နောက်ဆုံးရ သတင်း

 ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့်

ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ်အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားများကိုကျင်းပခဲ့ရာ ယခုအကြိမ်သည် (၈) ကြိမ် မြောက်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင်ကျ ရောက်သည့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ဦးဆောင် ကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်မှာ IP and Youth; Innovating for A Better Future “မူပိုင်ခွင့်နှင့် ယနေ့လူငယ်၊ အနာဂတ်လှပစေဖို့ ဆန်းသစ်တီထွင်ကြပါစို့” ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် (၃) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  မူပိုင်ခွင့်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာစေနိုင်ခြင်း၊ အဆင့် မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာခွဲဝေခံစားစေခြင်းအားဖြင့် စာပေနှင့် အနုပညာ၊ စက်မှုလက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများပေါ်ထွန်းလာနိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ရာ မူပိုင်ခွင့် ကဏ္ဍအနေဖြင့် နိုင်ငံ့စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်နိုင်ရေးအတွက် အထောက် အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်နှင့်အညီ ယနေ့ခေတ်လူငယ်များက အနာဂတ်ပိုမိုလှပစေမည့် ဆန်းသစ်တီထွင်မှုများကို ဖန်တီးလာနိုင်စေရန်အတွက် မူပိုင်ခွင့်အကာ အကွယ်ပေးခြင်းစနစ် တည်ထောင်ရာတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာ စကားပြောကြားခဲ့ပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ပေးပို့သည့်သဝဏ်လွှာကို မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က ဖတ်ကြားခဲ့ကာ၊ ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်လက်ရာများနှင့် မူပိုင်ခွင့်ဦးစီး ဌာန၏ လှုပ်ရှားမှုမှတ်တမ်းများကို Video Clip ဖြင့် ပြသခဲ့သည်။ ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ် ကဗျာ၊ ပိုစတာနဲ့ ကာတွန်းပြိုင်ပွဲများမှာ ဆုရရှိခဲ့ကြသူများနှင့် ဂုဏ်ပြုတေး ရေးစပ်သီကုံးသူ၊ တီးခတ်ပေးခဲ့သူများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။

          အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲ တမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Inperson ဖြင့် လည်းကောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်များက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဧပြီ ၂၀  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည့် အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် နိုင်ငံခြားငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ အတွင်း‌ရေးမှူး၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဦးသန်းညိန်း၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအဖွဲ့ ဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမိန့် ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်း၏ အပိုဒ် ၃ အရ ဗဟိုဘဏ်မှ ကင်းလွတ်ခွင့်များနှင့် စပ်လျဉ်းပြီး မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းများဆောင်ရွက်ပါက ပြည်တွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ဘဏ်များ အကြားချိတ်ဆက်၍ လုပ်ငန်းများလျင်မြန်ချောမွေ့စေရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် ကုန်ထုတ်လုပ်မှုစာရင်းများကို ပြုစုထားရန်လိုအပ်ကြောင်း၊ နိုင်ငံခြားသုံးငွေနှင့် ပြည်တွင်းငွေကြေးကို ဥပဒေနှင့် အညီသုံးစွဲသွားရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ နှင့်ပတ်သက်၍ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း အထူးစီးပွား ရေးဇုန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း၊ အခက်အခဲများရှိပါက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်း တင်ပြနိုင်ပါကြောင်း ပြောကြားခဲ့သည်။

        ထို့နောက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားရာတွင် နိုင်ငံခြားငွေမရှိသည့်ကုမ္ပဏီများအနေဖြင့် မြန်မာကျပ်ငွေမှ နိုင်ငံခြားငွေသို့ပြောင်းလဲ၍ ပြည်ပရှိ Supplier သို့ပေးချေနိုင်ပြီး  အဆိုပါငွေပေးချေမှု အ တွက်  Standard Operating Procedure (SOP) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနက မူကြမ်းပြုစုနေပြီး မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များရှိ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ၏ နိုင်ငံခြားငွေကြေး အသုံးပြုခြင်းကိစ္စများ လျင်မြန်ချော မွေ့စေရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား အထူး စီးပွားရေးဇုန်တွင်ရှိသော လုပ်ငန်းရှင်များသိရှိနိုင်ရန်အတွက် ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မ တီ ဥက္ကဋ္ဌများနှင့်  သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများက ဝိုင်းဝန်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌတို့မှ ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

          ဆက်လက်၍ (၁၁:၀၀) နာရီအချိန်တွင် ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ၏ ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချော မွေ့စေရေးအတွက် နိုင်ငံခြားငွေကြေး အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြားရာတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများ ကုန်သွယ်မှုပြုရန်အလို့ငှာ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်း ခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ပို့ကုန် / သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်နေသည့်ကိစ္စရပ်များကို နားလည်သိရှိနိုင်ရန်အတွက် ရှင်းလင်းပေးခြင်းဖြစ်ကြောင်း၊ အချက်အလက်များပေါ်မူတည်၍ ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် ငွေပေးချေမှုများ၊ ငွေထုတ်ယူရာတွင် အခက်အခဲဖြစ်သည့်ကိစ္စရပ်များကို ဖြေရှင်း ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ဖြေရှင်းပေးရာတွင် ဦးစားပေး အုပ်စုအလိုက် အုပ်စု (၅)စုခွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန်စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ကိစ္စရပ်များဆောင်ရွက်ရာတွင် ကောင်းသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှုဖြစ်သော်လည်း  Private Sector ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုတို့နှင့် ဆိုင်သည့် ပုဂ္ဂိုလ်များအပါအဝင် သက်ဆိုင်သည့်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ် ဥက္ကဋ္ဌတို့မှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ ညီနောင်အသင်းအဖွဲ့များ၊ ကုမ္ပဏီ များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

         

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျှက် ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဝန်ထမ်းများအနေဖြင့် Tradenet 2.0 စနစ်အသုံးပြုရာတွင် သိရှိသင့်သည့်အချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့အား လျှင်မြန်ချောမွေ့မှန်ကန်မြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် သင်တန်းကို COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

 

ဌာနတွင်း Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်းအမှတ်စဉ်(၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်တန်းကာလ (၅)ရက်သတ်မှတ်ထားပြီး ညနေ (၁၆:၀၀) နာရီမှ (၁၈:၀၀)နာရီအထိ ရုံးချုပ်မှ တက်ရောက်သူ သင်တန်းသား (၄၉)ဦး၊ လေ့လာသူ (၃)ဦးတို့ကို Multimedia သင်တန်းခန်းမတွင်လည်းကောင်း၊ ပို့ကုန်သွင်းကုန် ရုံးများနှင့် ကုန်သွယ်ရေးစခန်းများမှ သင်တန်းသား (၂၈)ဦးတို့အား Zoom Online စနစ်ဖြင့် လည်းကောင်း၊ စုစုပေါင်း (၈၀)ဦး တက်ရောက်လျက်ရှိပြီး ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက် အလက်နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမင်းမင်း က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

 

သင်တန်းတွင် Tradenet Brief၊ ပသကနှင့်ဆပ်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊  ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို သက်ဆိုင်ရာဌာနခွဲ အသီးသီးမှ သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။    

 

 

                                                                                             ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

Pages

Subscribe to နောက်ဆုံးရ သတင်း