နောက်ဆုံးရ သတင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် အများပြည်သူ  ရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ၁၆-၈-၂၀၂၁ ရက်နေ့  မှ       ၂၂-၈-၂၀၂၁ ရက်နေ့အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ အလုပ်တာဝန်များ ရပ်ဆိုင်းထားခြင်း မရှိဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်း စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြု ဆောင်ရွက် ပေးလျက်ရှိပါသည်။

 

အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး အတွက်စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၁၄၆၇)ခုအပါအဝင် ချင်းရွှေဟော်၊ မြဝတီ ၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်) Bowserယာဉ်(၁)စီးဖြင့် (၂၀)တန်၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် (၉)တန်၊အောက်ဆီဂျင် အိုး (အခွံ) (၁၆၉၀) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator)(၂၀၅၆) ခု၊ PPE (၁၅၅၀၀)စုံ၊ လက်အိတ် (၁၀)တန်နှင့်နှာခေါင်းစီး (Mask)(၅၃)တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက် ပါ ပစ္စည်းများအား ကုမ္ပဏီ(၁၃)ခုမှ ယာဉ်စီးရေ (၃၂)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၈၃၅)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၇၆၂)တန်၊အောက်ဆီဂျင်(အရည်)အိုးဖြင့်(၁၈၀)တန်၊အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့်(၇၂)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၇) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊အောက်ဆီဂျင်(အိုးခွံ) (၁၀၁၂၉၁)ခု၊ Oxygen Plant(၂၂)ခု၊ အောက်ဆီဂျင်(Generator) (၁၀)ခု၊အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) (၇၂၅၆၀)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၈၈၅၁၂)စုံ၊ လက်အိတ် (၈၂)တန်နှင့် နှာခေါင်းစီး (Mask) (၁၀၃၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ()ရက်နေ့အထိ ပြည်ပမှ တင်သွင်း လာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၇၇) စီးမှာ ရန်ကုန်မြို့သို့ (၅၉) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ မော်လမြိုင်မြို့သို့ (၄)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ သထုံမြို့သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၃၀) ခုမှာလားရှိုးမြို့သို့ (၅) ခု ၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါ သည်။

ပြည်ပမှ ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို စဉ်ဆက် မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၄-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အောက်ဆီဂျင်(အိုးခွံ) (၃၀) ခု၊ Oxygen Concentrator (၁၉၄၄)ခုအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ကန်ပိုက်တီ၊ မြဝတီ ၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်)Bowserယာဉ်(၄)စီးဖြင့်(၇၉)တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၅)တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့) အိုးဖြင့် (၁) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၃) ခု၊ အောက်ဆီဂျင်အိုး (အခွံ) (၉၇၃၈) ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၁၁၇၅) ခု၊PPE (၄၀၆၈၀)စုံနှင့်နှာခေါင်းစီး (Mask) (၃၇) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများ အား ကုမ္ပဏီ(၂၀)ခုမှ ယာဉ်စီးရေ (၅၄)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၈၀၃)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၇၄၃)တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၁၇၁)တန်၊အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့်(၇၂)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၇) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၉၉၆၀၁) ခု၊ Oxygen Plant (၂၂)ခု၊ အောက်ဆီဂျင်(Generator)(၁၀)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator) (၇၀၅၀၄)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၇၃၀၁၂) စုံ၊ လက်အိတ် (၇၂)တန်နှင့် နှာခေါင်းစီး (Mask) (၉၈၃) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ(၁၄)ရက်နေ့အထိ ယာဉ်စီးရေ(၁၆၁၄)စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် (၁၅၇၀) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၇၃၈)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့(Bowser) ယာဉ်ဖြင့်(၉) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့(အိုးဖြင့်) (၁၈၆) တန်၊ Storage Container (၇) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၄၀၀၉၂)ခု၊ Oxygen Plant (၃၀) ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ အောက်ဆီဂျင် ဖြည့်ကိရိယာ (၂) စုံ၊ Oxygen Generator (၂၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃၉၆၅၀)ခု၊ Test Kit(၄၇၃၁၄၆) ခု၊ PPE (၆၅၆၀၃၇)စုံ ၊ လက်အိတ် (၈၈)တန်နှင့် နှာခေါင်းစီး (Mask) (၂၂၆၁) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ(၁၄)ရက်နေ့အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၇၆) စီးမှာ ရန်ကုန်မြို့သို့ (၅၈) စီး ၊ မန္တလေးမြို့ သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့သို့ (၄)စီး ၊ သထုံမြို့သို့ (၁)စီး ဖြစ်ကြောင်းသိရှိရပါ သည်။ Oxygen Plant စုစုပေါင်း (၃၀) ခုမှာလားရှိုးမြို့သို့ (၅) ခု ၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ၁၆-၈-၂၀၂၁ ရက်နေ့မှ ၂၂-၈-၂၀၂၁ ရက်နေ့အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၃-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလိုအကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ပေးထားပါကြောင်း သိရှိရပါသည်။

