နောက်ဆုံးရ သတင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျှက် ရှိရာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် စနစ်အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန် အတွက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါတယ်။

 

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ်      (၁/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းကာလ (၂)ရက် သတ်မှတ်ထားပြီး နံနက် (၁၀:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ Virtual Online စနစ်(Webinar)ဖြင့် သင်တန်းသား (၃၄၆)ဦး တက်ရောက်ခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  သင်တန်းနည်းပြများနှင့် Virtual Online ဖြင့် သင်တန်းသားများအားလုံး တက်ရောက်ခဲ့ကြပါတယ်။

 

သင်တန်းမှာ Tradenet Brief၊ ပသကနှင့်ဆက်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊  ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ သင်ကြားပို့ချခဲ့ပါတယ်။

 

ဆက်လက်၍ နောင်အလားတူ သင်တန်းများကိုလည်း လစဉ်ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါတယ်။ သင်တန်းများ ဖွင့်လှစ်ဆွေးနွေးပို့ချမှုနှင့် ပတ်သက်၍ CommerceWebsite, Tradenet Website, တို့တွင် ကြေငြာသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါတယ်။

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ နေပြည်တော်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လ ငွေလုံးငွေရင်း(မူလ)ခွင့်ပြုချက်ပါ ရုံးသုံးစက်ကိရိယာ ICT ဆက်စပ်ပစ္စည်း (၁၈)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ် စံချိန် စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ် ရွေးချယ် ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စား သူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

 

Lot No DESCRIPTION OF EQUIPMENT QTY
1 (a)     Desktop Computer
Processor : Core i7 (10th Gen)
Memory          : 4GB, DDR4,2666 MHz
Harddisk         : 1 TB SATA(7200 rpm)
Graphic Card   : Intel Integrated Graphics
Optical Drive   : DVD –RW
Keyboard         : USB Keyboard
Mouse             : USB Optical
O/S                  : Windows 10
UPS                 :  650 V/A
Monitor          :  21.5"
1  Year Parts & Service Warranty
13
  (b)     Laptop Computer
8th Generation Intel Core i7 8565U, (4.0 GHz) Processor
(1.8 GHz up to 4.6 GHz Turbo Boost, 8MB Cache)
8GB DDR4 Memory, 1TB HDD + 128GB SSD
NVIDIA Geforce MX250 4GB
14" diagonal FHD IPS BrightView WLED-backlit(1920 x 1080), GbLAN, Wifi, BT 5, USB 2.0, USB 3.1 x 2, HDMI, Camera, 3 Celll Battery
Windows 10 Home License
1
  (c)      Monitor
Screen Size:21.5"
Brightness:200 cd/m2
Resolution:1920:1080
Interface:VGA, HDMI
9
  (d)     External Hard Disk
Storage Capacity:1TB
Connectvity:Hi Speed USB
3
2 (a)   Laser Printer  (Heavy Duty)
Paper Size  : A4, Legal
Resolution  : 1200x1200 dpi
Print speed  : up to 38 ppm
Function      : Auto Duplex Printing
Connectivity : USB2.0, Hi-speed, Network
2
  (b)  Laser Printer (A4)
Paper Size :A4, Legal
Resolution : 600x600 dpi
Print speed : up to12 ppm
Connectivity : USB 2.0 Hi-speed
7
  (c)   Colour Printer
 Paper Size :A4,letter
Resolution : 600 x 600 dpi
Connectvity:USB2.0, Wifi
5
  (d)  Scanner
Paper Size:A4
Resolution: Up to 4800 X 4800 dpi
USB Type-C Powered
4
3 (a)     PA System (Audio System)
Central Control Equipment with Recorder and DAFS(1)Nos
Chairmen Unit (1) Nos
Delegate Unit (10)Nos
10 M DCN Extension Cable(1)Nos
Power Amplifer(1)Nos
Indoor Lockspeaker 15 W (2)Nos
UPS 1250 (1)Nos
Audio System Accessories & Trunking Accessories
Installation & Configuration Services
1
  (b)     Projector
Lumen      : 4100 LCD Projector, 1024 x 768 Pixel(XGA)
Lamp life  : Up to 20000 Hour
Daylight    : HDMI input
Direct Power Off
1
  (c)      Projector Screen
Motorized Screen (144" x 144")
1
  (d)     CCTV Camera
4MP 24 hour colour DS-2CD 2T47 G3E-I Bullet Type
Max. 2560 × 1440 @25fps
3
  (e)     Conferencing System
Webcam Camera (1) Nos
Speaker Phone (1)Nos
IR English Remote & Connection Cables
1
4 (a)     Server (High Performance)
Chassis   :  2.5" Chassis with up to 24 Hard Drives
CPU      : 2 X Intel Xeon E7-4820 v4 2.0 GHz,25M Cache,6.4 GT/s
QPI 8C/16T, HT, No Turbo (115W) DDR4 1:1 Max Mem 1866 HZ
2nd CPU :Upgrade to Four Intel® Xeon® E7-4820 v4 2.0GHz,
25M Cache,6.4GT/s QPI 10C/20T,HT,No Turbo (115W)
Memory  : 128 GB (8 x 16 GB RDIMM, 2400MT/s Dual Rank, x 8 Data Width)
HDD: 7 x 2 TB, 7.2 K RPM NLSAS 512n 2.5in Hot- plug Hard Drive
Raid        : RAID 5 for H330/H730P (3-24 HDDs)
Raid Ctrl  : PERC H 730P Adapter RAID Controller, 2 GB NV Cache
Network  :(1) Broadcom 5720 QP 1 Gb Network Daughter Card
(2) Intel X520 DP 10Gb DA/SFP+ Server Adapter
Optical Drive : DVD +/- RW SATA Internal
Power Supply : 2+2 Power Supply, Redundant Configuration, 1100 W
Rack Rail : Ready Rails Sliding Rails with Cable Management Arm
O/S   : No Operating System
 iDRAC8 Enterprise, integrated Dell Remote Access Controller, Enterprise OpenManage DVD Kit
Keyboard      : USB Keyboard
Mouse           : USB Optical
1
  (b)     Router
CCR1036-12G-4S-EM
CPU TLR4-03680, CPU nominal frequency 1.2 GHz
Dimensions 443 x 193 x 44 mm
RouterOS license 6
Operating System Router OS
Size of RAM 8 GB
Storage size 1 GB
Storage type NAND
MTBF Approximately 200'000 hours at 25C
1
  (c)      Network Ethernet Cable
Cat 6 (5M) UTP
15
  (d)     Cable Management
1U Cable Manager with Cover
5
  (e)     Online UPS
3 KVA(Rack Type)  
Smart-UPS : 3300VA 230V
1

