နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၄ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် Virtual စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဗဟိုလုပ်ငန်းအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်သည့် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန် (၃) ဇုန်ဖွံ့ဖြိုးတိုးတက်ရန် ဗဟိုအဖွဲ့နှင့်ဗဟိုလုပ်ငန်းအဖွဲ့ များအား ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်သည့့်အပြင်  စီမံခန့်ခွဲမှုကော်မတီများကိုလည်း ပြန်လည် ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆောင်ရွက်ရမည့်ကိစ္စများကို လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ဇုန်များ၏ လုပ်ငန်းများ တိုးတက်ရန်၊ ဆက်လက်‌‌ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရေးထိုးခဲ့သည့်စာချုပ်များနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များအနက် သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းများ အောင်မြင်စွာလည်ပတ်နေသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန် A ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇုန် B ကိုလည်းအပိုင်း လိုက်ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန် အထိ စက်ရုံပေါင်း (၁၂၂) ခုနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၂,၁၄၉) ကျော်ခန့်ရှိနေပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် စက်ရုံပေါင်း (၁၀၂) ခု လည်ပတ်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သည် အရှိန်အဟုန်နှင့် တိုးတက်‌နေပါကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ဒေသခံများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်သဖြင့် လျှင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြား ခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများက အထူးစီးပွားရေးဇုန်များ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက် အမှာစာများဖြင့် တင်ပြလမ်းညွှန်မှု ခံယူခဲ့ကြသည်။ ဆက်လက်၍ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများ၏ သက်ဆိုင်ရာဇုန်အလိုက် အသေးစိတ်တင်ပြချက်များကို ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မှတ်တမ်းတင် အတည်ပြုခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁၃:၃၀) နာရီအချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄  ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြု ထားသည့် ပဲတီစိမ်းအားလွတ်လပ်စွာတင်သွင်းကုန်အဖြစ်မှ ကန့်သတ်တင်သွင်းခွင့်ပြုသည့် ကုန်စည် အဖြစ်သို့ မူဝါဒပြင်ဆင်သတ်မှတ်ခဲ့ပြီး   ကြေညာချက်ထုတ်ပြန်ချိန်မှ ချက်ချင်းအကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း ကြေညာချက်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက Notification. S.O. 624 (E) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့ဖြစ်ရာ  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၁ ရက်နေ့ နောက်ပိုင်း အိန္ဒိယ နိုင်ငံသို့ တင်ပို့ရန် အသင့်ဖြစ်နေပြီး ဈေးကွက်တင်ပို့ရန် အခက်အခဲကြုံတွေ့နေရသည့် ဆိပ်ကမ်းသို့ ရောက်ရှိပြီးနှင့် လမ်းကြောင်းတစ်လျှောက်ရှိ ပဲတီစိမ်း အိန္ဒိယနိုင်ငံဈေးကွက်သို့ ပုံမှန်တင်ပို့နိုင်ရေး နှင့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိလာမည့် ပဲတီစိမ်းများ ဈေးနှုန်းကျဆင်းမှုမဖြစ်ပေါ်စေရေး ညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ပဲမျိုး စုံစိုက်ပျိုးမှု အနေဖြင့် စိုက်ဧက (၉.၉) သန်းခန့်ရှိပြီး ပဲမျိုးစုံတန်ချိန် (၄.