နောက်ဆုံးရ သတင်း

     ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊  WTOနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာနခွဲမှ Trade Sector Working Group (TSWG) အဖွဲ့၏ ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးအား ၁၃.၁.၂၀၁၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ရုံးအမှတ်(၃) မြေညီထပ်အစည်းအဝေးခန်းမ သစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)ယာဉ်ရပ်နားကွင်းအနီးမော်တော်ယာဉ်ရုံးခန်း အဆောက်အဦသစ် ပြောင်းရွှေ့ဖွင့်လှစ်ရာ ၁၃.၁.၂၀၁၅ ရက်နေ့နံနက် ၆း၀၀နာရီအချိန်၌ သံဃာတော်များအား အာရုံဆွမ်းကပ်၍ အန္တရာယ်ကင်း ပရိတ်တရားနာကြားခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် အသုံးပြုရန် အတွက် e-government လုပ်ငန်းများနှင့် ပတ်သက်သည့် အောက်ပါကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း(၄)မျိုးလိုအပ်လျက်ရှိပါသဖြင့် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန်ဖိတ်ခေါ်အပ်ပါသည် -

                           (က)    Update Application Software                                                (၁) Nos

                         (Trade Data Upgrade)

                           ( ခ )     Window server 2012 R2 Enterprise 64 Bit 5 CALS                 (၃) Nos

                           ( ဂ )     Air Con For Server (2 hr power)( Panasonic)                        (၁) Nos

                           (ဃ)    CCTV Camera System                                                         (၁) Set

၂။            တင်ဒါပိတ်ရက်နှင့်အချိန်မှာ (၂၇-၁-၂၀၁၅)ရက်နေ့(၁၃:၀၀)နာရီဖြစ်ပါသည်။

၃။            တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် - ၀၆၇-၄၀၈၀၁၀ နှင့် အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်းဆက်သွယ် စုံစမ်း နိုင်ပါသည်။

 

 

စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဖုန်း - ၀၆၇-၄၀၈၀၁၀ ၊ ၀၆၇-၄၀၈၂၄၀

(၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် အထိမ်းအမှတ် ရိုးရာ မနောပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၈)ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ မနောကွင်း၌ ကျင်းပပြုလုပ်ရာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် အထိမ်းအမှတ် ရိုးရာမနောပွဲ မနောအိမ် တော်တွင် ကြိုဆိုခြင်းအခမ်းအနားကို ဇန်နဝါရီလ(၆)ရက် မွန်းလွှဲပိုင်းက ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မနောကွင်း မနောအိမ်တော်၌ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့် တက်ရောက်အားပေးပြီး (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကုန်စည်ပြပွဲ တွင် ခင်းကျင်းပြသထားသည့်အရောင်းဆိုင်ခန်းများအားကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း