နောက်ဆုံးရ သတင်း

 “အာဆီယံ-ကိုရီးယားကုန်စည်ပြပွဲ”

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပတ်စဉ်ကျင်းပမြဲဖြစ်သော ကြာသပတေးနေ့ စကားဝိုင်း(Thursday Talk)အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာကုန် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတိုးအောင်မြင့်နှင့် ရုံးအဖွဲ့မှူးဦးဦးဟန်တို့ တက်ရောက်ခဲ့ပြီး ကုန်သွယ်မှုမြင့်တင်ရေးဦးစီး ဌာန၊ညွှန်ကြားရေးမှူးဒေါ်နော်မူတာကပေါမှ  “အာဆီယံ-ကိုရီးယားကုန်စည်ပြပွဲ” ခေါင်းစဉ်ဖြင့်ဆွေး နွေးခဲ့၍ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးတိုးအောင်မြင့်မှ ဖြည့်စွက်ဆွေးနွေးပြီး အမှတ်တရလက်ဆောင်ချီးမြှင့်ပေးခဲ့ ကြောင်းသတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဒီပဲယင်းမြို့နယ်အသင်း(ရန်ကုန်) ဓမ္မာရုံတည်ဆောက်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ(၁ရး၃၀) နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Western Park တွင်ကျင်းပပြုလုပ်သော ဒီပဲယင်းအသင်း(ရန်ကုန်) ဓမ္မာရုံတည်ဆောက်ရေးအတွက် အလှူငွေများပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့သည် AEON Co., Ltd မှ Chief Representative ဖြစ်သူ Mr.Yoshimitsu KAWATO  ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် ဒုတိယဝန်ကြီးဒေါက်တာ ပွင့်ဆန်းသည် AEON Co., Ltd မှ Chief Representative ဖြစ်သူ Mr.Yoshimitsu KAWATO  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည် တယ်ဟုန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ကောက်စူရွှင်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည် တယ်ဟုန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ကောက်စူရွှင်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် VIP Call Room တွင် လက်ခံတွေ့ဆုံခဲ့ ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်း (၁၄) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲသို့တက်ရောက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့  နံနက် ၀၈း၄၅ နာရီအချိန် တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကျင်းပပြုလုပ်သော (၁၄) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း