နောက်ဆုံးရ သတင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၃၁-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် ထီးခီးကုန်သွယ်ရေးစခန်း (၄)ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၀)ခုမှ ယာဉ်စီးရေ(၁၇)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် (၄၀) တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၃)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၂၃၂၂)ခု၊ အောက်ဆီဂျင်Plant(၁၁)ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator(၃၅၃)ခု၊ Test Kit (၁၀၀)ခု၊ လက်အိတ် (၈)တန် နှင့်နှာခေါင်းစည်း(Mask) (၁၀၀) တန် တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် အရည်(Bowser) ယာဉ်(၂)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant(၁၁)ခုမှာ ရန်ကုန်မြို့သို့ (၈)ခု၊ မကွေး၊ မော်လမြိုင်နှင့် ဒေးဒရဲမြို့များသို့ (၁)ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ၁-၉-၂၀၂၁ ရက်နေ့မှ ၁၀-၉-၂၀၂၁ ရက်နေ့အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ် တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် COVID-19 ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှု များ ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်း ခွင့်ပြု ပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်း ဌာနခွဲ နှင့်ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှု များကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်းခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၃၁-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန် ထားကြောင်း သတင်းရရှိပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၃၀-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း (၄)ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၈)ခုမှ ယာဉ်စီးရေ(၂၈)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် (၃)စီးဖြင့် (၅၉) တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၄)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၄၉၀၀)ခု၊ အောက်ဆီဂျင်Plant(၆)ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator(၃၈၈)ခု၊ Test Kit (၃၀၀၀)ခု၊ PPE(၂၅၀၀)ခု နှင့်နှာခေါင်းစည်း(Mask) (၁၃) တန်တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် အရည်(Bowser)ယာဉ်(၃)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant(၆)ခုမှာ ရန်ကုန်မြို့သို့ (၅)ခုနှင့် မော်လမြိုင်မြို့သို့ (၁)ခုဖြစ်ကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ အများပြည်သူ ရုံးပိတ်ရက်များတွင် လည်း ဦးစားပေးတင်သွင်းခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။
၂၄-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၁၇)ခု၊ Oxygen Plant(၂)ခု၊ အောက်ဆီဂျင် (အိုးခွံ) (၁၄၉) ၊ နှာခေါင်းစည်း(Mask) (၁၅) တန်နှင့် ပင်လယ်ဆိပ်ကမ်းမှ Oxygen Concentrator (၁၁၄၁)ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ ထီးခီး၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) Bowserယာဉ်(၃)စီးဖြင့် (၆၀)တန်၊ အောက်ဆီ ဂျင်(အရည်) အိုးဖြင့် (၄)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၅၁၉၁)ခု၊ အောက်ဆီဂျင် Plant (၇)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၂၆၅)ခု၊ PPE (၁၀၀၀)စုံ၊ နှာခေါင်းစည်း(Mask) (၆၉)တန် တင်သွင်းနိုင်ခဲ့ပါသည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ်(၃)စီးမှာ ရန်ကုန်မြို့ သို့ဖြစ်ပြီး Oxygen Plant(၇)ခုမှာ မြစ်ကြီးနားမြို့သို့(၄)ခု၊ ရန်ကုန်မြို့သို့(၂)ခုနှင့် ကွမ်းခြံကုန်းမြို့ သို့(၁)ခုဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများ ထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါ သည်။

