ဗဟိုဝန်ထမ်းတက္ကသိုလ် အရာထမ်းငယ်အခြေခံသင်တန်းဆင်းပွဲများကျင်းပခြင်း
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၈)ကို ဇီးပင်ကြီးမှာ (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၁၈)ကို ဖောင်ကြီးမှာ (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း Virtual Online စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)ရဲ့ Online စနစ်ဖြင့် ဖွင့်လှစ်တဲ့ သင်တန်းတွေမှာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းငယ်အခြေခံသင်တန်းသားများ တက်ရောက်ခဲ့ပါသည်။(အထက်မြန်မာပြည်) သင်တန်း အမှတ်စဉ်(၈၈) တန်းခွဲ (က)တွင် သင်တန်းသား (၆၀)ဦး၊ တန်းခွဲ (ခ)တွင် သင်တန်းသား (၆၀)ဦးနှင့် စုစုပေါင်း (၁၂၀)ဦး၊ (အောက်မြန်မာပြည်) သင်တန်း အမှတ်စဉ်(၁၁၈) တန်းခွဲ (က)တွင် သင်တန်းသား (၅၉)ဦး၊ တန်းခွဲ (ခ)တွင် သင်တန်းသား (၆၀)ဦးနှင့် စုစုပေါင်း (၁၁၉)ဦး တက်ရောက်ခဲ့ပါသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေနှင့် (အထက်မြန်မာပြည်)သင်တန်း အမှတ်စဉ်(၈၈)တွင်၊WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသော အဖွဲ့ အစည်း များဌာနခွဲမှ ဒု-ဦးစီးမှူး (၁)ဦး၊ (အောက်မြန်မာပြည်)သင်တန်းအမှတ်စဉ်(၁၁၈)တွင်၊ ပို့ကုန်သွင်း ကုန်လုပ်ငန်းဌာနခွဲမှ ဒု-ဦးစီးမှူး (၁)ဦး၊ ဌာနတွင်းလုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနခွဲမှ ဒု-ဦးစီးမှူး (၁)ဦး၊ စုစုပေါင်း (၃)ဦး တို့မှ မော်တော်ယာဉ်ဌာနဘေးရှိ Multimedia Classroom တွင် တက် ရောက်ခဲ့ပါသည်။
သင်တန်းတွင် ဘာသာရပ်များအား သက်ဆိုင်ရာတက္ကသိုလ်များရှိ နည်းပြများမှ Online Learning System ဖြင့် သင်ကြားပို့ချခဲ့ပါသည်။သင်တန်းသားများအနေနှင့် ဘာသာရပ်တာဝန်ခံ နည်းပြများ Online စနစ်နဲ့ သင်ကြားပို့ချပြီးချိန်တွင် Quiz and Discussion (QD) မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများကို Online စနစ်ဖြင့် ဆောင်ရွက်ခဲ့ရပြီး စာမေးပွဲများ ဖြေကြားခြင်းကိုလည်း Online စနစ်ဖြင့် ဖြေကြားခဲ့ရပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၈) (Online)ရဲ့ သင်တန်းဆင်းပွဲကို (၁-၃-၂၀၂၁) ရက်နေ့ (၁၅း၀၀)နာရီအချိန်မှာလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၈) (Online)ရဲ့ သင်တန်းဆင်းပွဲကို (၁-၃-၂၀၂၁) ရက်နေ့ (၁၆း၀၀)နာရီအချိန်မှာလည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ကုန်သွယ်မှုပညာပေးရေးဌာနခွဲ