နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမတွင် ၃-၃-၂၀၂၂ ရက်၊ ကြာသပတေးနေ့၊ နံနက်(၀၉:၃၀)အချိန်၌ Thursday Talk ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၂၈) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ချိုသက်မူမှ “ အီးယူမှ မြန်မာနိုင်ငံ၏ တင်ပို့ဆန်အပေါ် EBA အရ Safeguard အစီအမံကျင့်သုံးခြင်းကိစ္စနှင့် ထိုင်းနိုင်ငံမှ တင်ပို့သော သကြားများအပေါ် ဗီယက်နမ်နိုင်ငံမှ Antidumping and Countervalling Duty ဆိုင်ရာ နောက်ဆုံး စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်များအပေါ် လေ့လာတင်ပြချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဝန်ကြီးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇေယျာညွန့်ဦးမှ “အပြည်ပြည်ဆိုင် ဥပဒေနှင့် အာဆီယံဥပဒေရေးရာအခြေခံ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းထွန်းဦးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါကြောင်းနှင့် ဒုတိယဝန်ကြီးမှ ဆွေးနွေးပြောကြားခဲ့သူများအား အမှတ်တရလက်ဆောာင် ပေးအပ်ချီးမြှင့်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုပညာရေးဌာနခွဲ
ကျိန်စမ်းကျော့ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများအလိုက် တရားဝင်အခွန်ကောက်ခံသည့် နှုန်းထားများအား အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။
အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အတည်ပြုချက်ဖြင့် ချမှတ်ပြီးသော မြန်မာစံချိန်စံညွှန်း(၄၃၉)ခု၏စာရင်းနှင့် ရောင်းချသည့် စျေးနှုန်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ဝယ်ယူလိုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ဝယ်ယူနိုင်ပါသည်။
အမျိုးသားစံချိန်စံညွှန်းကောင်စီမှ အတည်ပြုချက်မှတ်ပြီးသော မြန်မာစံချိန်စံညွှန်း (၄၃၉)ခု၏စာရင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျှက် ရှိရာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် စနစ်အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။
ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ်(၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းကာလ (၂)ရက် သတ်မှတ်ထားပြီး နံနက် (၁၀:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ Virtual Online စနစ် (Webinar)ဖြင့် သင်တန်းသား (၂၄၆)ဦး တက်ရောက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် Virtual Online ဖြင့် သင်တန်းသားများအားလုံး တက်ရောက်ခဲ့ကြပါသည်။
သင်တန်းမှာ Tradenet Brief၊ ပသကနှင့်ဆက်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ သင်ကြားပို့ချခဲ့ပါသည်။
ဆက်လက်၍ နောင်အလားတူ သင်တန်းများကိုလည်း လစဉ် ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါသည်။ သင်တန်းများ ဖွင့်လှစ်ဆွေးနွေးပို့ချမှုနှင့် ပတ်သက်၍ CommerceWebsite, Tradenet Website, တို့တွင် ကြေငြာသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။