျှောက်ထားရသော ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် Myanmar Tradenet အသင်းဝင်ခွင့်လျှောက်ထားခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များလျှောက်ထားခြင်း၊ ပင်လယ်ရေကြောင်း/ နယ်စပ် ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်လျှောက်ထားခြင်းများအား အင်တာနက်ရရှိသည့် မည်သည့် နေရာမှမဆို လျှောက်ထားထုတ်ယူပြီး ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကိုများစွာ အထောက်အကူပြုသည့်စနစ်တစ်ခုဖြစ်သည့် Myanmar Tradenet 2.0 စနစ် အသုံးပြုမှုအား Media များနှင့် တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါအခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ၊ USAID မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Information Matrix Co., Ltd. မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် Media (၂၄) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူးမှ Myanmar Tradenet 2.0 စနစ် အကျဉ်းချုပ်အား ရှင်းလင်းတင်ပြခြင်းနှင့် Virtual Meeting ဖြင့် တက်ရောက်လာသည့် Media များ၏ တာဝန်ရှိသူများမှ သိရှိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခြင်း အစီ အစဉ်များဖြင့် အခမ်းအနားကို ကျင်းပခဲ့ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း