နောက်ဆုံးရ သတင်း
ကုန်သွယ်ရေးဦးစီးဌာနမှ နယ်စခန်းများသို့ အလှည့်ကျတာဝန်ထမ်းဆောင်မည့် ကွန်ပျူတာ ဝန်ထမ်းများအား ကုန်သွယ်ရေးစခန်းများ (နယ်စပ်)တွင် အသုံးပြုလျက်ရှိသည့် BTOS စနစ် အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၂၁)ကို (၂၀-၁၂-၂၀၂၁) နေ့မှစ၍ မော်တော်ယာဉ်ဌာနစိတ်ဘေးရှိ Multimedia သင်တန်းခန်းမမှာ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက် များနှင့် အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
သင်တန်းကာလကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၄)ရက် သတ်မှတ်ထား၍ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နေ့စဉ်နံနက် (၁၀:၀၀)နာရီမှ ညနေ(၁၆:၀၅) နာရီအထိ (၆)ချိန် ပို့ချသွားမည်ဖြစ်ပြီး ဌာနခွဲ အသီးသီးမှ သင်တန်းသား (၂၈)ဦး တက်ရောက်လျက် ရှိပါတယ်။ သင်တန်းမှာ ငွေစာရင်းဌာနခွဲ၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဌာနတွင်လုပ်ငန်းနှင့် စာရင်း စစ်ဆေးရေးဌာနခွဲတို့မှ သက်ဆိုင်ရာ ဘာသာရပ်များအား သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ကုန်သွယ်မှုပညာပေးရေးဌာနခွဲ
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်ပြန်ခဲ့သည့်အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ ၁.၁.၂၀၂၂ နေ့မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် GACC ၌ မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များကို ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းအပြီး ဆောင်ရွက်သွားမှသာ ၁.၁.၂၀၂၂ ရက်နေ့နောက်ပိုင်းတွင် အရှိန်အဟုန်မပြတ် ဆက်လက်တင်ပို့ နိုင်မည်ဖြစ်ပါသည်။
ထိုသို့မှတ်ပုံတင်သည့်လုပ်ငန်းများဆောင်ရွက်ရာတွင် အပိုင်း (၂) ပိုင်းရှိပြီး သက်ဆိုင်ရာ အပိုင်း အလိုက်ခွဲခြားဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပထမအပိုင်းမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်လိုအပ်ပြီး အဆိုပါဌာနများမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားရမည့် ကုန်ပစ္စည်း အမျိုးအစားများဖြစ်ပါသည်။ ဒုတိယအပိုင်းမှာ ထောက်ခံချက်မလိုအပ်ဘဲ တင်ပို့မည့်လုပ်ငန်းရှင်ကိုယ်တိုင် http://cifer.singlewindow.cn တွင် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားရမည့် ကုန်ပစ္စည်း အမျိုးအစားများ ဖြစ်ပါသည်။
ထောက်ခံချက်လိုအပ်သည့် ကုန်ပစ္စည်းအမျိုးအစားများ
GACC ၌ မှတ်ပုံတင်ရာတွင် ထောက်ခံချက်လိုအပ်သည့် ကုန်ပစ္စည်းအမျိုးအစားများနှင့် ဆက်သွယ်ဆောင်ရွက်သွားရမည့် သက်ဆိုင်ရာဌာနများမှ Contact Person တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်-
၎င်းတို့အနက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူလျှောက်ထားပေးရန်လိုအပ်သည့် ကုန်ပစ္စည်းအမျိုးအစား (၅၂)မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
NO |
Product English Name |
Product Myanmar Name |
1 |
Star Anise |