 

၂။            တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရမည် ဖြစ်ပါသည်-

              (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇)ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

              ( ဂ )   ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။

              (ဃ)    ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT ဆက်စပ်ပစ္စည်းများအား အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည် လုပ်ငန်းရှင် ကိုယ်တိုင် (သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ ကိုယ်စားလှယ် လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်သည့် ကိုယ်စားလှယ်ဖြစ်ရမည်။

              ( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

              ( စ )   ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်းနှင့် ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့်ပစ္စည်းများအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက် ပို့ဆောင်ပေးရမည်။ ပစ္စည်းများ၏ Specification သည် ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။

              (ဆ)  ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန် (၂%) ဖြတ်တောက်၍ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့  ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘော တူရမည်။

              ( ဇ )  တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

              ( ဈ )   တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း (၁၈)မျိုး၏ သတ်မှတ် အရည် အသွေး၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာရေးသားဖော်ပြရမည်။

၃။           သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြု ရန်ပုံငွေဖြင့် ICT ဆက်စပ်ပစ္စည်း (၁၈)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီ ဖြင့် စိစစ်ဝယ်ယူသွား မည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

              တင်ဒါပုံစံရောင်းချသည့်နေ့  -   (၂၈-၁-၂၀၂၂ ရက်နေ့မှ ၁၀-၂-၂၀၂၂ ရက်နေ့ထိ)(၁၄)ရက်

              တင်ဒါကော်မတီဖြင့်               

              ဈေးနှုန်းစိစစ်မည့်ရက်         -   (သီးခြားထပ်မံအကြောင်းကြားပါမည်)

              ကျင်းပမည့်နေရာ               -   ရုံးအမှတ်(၃)၊တိုးချဲ့အစည်းအဝေးခန်းမ၊ စီးပွား/ကူးသန်း

              ဆက်သွယ်ရန်ဖုန်း              -   ၀၆၇-၄၀၈၀၁၀                                                                                                                          

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 အသုံးပြုမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂)တွင် သင်တန်းသားအရည်အချင်းနှင့်ကိုက်ညီသည့် အောက်ပါသင်တန်းသားများ တက်ရောက်နိုင်ပါသည်။ ရွေးချယ်ခံရသော သင်တန်းသားများသည် (၂၅-၁-၂၀၂၂) ရက်နေ့နှင့် (၂၆-၁-၂၀၂၂) ရက်နေ့တို့တွင် KBZ Quick Pay ရှိ Department of Trade တွင် ငွေပေးသွင်းနိုင်ပါရန်နှင့် သင်တန်းကြေးပေးသွင်းရန် ပျက်ကွက်သူများ(သို့မဟုတ်) သတ်မှတ်ရက်ကျော်လွန်ပေးသွင်းသူများအား သင်တန်းသားအဖြစ် လက်ခံမည်မဟုတ်ပါ ကြောင်း အသိပေးကြေငြာအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှု ပေးလျှက် ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဝန်ထမ်းများအနေဖြင့် Tradenet 2.0 စနစ် အသုံးပြုရာတွင် သိရှိသင့်သည့်အချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့အား လျှင်မြန်ချောမွေ့မှန်ကန်မြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် သင်တန်းကို COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

 

Tradenet 2.0 သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ သင်တန်းကာလ (၂)ရက်သတ်မှတ်ထားပြီး အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ညနေ (၁၆:၀၀) နာရီမှ (၂၀:၀၀)နာရီအထိ ရုံးချုပ်မှ သင်တန်းသား (၃၅)ဦး၊ လေ့လာသူ (၁၀)ဦးတို့ကို ရုံးချုပ် Multimedia သင်တန်းခန်းမတွင်လည်းကောင်း၊ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေး စခန်းများမှ သင်တန်းသား (၅၂)ဦးနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ လေ့လာသူ (၁၉)ဦးတို့အား Zoom Online စနစ်ဖြင့်လည်းကောင်း၊ စုစုပေါင်း (၁၁၆)ဦးတက်ရောက်လျက်ရှိပါသည်။

 

သင်တန်းမှာ Tradenet Brief၊ ပသကနှင့်ဆပ်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊  ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ် များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို သက်ဆိုင်ရာဌာနခွဲ အသီးသီးမှ သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။    

 

 

                                                                                       ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

Pages

Subscribe to နောက်ဆုံးရ သတင်း