နောက်ဆုံးရ သတင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿ ရအမှူးပြုတော်မူပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့်ဇနီးဒေါ်မြင့်မြင့်သန်း မိသားစု၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးသာအေးနှင့်ဇနီးဒေါ်ဝေဝေခိုင်မိသားစု၊ အလှူရှင်များ၊ကျွန်းလှမြို့နယ်သူမြို့နယ်သားများ စုပေါင်းကောင်းမှုဖြင့် ကျွန်းလှမြို့ သီတဂူစက္ခုဒါနဆေးရုံတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၁)ရက် နံနက်(၀၈း၀၀)နာရီအချိန်က ကျွန်းလှမြို့ သီတဂူစက္ခုဒါန ဆေးရုံးဝင်းအတွင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စက္ခုဒါနဆေးရုံတွင် တန့်ဆည်၊ကန့်ဘလူ၊ကျွန်းလှ၊ကောလင်း၊အင်းတော်၊ပင်လယ်ဘူး၊ဝန်းသို၊နှင့် အခြားမြို့နယ်များမှ ပြည်သူများအား ဒီဇင်ဘာလ(၁၈)ရက်နေ့မှ(၂၅)နေ့အထိ မျက်စိဝေဒနာရှင်များနှင့်သွားခံတွင်း ဝေဒနာ ရှင်များ စုစုပေါင်း(၅၀၀၀)ကျော်တို့အား အခမဲ့ ခွဲစိတ်ကုသပေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ဒီဇင်ဘာလ(၂၁)ရက် နေ့နံနက်ပိုင်း တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးတိုးအောင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါလျက် တန့်ဆည်မြို့ ရန်အောင်မြင်ဘုရား တွင်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မွန်းလွှဲပိုင်း တွင် ကန့်ဘလူမြို့နယ်ရှိဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များလိုက်ပါလျက် ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ် မူးကမ်း-ဆူးတပ်ကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာလျှပ်စစ်မီးရရှိရေး အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
အီတလီနိုင်ငံ၊ မီလန်မြို့တွင် ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိ (၆)လကြာ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ကုန်စည်ပြပွဲ သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် မှ ကုမ္ပဏီများက ဆန်စပါးလုပ်ငန်း အစုအဖွဲ့ (Rice Cluster) တွင် ဆန်စပါးနှင့် ပဲမျိုးစုံအား သွားရောက်ပြသရန် ဆောင်ရွက်လျှက် ရှိပါသည်။
Expo-Milano 2015 ပြပွဲတွင် လာရောက်ပြသမည့် နိုင်ငံပေါင်း ( ၁၄၅ ) နိုင်ငံ တွင် ဥရောပမှ (၃၂)နိုင်ငံ၊အာရှ မှ (၄၁) နိုင်ငံ၊ အာဖရိက မှ (၄၃) နိုင်ငံ၊ သမုဒ္ဒရာ ကျွန်းစုများ မှ (၃)နိုင်ငံ၊ အမေရိက မှ (၂၆) နိုင်ငံ တို့ပါဝင်ပြီး ကုန်စည်ပြပွဲ ဆောင်ပုဒ်မှာ Feeding the Planet, Energy for Life ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း (၁၄၅) နိုင်ငံရှိ ကုမ္ပဏီများမှ နိုင်ငံထွက်ကုန် ပစ္စည်းများ အား လာရောက်ပြသမည်ဖြစ်ရာ ဆန်စပါး၊ ကိုကာ၊ ကော်ဖီ ၊ သစ်သီးဝလံနှင့် ပဲ၊ ဟင်းခတ်အမွှေး အကြိုင်၊ ကောက်နှံနှင့် ဥ၊ မြေထဲပင်လယ်ဒေသ စားသောက် ကုန် များ၊ ရေထွက် စားသောက်ကုန် များ၊ မိုးနည်း ရပ်ဝန်းဒေသထွက် စားသောက်ကုန်များ စသဖြင့် သီးနှံလုပ်ငန်း အစုအဖွဲ့ ( Agro Cluster) (၉) ခုခွဲခြား၍လည်း ပြသသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဝင်ရောက် ပြသမည့် ဆန်စပါးလုပ်ငန်းအစုအဖွဲ့ (Rice Cluster) တွင် ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဆီရီယာလီရွန် နိုင်ငံများမှ ပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲသို့လာရောက်ပြသသည့် ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်း အချင်းချင်း စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲများ နှင့် အစည်းအဝေးများပြုလုပ် နိုင်ရေး Expo Business Meeting Team မှ စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်သည်။ ကမ္ဘာ့ကုန်စည်ပြပွဲများ အား နိုင်ငံအလိုက် (၅) နှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့ တွင် ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အာရပ်စော်ဘွားများ နိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
Expo-Milano 2015 ကမ္ဘာ့ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ မှ သွားရောက်ပြသခြင်းဖြင့် လယ်ယာ ထွက်ကုန် ဖြစ်သော ဆန်စပါးနှင့် ပဲမျိုးစုံတို့ကို ဥရောပ နိုင်ငံများ နှင့် ကမ္ဘာ့နိုင်ငံများသို့ ဈေးကွက်သစ် ထိုးဖောက်နိုင်ရေးအတွက် ကြီးမားသော အခွင့်အလမ်းတစ်ရပ်ကို ရရှိလာနိုင်မည် ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ဝတ်ရွတ်နေစဉ်