နာနတ်ပွင့် |
2 |
Baifeng Bean |
ပဲစာဉ |
3 |
Dried Lentils |
ပဲနီလေး |
4 |
Dried Broad Beans |
တောင်ကြီးပဲ |
5 |
Dried Adzuki Beans |
ပတ္တမြားပဲ |
6 |
Dried Betel Nuts |
ကွမ်းသီး |
7 |
Dried Rice Beans |
ပဲယင်း |
8 |
Dried Black Beans |
မတ်ပဲ |
9 |
Dried Red Kidney Beans |
မြေထောက်ပဲ |
10 |
Dried Cowpeas and Kidney Beans |
ပဲလွန်းနှင့်် မြေထောက်ပဲ |
11 |
Dried Mung Beans |
ပဲတီစိမ်း |
12 |
Dried Mango |
သရက် |
13 |
Dried Eyebrow Peas |
ပဲလွန်း |
14 |
Dried Peas |
စားတော်ပဲ ၊ ပဲစဉ်းငုံ |
15 |
Dried Cashews |
သီဟိုဋ်စေ့ |
16 |
Dried Coconut , Dried Coconut meat |
အုန်းသီးခြောက် ၊ အုန်းသီး ဆံ |
17 |
Dried Taro |
ပိန်းရိုးခြောက် |
18 |
Dried Kidney Beans |
မြေထောက်ပဲ |
19 |
Dried Pearl Beans |
ပဲစာဉ |
20 |
Dried Bamboo Beans |
ပဲယင်း |
21 |
Dried Olives |
သံလွင် |
22 |
Sorghum |
နှံစားပြောင်း |
23 |
Millet ( millet) |
လူး ၊ ဆပ် |
24 |
Sea Copra |
အုန်းသီး (အသေး) |
25 |
Black pepper |
ငြုတ်ကောင်း |
26 |
Peanut |
မြေပဲ |
27 |
Turmeric |
နနွင်း |
28 |
Polished Rice |
ဆန် |
29 |
Coffee Beans |
ကော်ဖီ |
30 |
Dried Chili |
ငရုတ်သီးခြောက် |
31 |
Dried Longan |
လောင်ဂန်သီး |
32 |
Dried Tamarind (Tamarind,Sweet Corner ) |
မန်ကျည်းသီး (အချို ) |
33 |
Cotton Seed |
ဝါစေ့ |
34 |
Buckwheat |
ပန်းဂျုံ |
35 |
Buckwheat Flour |
ပန်းဂျုံမှုန့် |
36 |
Husk Millet |
အခွံပါ လူး ၊ ဆပ် |
37 |
Shelled Buckwheat |
အခွံပါ ပန်းဂျုံ |
38 |
Shelled Millet |
အခွံပါ လူး ၊ ဆပ် |
39 |
Cinnamon and Cinnamon flower |
သစ်ကြားပိုးခေါက်နှင့်အပွင့် |
40 |
Ginger |
ဂျင်း |
41 |
Broken Rice |
ဆန်ကွဲ |
42 |
Dried Sissi |
အိမ်တွင်းအလှဆင် ပန်းခြောက်များ |
43 |
Cowpeas and Kidney Beans , Fresh or Chilled ( Whether depodded or not ) |
ပဲလွန်း ၊မြေထောက်ပဲ(အစို (သို့) အေးခဲ ) |
44 |
Fresh or Chilled Peppers ( including Bell Peppers ) |
ငရုတ် ( အစို (သို့ )အေးခဲ ) အနီရောင် ၊ အဝါရောင် ၊ အစိမ်းရောင်ငရုတ်ပွများ |
45 |
Fresh or Chilled Konjac |
ဝဥ ( အစို (သို့ )အေးခဲ) |
46 |
Pumpkin , Winter Squash and Gourd ( Cucurbita) , Fresh or Frozen |
ရွှေဖရုံသီး ၊ ဖရုံမျိုးရင်းများ ၊ ဘူးသီး (အစို(သို့ ) အေးခဲ) |
47 |
Fresh or Chilled yam |
မြောက်ဥ ( အစို (သို့ )အေးခဲ) |
48 |
Fresh or Chilled Garlic Moss and Garlic Sprouts ( including Green Garlic ) |
ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်(အစို (သို့) အေးခဲ) |
49 |
Fresh or Chilled Garlic |
ကြက်သွန်ဖြူ(အစို(သို့ )အေးခဲ) |
50 |
Fresh or Chilled Onions |
ကြက်သွန်နီ (အစို (သို့)အေးခဲ) |
51 |
Oil Palm Fruit Oil Palm Kernel |
ဆီအုန်းသီးနှင့် ဆီအုန်းအဆံ |
