နောက်ဆုံးရ သတင်း

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၁၅) စုံနှင့် Chin Dwin Shan Contruction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၅) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၇-၄-၂၀၂၃) ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဧပြီ ၇           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု များ၏  သင်္ကြန်အကြို ရေကစားဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃)၊ ဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော  ဒေါက်တာ ဝါဝါမောင်၊ ဦးညွန့်အောင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ဝင်၊ ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ H.E. Mr. Chen Hai ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

          အခမ်းအနား၌ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက် နှစ်သစ်ကူးအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် နှစ်သစ်ကူးထောက်ပံ့ငွေပေးအပ်ရာ ဝန်ထမ်းများ ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လက်ခံရယူပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသောဧည့်တော်များက ဝန်ထမ်းများနှင့်အတူ ဝန်ကြီး ဌာနရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေပက်ကစားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဝန်ထမ်းများက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ ဖျော်ဖြေရေးအစီအစဉ်အဖြစ် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသည့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များမှလည်း အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ယိမ်းအဖွဲ့များအား ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက ဆုငွေများချီးမြှင့်ကာ အခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်း သံပြိုင်သီဆိုကပြ၍ ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ်

ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများဖိတ်ခေါ်ခြင်း

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ကမ္ဘာ့မူပိုင်ခွင့်နေ့အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “Women and IP: Accelerating Innovation and Creativity” “မူပိုင်ခွင့်နှင့် အမျိုးသမီးများ၊ ဆန်းသစ်တီထွင် တို့မြှင့်တင်” ကိုအခြေခံသည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများအား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။      ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ဆောင်းပါးခေါင်းစဉ် - “Women and IP: Accelerating Innovation and Creativity” “မူပိုင်ခွင့်နှင့်အမျိုးသမီးများ၊ ဆန်းသစ်တီထွင် တို့မြှင့်တင် (Pyidaungsu Font, Font Size (13), A4 (၅) မျက်နှာမှ (၇) မျက်နှာအထိ)

()     ကဗျာ၊ ကာတွန်း၊ ပိုစတာ- မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် နှစ်သက်ရာခေါင်းစဉ် (ကဗျာ-Pyidaungsu Font, Font Size (13), A4 (၁) မျက်နှာမှ (၂) မျက်နှာအထိ) (ကာတွန်း-A4 Size၊ မည်သည့်ဆေးအမျိုးအစားနှင့်မဆို လက်နှင့်ဖြစ်စေ၊ ကွန်ပျူတာနှင့်ဖြစ်စေ စိတ်ကြိုက်လွတ်လပ်စွာ ရေးဆွဲနိုင်သည်။) (ပိုစတာ- ၁၈” x ၂၄” သို့မဟုတ် ၂၄” x ၃၆” သို့မဟုတ် ၂၇” x ၄၀”)

(ဂ)     ပြိုင်ပွဲဝင်လက်ရာများသည် ပုံနှိပ်ထုတ်ဝေထားခြင်း၊ အခြားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိရ။

(ဃ)    ပထမ၊ ဒုတိယနှင့် တတိယဆုတို့ကို ချီးမြှင့်မည်ဖြစ်ပြီး ဆုရွေးချယ်မှုနှင့်ပတ်သက်၍ တစ်စုံ တစ်ရာအငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာပါက ပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီ (ဆုရွေးချယ်ရေးအဖွဲ့) ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။

(င)     ကမ္ဘာ့မူပိုင်ခွင့်နေ့တွင် ဆုရရှိသူသည် လက်ရာ၏ မူလပိုင်ရှင်ဖြစ်သော်လည်း လက်ရာများအား အသုံးပြုခွင့်ကို မူပိုင်ခွင့်ဦးစီးဌာနသို့ ခွင့်ပြုပေးရမည်ဖြစ်သည်။

(စ)     ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲအမျိုးအစားအလိုက် ကိုယ်တိုင်ဖန်တီးထားခြင်းဖြစ် ကြောင်း ဝန်ခံချက်ရေးသား၍ အမည်၊ အဘအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ လိုင်စင်ဓာတ်ပုံ (၃) ပုံတို့နှင့်အတူ ပေးပို့ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာများကို မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော် (သို့မဟုတ်) [email protected] သို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့၊ နေ့လယ် (၀၃:၀၀)  နာရီအချိန် နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့ရမည်ဖြစ်သည်။

                                                                               

                               မူပိုင်ခွင့်ဦးစီးဌာန

                                                                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်၊ (၁၄:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် H.E. Mr. Chen Hai အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

   တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် ပါဝင်ပြသနိုင်ရေးအတွက် ဆောင်ရွက်သွားရေး၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရေးတို့အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ စနစ် တကျ မှန်ကန်စွာဆောင်ရွက်လာစေရန်နှင့် ပို့ကုန်လိုင်စင်များ လွယ်ကူချောမွေ့စွာ ထုတ်ပေးနိုင် ရေးတို့အတွက် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှတင်ပို့သော ကုန်စည်များအတွက် Myanmar Tradenet 2.0 တွင် Automatic Licensing စနစ်ဖြင့် ခွင့်ပြုမည့်ကိစ္စရပ်နှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ယှဉ်ပြိုင်ဆိုင်ရာတိုင်ကြားမှုများနှင့်ပတ်သက်၍ တိုင်ကြားရန်နည်းလမ်းများကို ဆက်စပ်ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များ ရှင်းလင်းစွာ သိရှိဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ မင်္ဂလာမန္တလေး ဟိုတယ်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါရှင်းလင်းပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာအမျိုးသား လေကြောင်း၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ မန္တလေးတက္ကသိုလ်တို့မှ  တာဝန်ရှိအရာထမ်းများ၊ မန္တ‌လေးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလလုပ်ငန်းရှင်များ စုစုပေါင်း ( ၁၅၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် Myanmar Tradenet 2.0 စနစ်တွင် HS Code 2022 Version ဖြင့် ပို့ကုန်လိုင်စင်များကို စနစ်မှအလိုအလျောက်(Automatic Licensing ) စိစစ်ခွင့်ပြုပေးမည့် အစီအစဉ်နှင့် လက်ရှိပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများကို မူလစနစ် အတိုင်း Non-Automatic Licensing ဖြင့် ဌာနမှစိစစ်ထုတ်ပေးမည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ယှဉ်ပြိုင်ဆိုင်ရာတိုင်ကြားမှုများနှင့်ပတ်သက်၍ တိုင်ကြားရန်နည်းလမ်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပါသည်။

အဆိုပါအစီအစဉ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်းဆွေးနွေးကြပီး အခမ်းအနားကို ရုပ်သိမ်းပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန

Pages

Subscribe to နောက်ဆုံးရ သတင်း