၁) သန်းခန့် နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ပဲတီစိမ်း ပြည်ပတင်ပို့မှု အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တန်ချိန် (၇) သိန်းခန့်ကို ကမ္ဘာ့နိုင်ငံ (၆၄) နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဖေဖော်ဝါရီလ ၄ ရက်နေ့) အထိ ပဲတီစိမ်း တန်ချိန် (၁၄၇,၃၂၆) တန်ကို  ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခဲ့ မှုအနက်  အိန္ဒိယနိုင်ငံ ဈေးကွက်သို့ တင်ပို့မှုမှာ (၁၈,၈၄၂) တန်၊ ရာခိုင်နှုန်းအားဖြင့် ၁၂ % ခန့်သာ ပါဝင်ပါကြောင်း၊ ပဲတီစိမ်းကို အိန္ဒိယဈေးကွက်သို့ ပုံမှန်ဆက်လက် တင်ပို့နိုင်ရေးအတွက် ဝန်ကြီး ဌာနအနေဖြင့် အိန္ဒိယနိုင်ငံသို့ ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ အသင်းအဖွဲ့များ အနေဖြင့်လည်း ဈေးကွက်တည်ငြိမ်မှုရှိစေရေးနှင့် EU  အပါအဝင် ဈေးနှုန်း ပိုမိုရရှိနိုင်မည့် အခြားဈေးကွက်များသို့ တင်ပို့နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက  ပဲတီစိမ်းဈေးကွက်တည်ငြိမ်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ  ထုတ်လုပ်တင်ပို့နိုင်ရေး၊   ဈေးနှုန်းပိုမိုရရှိနိုင်မည့်    အခြားဈေးကွက်များသို့တင်ပို့နိုင်ရေး၊ ​ G to G စာချုပ်ဆို၍  ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးတို့နှင့် ပတ်သက်ပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလိမိတက်၊ အိန္ဒိယနိုင်ငံ စီးပွားရေးသံမှူးနှင့် မြန်မာနိုင်ငံပဲမျိုးံစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းခွင်သုံးစီးပွားရေးနှင့်သက်ဆိုင်သည့်အင်္ဂလိပ်စာအသုံးအနှုန်းများနှင့်ရေးသားခြင်းဆိုင်ရာသင်တန်း(အလယ်အလတ်အဆင့်)ဖွင့်ပွဲအခမ်းအနားကို၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ(၉)ရက်(ဗုဒ္ဓဟူးနေ့)၊နံနက(၉:ဝ၀နာရီအချိန်တွင်ရုံးအမှတ်(၃)၊စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာနရှိအစည်းအဝေးခန်းမ(၂၌ကျင်းပပြုလုပ်ခဲ့ရာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်အဆိုပါဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးနှင့်အတူဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြာ :ရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊သင်တန်းနည်းပြများနှင့်သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ပါသည်။သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှနိုင်ငံ့ ဝန်ထမ်းများ၏လုပ်ငန်းခွင်စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရန်နှင့်ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင်ထိရောက်မရှိစေရန်တို့အတွက်လုပ်ငန်းခွင်သုံးစီးပွားရေးဆိုင်ရာအင်္ဂလိပ်ဝေါဟာရအသုံးအနှုန်းများကိုနည်းစနစ်ကျကျသိရှိပြီးကျွမ်းကျင်စွာအသုံးချနိုင် ရန်နှင့်လုပ်ငန်းများဆောင်ရွက်ရာ၌ပိုမိုလွယ်ကူလျင်မြန်စေရန်ဖြစ်ပါသည်သင်တန်းဖွင့်ပွဲအခမ်းအနား၌စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ယခုဖွင့်လှစ်မည့်သင်တန်းရည်ရွယ်ချက်မှာကောင်းမွန်မှုရှိပြီးစီး ပွားရေးနှင့်ပတ်သက်သည့်ဘာသာရပ်နယ်ပယ်မှာကျယ်ပြန့်လှပါကြောင်းသင်တန်းသား/သူများအနေဖင်သင်တန်းမှပို့ချချက်များကိုစနစ်တကျလေ့လာမှတ်သားကာစိတ်ပါဝင်စားစွာသင်ယူ၍မိမိနှင့်မိမိဌာနအတွက်အကျိုးရှိအောင်ဆောင်ရွက်စေလိုကြောင်း၊သင်တန်းသားသင်တန်း သူများအနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးညွှန်ကြားချက်များနှင့်အညီတိတိကျကျလိုက်နာသွားရန်အထူးမှာကြားလိုကြောင်းသင်တန်းပြီးမြောက်သောအခါမိမိတို့ရှိရင်းပြီးဖြစ်သောအရည်အချင်းထက်ပိုမိုတိုးတက်လာမှု ရှိစေရန်ကြိုးစားအားထုတ်စေလိုကြောင်းသင်တန်းသား၊သင်တန်းသူများ၏အရည်အချင်းများကိုလည်းအကဲဖြတ်ဆန်းစစ်၍၎င်းတို့၏ရလဒ်များကိုလည်းမှတ်တမ်းတင်ထားရှိစေလိုကြောင်း၊သင်တန်းဖွင့်လှစ်နိုင်ရေးအတွက်ကြိုးစားဆောင်ရွက်ခဲ့သည့်တာဝန်ရှိသူများနှင့်သင်တန်း နည်းပြများကိုလည်းကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်ယခုသင်တန်းကိုကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက်ထောက်ပံ့ပေးနေအစီအစဉ(EnhacedIntegratedFrameworkEIFအရထောက်ပံ့ပေးသောရန်ပုံငွေအ ကူအညီဖြင့်ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်အောက်မှဖွင့်လှစ်ခြင်းဖြစ်ပါသည်သင်တန်းမှာ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ၉ရက်နေ့မှမတ်လ၁၁ရက်နေ့အတွင်းရက်သတ္တပတ်(၅)ပတ်ကြာမြင့်မည်ဖြစ်ပြီးစီးပွားရေနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိဌာန များမှသင်တန်းသားဦးရေစုစုပေါင်း(၃၅ဦးတက်ရောက်ပါမည်သင်တန်းအားကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက်များနှင်အညီစနစ်တကျဖွင့်လှစသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် အောက် ဖော်ပြပါ မြေနှင့် သိုလှောင်ရုံတို့အား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