52 |
Sesame |
နှမ်း |
ထောက်ခံချက်ပေးမည့် သက်ဆိုင်ရာဌာနများသည် GACC မှဖွင့်လှစ်ပေးသည့် Official Account အား အသုံးပြု၍ စားသောက်ကုန်တင်ပို့သည့် လုပ်ငန်းရှင်များအတွက် Sub-account ဖွင့်လှစ်ပေးပြီး လုပ်ငန်းရှင်များသည် အဆိုပါ Sub-account ဖြင့် Registration Application များအား http://cifer.singlewindow.cn မှတစ်ဆင့် ဝင်ရောက်၍ တင်ပြလျှောက်ထားရမည်ဖြစ် ပါသည်။ ထိုသို့တင်ပြလာသည့် Registration Application များအား ထောက်ခံချက်ပေးမည့် သက်ဆိုင်ရာဌာနများမှ Official Account ဖြင့်ဝင်ရောက်၍ လိုအပ်သည့်စစ်ဆေးမှု (Audit) ဆောင်ရွက်မည်ဖြစ်ပါသည်။ ထိုသို့စစ်ဆေးပြီးစီးမှသာ သက်ဆိုင်ရာဌာနသည် လျှောက်ထားသည့် လုပ်ငန်းအား Recommendation ပြုလုပ်ခြင်း ၊ GACC သို့ဆက်လက်လျှောက်ထားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။
လုပ်ငန်းရှင်ကိုယ်တိုင်မှတ်ပုံတင်ရမည့် ကုန်ပစ္စည်းအမျိုးအစား
အောက်ပါကုန်ပစ္စည်းအမျိုးအစားများအတွက် လုပ်ငန်းရှင်များကိုယ်တိုင် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားရမည်ဖြစ်ပါသည်-
Vegetables and vegetable products (Fresh and dehydrated vegetables are excluded ) |
Grain Products and Other Products |
Tea |
Nuts and Seeds Products |
Alcoholic beverages |
Beverages and Frozen beverages |
Biscuits , cakes and bread |
Sugars ( including raw sugar, sugar, lactose ,syrup ,etc.) |
Confectionary ,Chocolate ( including chocolate ,cocoa butter substitute chocolate and its products ) |
Seasoning ( excluding sugar ) |
Roasted coffee beans ,cocoa beans and other products (Excluding chocolate ) |
Fruit products |
Other miscellaneous foods |
Chinese herbs |
အဆိုပါ ကုန်ပစ္စည်းအမျိုးအစားများအတွက် လုပ်ငန်းရှင်များကိုယ်တိုင် http://cifer.singlewindow.cn ၌ တိုက်ရိုက်မှတ်ပုံတင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီးမှ အောက်ဖော်ပြပါ ငှားရမ်းခြင်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) (၁) နှစ်သက်တမ်း ငှားရမ်းခြင်း
(၁) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ် (၂၅/၂၆) (၂)လုံးတွဲ သိုလှောင်ရုံ(၁)လုံး (၁၂၀'x၆၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)
(၂) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ် (၂၃) သိုလှောင်ရုံ(၁)လုံး (၁၂၀'x၃၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)
( ခ ) (၅) နှစ်သက်တမ်း ငှားရမ်းခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ မော်တော်ယာဉ်ဝင်းရှိ အဆောက်အဦ(၁)လုံး (၁၁၄'x၈၇'x၁၇.၅') (သွပ်၊ အင်္ဂတေ၊ အင်္ဂတေ)
( ဂ ) တင်ဒါပုံစံရောင်းချမည့်ရက် - (၁၅.၁၂.၂၀၂၁) ရက်မှ (၁၄.၁.၂၀၂၂)ရက်ထိ
(ရုံးချိန်အတွင်း)
(ဃ) တင်ဒါပုံစံရောင်းချရန် - (၁၄.၁.၂၀၂၂)ရက် ညနေ(၁၆:၀၀)နာရီ
ပိတ်မည့်နေ့/အချိန်
