နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ၁၇-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မြဝတီ၊ ချင်းရွှေဟော် နယ်စပ်စခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၀၀၀) ခု၊ Oxygen Plant (၁၅)ခု၊ အိမ်သုံး Oxygen Concentrator (၃၆၇)ခု၊ Covid Test Kit (၁၀၂၆၀) ခု၊ PPE (၁၅၇၁၇၇)စုံ၊ လက်အိတ် (၁၆) တန်နှင့် နှာခေါင်းစည်း (Mask) (၃၂)တန် တင်သွင်းခဲ့ပါသည်။ Oxygen Plant (၁၅)ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ (၁၄) ခုနှင့် ချင်းရွှေဟော်မှ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့သို့ (၁) ခု ဖြစ်ကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာ တွင်နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိ ပါကြောင်းနှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ၁၅-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၆) ခုမှ ယာဉ်စီးရေ (၈) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၅၀၈၇) ခု၊ Oxygen Plant (၇)ခု၊ ဆေးရုံသုံး Oxygen ဖြည့်စက် (၂) ခု၊ အိမ်သုံး Oxygen Concentrator (၉၆) ခု၊ Tesk Kit (၄၇၇)ခု၊ လက်အိပ် (၂) တန်နှင့်နှာခေါင်းစည်း (Mask) (၁၀) တန် တင်သွင်းခဲ့ပါသည်။ Oxygen Plant (၇)ခုမှာ ဆိပ်ကမ်းမှ (၃)ခုနှင့် ချင်းရွှေဟော်နယ်စပ်စခန်းမှ (၄) ခု တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ (၄)ခု၊ ပခုက္ကူမြို့၊ အောင်လံမြို့နှင့် မအူပင်မြို့တို့သို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာ တွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရ ပါသည်။
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့် ပြုပေးလျက်ရှိရာ ၁၄-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် မြဝတီကုန်သွယ်ရေးစခန်း (၄) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၁) ခုမှ ယာဉ်စီးရေ (၂၄) စီးဖြင့် အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီး (၃၉) တန် ၊ အောက်ဆီဂျင် (အိုးခွံ) (၂၇၉၀) ခု၊ Oxygen Plant (၆၈) ခု၊ အိမ်သုံး Oxygen Concentrator (၃၁၈) ခု၊ Tesk Kit (၅၀၂၄၀)ခု၊ PPE (၇၃၀၀) စုံ ၊ လက်အိပ် (၂၉) တန် နှင့် နှာခေါင်းစည်း (Mask) (၆၃) တန်တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး၊ Oxygen Plant (၆၈) ခုမှာ ရန်ကုန်မြို့သို့ (၆၄)ခု၊ မန္တလေးမြို့၊ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့နှင့် မိုးကောင်းမြို့တို့ သို့ (၁) ခုစီ ဖြစ်ကြောင်းသိရှိရပါသည်။
ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များနှင့် အကူအညီလိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင် သည့် တာဝန်ခံ (Contact Person) များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိရာ ၁၃-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း (၃) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၂) ခုမှ ယာဉ်စီးရေ (၂၃) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၃၁၃၅) ခု၊ Oxygen Plant (၂)ခု၊ အိမ်သုံး Oxygen Concentrator (၆၅၇) ခု၊ PPE (၇၃၄၅၀) စုံ နှင့်နှာခေါင်းစည်း (Mask) (၈) တန်တင်သွင်းခဲ့ပါသည်။ Oxygen Plant(၂)ခုမှာ ချောက်မြို့သို့ ဖြစ်ကြောင်းသိရှိရပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိသည့်အပြင် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ၁၂-၉-၂၀၂၁ ရက်နေ့တွင် ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း (၂)ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၆) ခု မှ ယာဉ်စီးရေ (၁၇) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် (၃) စီးဖြင့် (၆၀)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၁၂၇) ခု၊ Oxygen Plant (၄) ခု ၊ PPE (၁၆၀၀) စုံ နှင့် နှာခေါင်းစည်း (Mask) (၅၇) တန် တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၃) စီးမှာ ရန်ကုန်မြို့သို့ (၂) စီးနှင့် မော်လမြိုင်မြို့သို့ (၁) စီးဖြစ်ပြီး Oxygen Plant (၄) ခုမှာ မန္တလေးမြို့၊ ချောက်မြို့၊ မိုးညှင်းမြို့၊ ကန်ကြီးထောင့်မြို့တို့သို့ (၁) ခုစီ ဖြစ်ကြောင်းသိရှိရပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။