Lot- 1      (က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရှိ မြေ(၁.၈)ဧက

Lot- 2      ( ခ ) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းရပ်ရှိ သိုလှောင်ရုံ အမှတ်(၁၁) (၁၅၀' x ၆၀' x ၂၀') (သွပ်၊ သွပ်၊ ကွန်)      

              ( ဂ ) တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၀.၂.၂၀၂၂) ရက်မှ ( ၉.၃.၂၀၂၂)ရက်ထိ

                                                                  (ရုံးချိန်အတွင်း)

              (ဃ) တင်ဒါပုံစံရောင်းချရန်               - ( ၉.၃.၂၀၂၂)ရက် ညနေ(၁၆:၀၀)နာရီ

                     ပိတ်မည့်နေ့/အချိန်                 

              ( င ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်-  (၁၀.၃.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ

              ( စ ) တင်ဒါတင်သွင်းရမည့်နေရာ       - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

              (ဆ) စာရင်းပေးသွင်းရမည့်နေရာ       - ရုံးအမှတ်(၅၂)၊ နေပြည်တော်

              ( ဇ ) တင်ဒါစည်းကမ်းချက်များ         - (၁၀.၃.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ

                     ရှင်းလင်းမည့်နေ့/အချိန်/နေရာ     ရုံးအမှတ်(၅၂)၊ နေပြည်တော်

       ( ဈ ) တင်ဒါပုံစံရောင်းချမည့်နေရာ     - စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊

                                                            စစ်တွေမြို့၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊မန္တလေးမြို့။

              (ည) Deposit ပေးသွင်းနိုင်သည့်        - တင်ဒါစည်းကမ်း သတ်မှတ်ချက် ပုံစံတွင် ဖော်ပြ နေရာထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် မြေနှင့်သိုလှောင်ရုံတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၄၃-၂၁၁၁၇၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

                                                                                                                           

                                                                                       တင်ဒါစိစစ်ရေးကော်မတီ

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း၊ အုပ်စု(၁၁)ဝင်းရှိ အောက်ဖော်ပြပါ သိုလှောင်ရုံအဆောက်အဦ (၅)လုံးတို့အား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၅)နှစ် သက်တမ်း၊ (၁)နှစ် တစ်ကြိမ် စာချုပ်စနစ်၊ ငှားရမ်းမှုတန်ဖိုး၏(၁)လစာအား စပေါ်ငွေအဖြစ်ထားရှိ၍ ငှားရမ်းခနှင့် ကုန်သွယ်လုပ်ငန်းခွန်(၅%)တို့အား (၁၂)လစာကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို ၅% တိုးမြှင့်၍ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်-

(က)    Lot(1)     သိုလှောင်ရုံအမှတ်(၅)၊ အကျယ်အဝန်း (အလျား၆၀'x အနံ၇၅'x အမြင့်၁၇')  (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ(၁)လုံး။

           Lot(2)     သိုလှောင်ရုံအမှတ်(၆)၊ အကျယ်အဝန်း (အလျား၁၄၀'xအနံ၈၀'x အမြင့်၁၇')  (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ(၁)လုံး။

           Lot(3)     သိုလှောင်ရုံအမှတ်(၇)၊ အကျယ်အဝန်း (အလျား၁၅၀' x အနံ၈၀' xအမြင့်၁၇') (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ (၁) လုံး။           

           Lot(4)     သိုလှောင်ရုံအမှတ်(၈)၊ အကျယ်အဝန်း (အလျား၁၇၅'xအနံ၈၀'x အမြင့်၁၇') (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း)  အဆောက်အဦ(၁)လုံး။ 

          Lot(5)     သိုလှောင်ရုံအမှတ်(၁၀)၊ အကျယ်အဝန်း(အလျား၁၂၀'x အနံ၇၅'x အမြင့် ၁၇')  (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း)  အဆောက်အဦ(၁)လုံး။ 

( ခ )  တင်ဒါပုံစံရောင်းချမည့်နေ့ရက်               -   ( ၇ - ၂-၂၀၂၂ မှ၇-၃-၂၀၂၂ ထိ )

                                                                       ( ရုံးချိန်အတွင်း)

( ဂ )  တင်ဒါပုံစံရောင်းချမည့်နေရာ                 -   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး

                                                                      ဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်

                                                                      တင်ရေးအဖွဲ့၊ရုံးအမှတ်(၃)၊နေပြည်တော်

(ဃ ) တင်ဒါစည်းကမ်းရှင်းလင်းခြင်းနှင့်            -  တင်ဒါဝယ်ယူသူများသို့ဆက်သွယ်

       တင်ဒါတင်သွင်းဖွင့်ဖောက်မည့်နေ့ရက်          အကြောင်းကြားပေးပါမည်။

 ( င  )  နေရာ                                               -   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး

                                                                      ဝန်ကြီးဌာန ၊မြန်မာကုန်သွယ်မှုမြှင့်  တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ နေပြည် တော်။

၂။            မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ငှားရမ်းမည့်အခန်းများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ရောင်းချမည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း(၀၆၇-၄၀၈၆၁၃ နှင့် ၀၁-၃၈၉၃၄၁) သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

 

တင်ဒါစိစစ်ရေးအဖွဲ့

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

 

Pages

Subscribe to နောက်ဆုံးရ သတင်း