( င ) တင်ဒါတင်သွင်းရမည့်နေရာ၊ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊
စာရင်းပေးသွင်းရမည့်နေရာ၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ဒုတိယထပ်၊
တင်ဒါပုံစံရောင်းချမည့်နေရာ၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊
တင်ဒါစည်းကမ်းချက်များ - ရန်ကုန်မြို့။
ရှင်းလင်းမည့်နေရာ၊
( စ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် - ( ၂၀.၁.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ
(ဆ) တင်ဒါစည်းကမ်းချက်များ - (၂၀.၁.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ
ရှင်းလင်းမည့်နေ့၊ အချိန်
( ဇ ) Deposit ပေးသွင်းနိုင်သည့် - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံများနှင့် အဆောက်အဦတို့၏ မျက်မြင် အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးကော်မတီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများ တင်ပို့တင်သွင်း နေခြင်း ကို ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် မန်းဝိန်းဂိတ်အား(၃၀-၃-၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ ကျိန်စမ်းကျော့ဂိတ်နှင့်ကြုကုတ်-ပန်ဆိုင်းဂိတ်အား(၈-၇-၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ချင်းရွှေဟော်ကုန်သွယ်ရေးနယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဖက်မှ (၁၈-၄-၂၀၂၁)ရက်နေ့မှစ၍ တင်ပို့/ တင်သွင်း ခြင်း ကို ယာယီရပ်ဆိုင်းခဲ့သည်။ မြန်မာဖက်မှလည်း ကိုဗစ်ကပ်ရောဂါပြန့်ပွားမှုကြောင့် (၆-၁၀-၂၀၂၁) ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့ပါသည်။
(၂၂-၁၁-၂၀၂၁) ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော အဖွဲ့နှင့်တရုတ်နိုင်ငံ ၊ ရွှေလီမြို့တော်ဝန်ဦးဆောင်သောအဖွဲ့တို့ ကုန်သွယ်မှုပြန်လည်စတင်နိုင်ရေး Online Meeting ဖြင့် ဆွေးနွေးညှိနှိုင်းချက်များအရ (၂၆-၁၁-၂၀၂၁)ရက်နေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန်အနေဖြင့် ရော်ဘာ(၇၀)တန်၊ သီဟိုစေ့ (၂၆)တန်၊ ဆန်ကွဲ(၇၀)တန်၊ စုစုပေါင်း ယာဉ်(၅)စီးဖြင့် လည်းကောင်း၊ သွင်းကုန်အနေဖြင့် မော်တော်ဆိုင်ကယ် (၂၈၅)စီးနှင့် ဆိုင်ကယ်အပိုပစ္စည်းများတင်ဆောင်သည့်ယာဉ် စုစုပေါင်း(၅)စီးအားလည်းကောင်း စတင် ဆောင်ရွက် မည်ဖြစ်ပါသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း နှစ်ဖက်ညှိနှိုင်းချက်များအရ ရွှင်ချွမ်လုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက်မှ လက်ဖက်ခြောက်ကုန်ကြမ်း (၃.၉၂၉)တန် ၊ လက်ဖက်ခြောက် တန်ချိန် (၇.၈၅၈) တန်အား နမ့်ဖာဟော်တံတားဂိတ်၌ (၂၆-၁၁-၂၀၂၁) ရက်နေ့ ၀၇ ၃၀ နာရီအချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ဖက်(တရုတ်)နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊တရုတ်ဘက်မှလည်းဓာတ်မြေသြဇာနှင့်လူသုံးကုန်ပစ္စည်းများ စတင်၍ တင်သွင်း တော့မည်ဖြစ်ကြောင်း အဆိုပါကုန်သွယ်ရေးစခန်းများမှ သိရှိရပါသည်။