နောက်ဆုံးရ သတင်း
(၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် အထိမ်းအမှတ် မနောမြေ ကုန်သွယ်မှုဗဟိုဌာနဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၇)ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကုန်သွယ်မှုမြှုင့်တင်ရေးဦးစီးဌာရုံးတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ဖွင့်လှစ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည် မြန်မာ-ဂျပန် စင်တာဆိုင်ရာပူးတွဲကြီးကြပ်ရေးကော်မတီ(MJC)မှ Chief Advisor, Mr.Morimasa KANAMARU နှင့် Business Course Manager, Dr.သန်းသန်းအောင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
၉.၁.၂၀၁၅ ရက်နေ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ ဝတ်ရွတ် ပူဇော်ပွဲ;;;;;;;;;;;;;;
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် ကမ္ဘာ့ဘဏ်မှကျွမ်းကျင်သူကိုယ်စားလှယ်အဖွဲ့သည် ၈.၁.၂၀၁၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီ အချိန်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြေညီထပ်တိုးချဲ့အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီးကုန်သွယ်မှုနှင့်သက်ဆိုင်သည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပတ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်သောကြာသပ တေး နေ့စကားဝိုင်း (Thursday Talk) အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြည်မာလာမှ “ Workshop On Strengthening Capacity For Legislative Development In Myanmar ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေခိုင်ကျော်မှ “ WTO/ITD Regional Advanced Trade Negotiation Simulation Skills Course” ခေါင်းစဉ်ဖြင့် လည်းကောင်း ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်မှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။