နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့စားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ တောင်သူလယ်သမားများ ကျေးလက်မြို့ပြများမှာ ရောင်းဝယ်ဖောက်ကားသူများ တိကျသေချာတဲ့ ဈေးကွက်သတင်းအချက် အလက်များကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်စေဖို့ ဈေးနှုန်းသတင်းများ အလိုအလျောက်ဖြေကြားပေးစနစ် (APIS) ကို ဧရာဝတီ တိုင်းဒေသကြီးမှာ စတင်တပ်ဆင်အသုံးပြုတော့မှာဖြစ်ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအတွင်းမှ ဆန်၊ ဆန်ထွက်ပစ္စည်းဈေးနှုန်း၊ စပါးဈေးနှုန်း၊ ပဲမျိုးစုံတို့ရဲ့ နေ့စဉ်ပေါက်ဈေးနှုန်းများကို တစ် နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များသိရှိမေးမြန်းလိုပါက အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ဖို့ ပြည်ပပို့ကုန်ပဲမျိုးစုံ တင်ပို့ရောင်းချ နေတဲ့ ပဲအဓိကထွက်ရှိရာ ဟင်္သာတကုန်စည်ဒိုင်မှာ Ph 044-22444 ၊ ပုသိမ်ကုန်စည်ဒိုင်မှာ Ph 042-23821 တို့နဲ့ နောက်ဆုံး ဈေးနှုန်းသတင်းအချက်အလက်များကို တိကျမှန်ကန်စွာ ဖြေကြားပေးမယ့် ဈေးနှုန်းသတင်းများ အလိုအလျှောက်ဖြေကြားစနစ် APIS ကို စတင်တပ်ဆင်အသုံးပြုတော့မှာဖြစ်ကြောင်း ပုသိမ်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုးဝင်းမှ ပြောကြားပါတယ်။ ယခင် ရန်ကုန်၊ မန္တလေး၊ မူဆယ်ကုန်စည်ဒိုင်ကြီး သုံးခုမှာ အကောင်အထည်ဖော် တပ်ဆင်အသုံးပြုခဲ့ပြီး၊ ယခု ဧရာဝတီတိုင်းဒေသကြီးမှာ ထပ်မံတိုးချဲ့တပ်ဆင်အသုံးပြုခြင်းဖြစ်ကြောင်း သိရပါတယ်။
မင်းမင်းဦး
ဂျပန်ယန်းငွေတန်ဖိုး မြင့်မားတာကြောင့် ဂျပန်နိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုကိုလျော့ကျစေတဲ့အပြင် ကော်ပိုရေးရှင်းတွေရဲ့ အကျိုးအမြတ်တွေလည်း ကျဆင်းစေတယ်။ ဒါ့အပြင် စီးပွားရေးယုံကြည်ချက်လည်း ယိုယွင်းကျဆင်းနေလျက်ရှိရာ ဂျပန်ဗဟိုဘဏ် (BOJ) အနေနဲ့ ယန်းငွေတန်ဖိုးမြင့်တက်မှုကြောင့်
ဟင်းသီးဟင်းရွက်သီးနှံတစ်မျိုးဖြစ်တဲ့ ကညွတ်ကို အမျိုးမျိုးအဖုံဖုံ ပြုလုပ်စားသုံးလျက်ရှိကြပါတယ်။ အဖြူရောင်နဲ့ အစိမ်းရောင်ကညွှတ်မှာ လူသိများပြီး ခရမ်းရောင်ကညွတ်ကလည်း အဖြူရောင်နဲ့ အစိမ်းရောင် ကညွတ်တွေထက် သကြားဓါတ်ပါဝင်မှု ပိုများလျက်ရှိပါတယ်။ ကညွတ်ကို အသား၊ ပုစွန်တို့နဲ့ ရောနှောကြော် လှော်ပြီးတစ်မျိုး၊ ကင်ပြီးတစ်မျိုး၊ ဟင်းချိုအဖြစ်တစ်မျိုး၊ သုပ်စားပြီး တစ်မျိုး အမျိုးမျိုး စားသုံးလျက်ရှိပါတယ်။ ဒါ့အပြင် ကညွတ်သနပ်အဖြစ်ပြုလုပ်ပြီး ကာလရှည်စွာ သိုလှောင်စားသုံးလျက်ရှိကြပါတယ်။ ကညွတ်မှာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်မျိုးစုံနဲ့ အင်တီအောက်ဆီဓါတ်ကြွယ်ဝလျက်ရှိပါတယ်။ ကညွှတ်ကို စားသုံးခြင်းနဲ့သွေးကြောမျှင်တွေ ပေါက်ထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ ဆီးရွှင်စေခြင်းစတဲ့အစွမ်းသတ္တိတွေရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ အမျိုး အစား (၂)နဲ့ နှလုံးရောဂါဖြစ်နိုင်ချေအား လျှော့ချပေးနိုင်ကြောင်းလေ့လာတွေ့ရှိရပါတယ်။
