နောက်ဆုံးရ သတင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃) အနောက်ဘက်ရှိယာဉ်ရပ်နားကွင်း မီးသွယ်တန်းခြင်းလုပ်ငန်းနှင့် စက်သုံးဆီ ဂိုဒေါင်သစ်များအနီး မီးဘေးလုံခြုံရေးအတွက်ရေတွင်းတူးခြင်းလုပ်ငန်းအား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင်၍ စီမံရေးရာဌာနခွဲညွှန်ကြားရေးမှူး ဦးအောင်သွင်ဦး့ နှင့်လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်တို့မှ ကြည့်ရှုစစ်ဆေးစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် T.T.A.S Co.,Ltd (TOYOTA) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် T.T.A.S Co.,Ltd (TOYOTA) ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ်   ဒီဇင်ဘာလ ၃ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်း အင်္ဂလန်နိုင်ငံ Better Regulation Delivery Office (BRDO) မှ Chief Executive ဖြစ်သူ Mr.Graham Russell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသညအင်္ဂလန်နိုင်ငံ Better Regulation Delivery Office (BRDO) မှ Chief Executive ဖြစ်သူ Mr.Graham Russell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ်   ဒီဇင်ဘာလ ၄ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

 “အာရှနှင့်ဥရောပနိုင်ငံများ လက်ဖက် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ကုန်သွယ်မှု”

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပတ်စဉ်ကျင်းပမြဲဖြစ်သော ကြာသပတေးနေ့ စကားဝိုင်း(Thursday Talk)အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ရုံးအဖွဲ့မှူးဦးဦးဟန် တက်ရောက် ခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇေယျာဆွေမှ  “အာရှနှင့်ဥရောပ နိုင်ငံများ လက်ဖက် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ကုန်သွယ်မှု ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး ရုံးအဖွဲ့မှူး ဦးဦးဟန်မှ အမှတ်တရလက်ဆောင် ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဂျပန်နိုင်ငံ Satake Corporation Head Office မှ Mr.Kazuyuki Kihara (Senior Managing Director) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ Satake Corporation Head Office မှ Mr.Kazuyuki Kihara (Senior Managing Director) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ်   ဒီဇင်ဘာလ ၃ ရက်နေ့ ၁၃း၀၀ အချိန်တွင်စီးပွားရေးနှင့် ကူးသန်းရောင်း ဝန်ရေးဝန်ကြီးဌာန ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း