၁။     အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော ၁၆-၈-၂၀၂၁ မှ ၂၂-၈-၂၀၂၁ ရက် အထိ ရုံးပိတ်ရက်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် လုပ်ငန်းတာဝန်များရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး COVID-19 ကူးစက် ရောဂါကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

 

၂။     အဆိုပါရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်) တို့မှ Online စနစ်ဖြင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

                                                                             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ပြည်ပမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ အလုပ်တာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် အဆိုပါရုံးပိတ်ရက်များအတွင်း ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထား မှုများကိုလည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ထိုသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၃-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၂၀၅)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂)စီးဖြင့် (၃၆)တန်၊ အောက်ဆီဂျင် (အရည်)အိုးဖြင့် (၁၀)တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၅) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၄) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်အိုး (အခွံ) (၆၁၅၄) ခု၊ Oxygen Plant (၂)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator)(၃၃၁) ခု၊ PPE (၃၁၆၈၀)စုံ၊ လက်အိတ် (၁၂)တန် နှင့်နှာခေါင်းစီး (Mask) (၃၉) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ(၂၂)ခု မှ ယာဉ်စီးရေ (၅၂)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၆၆၄) တန်၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် (၁၆၆) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၇၁) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၄) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၈၉၈၃၃) ခု၊ Oxygen Plant (၂၂) ခု၊ အောက်ဆီဂျင် (Generator) (၁၀) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၇၃၈၅)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၃၂၃၃၂)စုံ၊ လက်အိတ် (၇၂)တန်နှင့် နှာခေါင်းစီး (Mask) (၉၄၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်လ(၁၃)ရက်နေ့အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၆၇) စီးမှာ ရန်ကုန်မြို့သို့ (၅၀) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၃)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၃၀) ခုမှာ လားရှိုးမြို့သို့ (၅) ခု ၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများပြည်သူများသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက် ပေးထားပါကြောင်းသိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင် အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ၁၂-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၂၉၆)ခု၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ PPE ဝတ်စုံ(၃၀၀၀၀)စုံအပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ ၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser)ယာဉ်(၂)စီးဖြင့်(၃၈)တန်၊အောက်စီဂျင်အရည်(အိုးဖြင့်)(၀.၁၁)တန်၊ အောက်စီဂျင်(အိုးခွံ) (၅၈၇၅)ခု၊ Oxygen Plant (၄)ခု၊ အိမ်သုံးအောက်စီဂျင်စက်(Oxygen Concentrator)(၈၉၅) ခု၊ PPE (၂၈၈၀၀)စုံ၊ လက်အိတ်(၂)တန်နှင့်နှာခေါင်းစီး (Mask) (၅၈) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက် ပါပစ္စည်းများအား ကုမ္ပဏီ(၃၁)ခုမှ ယာဉ်စီးရေ (၅၅)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၆၉၇)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၆၂၈) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၁၅၆)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၆)တန်၊အောက်ဆီဂျင် (အိုးခွံ) (၈၃၆၇၉) ခု၊ Oxygen Plant (၂၀)ခု၊ အောက်ဆီဂျင်(Generator) (၁၀)ခု၊ အိမ်သုံး အောက်စီဂျင်စက်(Oxygen Concentrator) (၆၄၈၄၉)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၀၀၆၅၂)စုံ၊ လက်အိတ် (၆၀)တန်နှင့် နှာခေါင်းစီး (Mask) (၉၀၇) တန် တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်လ(၁၂)ရက်နေ့ထိ ပြည်ပမှ တင်သွင်းလာသည့် အောက်စီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၆၅) စီးမှာ ရန်ကုန်မြို့သို့ (၄၈) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၃)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါ သည်။ Oxygen Plant စုစုပေါင်း (၂၈) ခုမှာရန်ကုန်မြို့သို့ (၄ ) ခု၊လားရှိုး (၅) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ ပခုက္ကူ (၂) ခု ၊ မန္တလေးမြို့(၂)ခု၊ ဘားအံ(၂)ခု၊မော်လမြိုင်မြို့(၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူရုံးပိတ်ရက်များ အဖြစ် သတ်မှတ်ကြေညာထားသည့် ၉-၈-၂၀၂၁ ရက်နေ့မှ ၁၅-၈-၂၀၂၁ ရက်နေ့အထိ ရုံးပိတ် ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထား မှုများကိုလည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၈-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း