နောက်ဆုံးရ သတင်း

   ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆပ်ကော်မတီမှကြီးမှူးကျင်းပသည့် ဝါးအနုထည်လက်မှုသင်တန်းဖွင့်ပွဲ ကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်(၉ း ၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးဝင်းမောင် နှင့်လုပ်ငန်းဆပ်ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။ ဝါးအနုထည်လက်မှုပစ္စည်းများဖြစ်သည့် ဓါတ်ပုံဘောင်၊ ဖုန်းတင်စင်၊ ခဲတံဘောလ်ပင်ထည့်သည့် စားပွဲတင်ခြင်းစသည့်တို့ အား နိုင်ငံခြားဧည့်သည် များက နှစ်ခြိုက်ကျပြီး အိမ်အပြန်လက်ဆောင်အဖြစ်ဝယ်ယူလေ့ရှိကြသည့်အတွက် ကျေးလက်နေပြည်သူများ ဝင်ငွေပိုမိုရရှိရေး၊ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဌကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ချိုမှ သင်တန်း ဖွင့်ပွဲအမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသား (၃၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၂၂)ရက်မှ (၂၉)ရက်နေ့အထိ (၈)ရက် ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ၈-၁၂-၂၀၁၄ မှ ၂၆-၁၂-၂၀၁၄ အထိပို့ချသည့် ရုံးလုပ်ငန်းသင်တန်းအမှတ်စဉ် (၁/၂၀၁၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၊ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်း ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၃) အနောက်ဘက်ရှိ ယာဉ်ရပ်နားကွင်းတွင် မော်တော်ယာဉ်များထားရှိမှုအခြေအနေနှင့် မော်တော်ယာဉ်ရုံးဆောက်လုပ်ခြင်းလုပ်ငန်းများအား ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးလှမော်ဦးနှင့် စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူးဦးအောင်သွင်ဦးတို့မှ ကြည့်ရှုစစ်ဆေးစဉ်;;;;;;;;;;;;;;;;;;;;

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးှဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ များနှင့် ဒီဇင်ဘာလ ၂၁ရက် မွန်းလွဲပိုင်းက ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ကျေးရွာရှိ သောက်သုံးရေကန်နှင့် ရေစင်ဖွင့်ပွဲ၊ ၂၄နာရီ လျှပ်စစ်မီးလင်းရေးဆိုင်းဘုတ်ဖွင့်ပွဲနှင့် တောင်ယာဆိပ်ကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း ရှိ အေးရိပ်ဝေ ကျောင်းဆောင်သစ်ဖွင့်ပွဲများသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်မှာ သီတဂူဆရာတော် ဆရာတော်အရှင်ဉာဏိသရရဲ့ သြဝါဒကိုခံယူပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၊ IBEC ဆရာတော် ဦးသောဘိတနှင့် အလှူရှင်များကောင်းမှု  ပေါင်းစုတည်ဆောက်ခဲ့တဲ့ အဆောက်အဦနဲ့ဆေးပစ္စည်းကိရိယာအပါအဝင် သိန်းပေါင်းရှစ်ထောင်ကျော်တန်သီတဂူစက္ခုဒါနဆေးရုံတော်ကြီးကို ( 21 - 12 – 2014 ) ရက်တနင်္ဂနွေနေ့ နံနက်ပိုင်းက သီတဂူဆရာတော်ဘုရားကြီးကြီးမှူးပြီးဖွင့်လှစ်ခဲ့ပါပြီ။ဒီဆေးရုံကြီးမှာမျက်စိရောဂါများကိုအခမဲ့စစ်ဆေး၊ကုသ၊ ခွဲစိပ်ပေးရုံသာမကသွားနှင့်ခံတွင်း ရောဂါကိုပါလက်ခံကုသပေးနေကြောင်း ဆရာတော်ကြီးရဲ့ မိန့်ကြား ချက်အရသိရှိရပါတယ်။ လက်ရှိအချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း သောင်းချီရှိနေပြီး တစ်နေ့ကိုလူနာ ရာနှင့်ချီ်ကြည့်ရှုကုသပေးနေရာမှာ ခွဲစိပ်ကု မျက်စိဝေဒနာရှင်ပေါင်း ၇၀ မှ ၁၀၀ ဦးခန့်ရှိနေလို့ ဒီလူနာများဆေး ဆက်လက် ကုသဖို့အတွက် နေရာအခက်အခဲရှိနေကြောင်းလည်းသိရှိရပါတယ်။ လူနာတွေကလည်း ဝင်လာမစဲရှိနေတဲ့အတွက် Demand က များနေပြီး Supply များများလိုနေပြီဆိုတာတွေ့ရတယ်လို့လည်း ဆရာတော်ကြီးမှ မိန့်ကြား သွားပါတယ်။ ဒါကြောင့်လည်းဆရာတော်ကြီးက ရေစက်ချပွဲ အခမ်းအနားပိတ်ပွဲအစီအစဉ်မှာ သီတဂူအဓိဌာန်နဲ့သိမ်းမယ်ဆိုပြီး ဒကာ၊ ဒကာမများကို အခုလိုရွတ်ဆိုစေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်--

          ငါတို့ဖြစ်ရ ဤလောကဝယ်

          ဘဝသမိုင်း မရိုင်းစေရန်

          စိတ်မာန်မချ မာနမပါ

          တို့စွမ်းရာဖြင့်-----

          တို့သာသနာ တို့ပြည်ရွာကို

          သာယာစေမှု လုံ့လပြုအံ့။

Pages

Subscribe to နောက်ဆုံးရ သတင်း