ကညွတ်ကို ရွှေဖြူ (White Gold) သော် လည်းကောင်း၊ စားသုံးနိုင်တဲ့ ဆင်စွယ် (Edible Ivory) သော် လည်းကောင်း၊ တော်ဝင်ဟင်းသီးဟင်းရွက် (Royal Vegetable) သော်လည်းကောင်း အမျိုးမျိုး တင်စားခေါ်ဝေါ်လျက်ရှိကြပါတယ်။ ယခုလိုမျိုး အာဟာရဓာတ်ကြွယ်ဝပြီး အဖိုးတန်လှတဲ့ ကညွတ်ကို လူအများက ပိုမိုသိရှိလာပြီးဖြစ်ရာ မိမိတို့မြန်မာနိုင်ငံမှာလည်း ယခုအခါကညွှတ်ကို တွင်ကျယ်စွာစိုက်ပျိုးလျက်ရှိကြပြီး ပြည်တွင်းစားသုံးမှု ပိုလျှံ သည်များကို ပြည်ပကိုတင်ပို့ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါတယ်။ ကညွတ်ကို ရှမ်းပြည်နယ်မှာ အဓိကစိုက် ပျိုးလျက်ရှိပြီး ထွက်ရှိလာတဲ့ ကညွတ်တွေကို စင်ကာပူနိုင်ငံကို တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ ကညွှတ်မှာ နူးညံ့လှရာ စက္ကူပုံးများနဲ့ထုပ်ပိုးပြီး ရှမ်းပြည်နယ်မှ ရန်ကုန်လေဆိပ်ကို ကားကြီးတွေနဲ့ တိုက်ရိုက်သယ်ဆောင်ကာလေကြောင်းနဲ့ စင်ကာပူကို တင်ပို့လျက်ရှိပါတယ်။ ဒါကြောင့် သန့်ရှင်းလတ်ဆတ်စွာနဲ့ စနစ်တကျ ထုပ်ပိုးထားတဲ့ မြန်မာ့ကညွှတ်က နိုင်ငံခြားဝင်ငွေရှာဖွေ ပေးလျက်ရှိတဲ့ ပို့ကုန်အမယ်တစ်ခုအဖြစ်ရပ်တည်လျက်ရှိကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
စန္ဒာထွန်း
မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး သရက်သီးထုတ်လုပ်နိုင်ဖို့နဲ့ ပြည်ပပို့အရည်အသွေးမီ သရက်သီးများ ထုတ်လုပ်နိုင်ဖို့အတွက် FAO မှ ပံ့ပိုးကူညီပေးမယ် လို့သိရပါတယ်။ FAO အပြင် ထိုင်းနိုင်ငံ သရက်သီးကျွမ်းကျင်သူများအသင်း(Mango Association of Thai)မြန်မာနိုင်ငံ သစ်သီးဝလံဟင်းသီးဟင်းရွက် တင်ပို့ ရောင်းချသူများအသင်း(MFVP) နဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေး လုပ်ငန်းတို့အဖွဲ့ လေးဖွဲ့ပူးပေါင်းကာ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး သရက်သီး ထုတ်လုပ်နိုင်ဖို့စီစဉ်နေပြီဖြစ်တယ်။ ယခုလိုတစ်နှစ်ပတ်လုံး သရက်သီးတွေ စိုက်ပျိုးထွက်ရှိဖို့အတွက် မြန်မာနိုင်ငံရှိ သရက်စိုက်ပျိုးသူတွေကို နည်းပညာ ပံ့ပိုးကူညီပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ မန္တလေးရှိသရက်ခြံငါးခြံမှာ သရက်ကင်းတွေကို စက္ကူ အိတ်စွပ်ခြင်းလုပ်ငန်းကို ယခု သရက်သီးရာသီမှအစပြုပြီး သရက်သီး စိုက်ပျိုးသူတွေကို ပညာပေးလုပ်ကိုင်စေမှာဖြစ်ပါတယ်။ ဒါ့ပြင် အိတ်စွပ်ခြင်းနဲ့ အဖျက်ရောဂါကင်းစင်ပြီး အရောင်အဆင်းပိုမိုလှပတဲ့ အသီးတွေရနိုင်ကြောင်း ပညာပေးသွားမှာဖြစ်ကြောင်း ကြားသိရပါတယ်။
မြန်မာ့သရက်သီးကို တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နေရာဈေးကွက်ရရှိထားပြီး ဖြစ်ပါတယ်။ သရက်သီးက အချိန်နဲ့ တပြေးညီဈေးကွက်ကို မျက်နှာပန်းလှလှတင်ပို့ရမဲ့ သစ်သီးဝလံဖြစ်ရာ လေ ကြောင်းခရီးစဉ်နဲ့ အခြားနိုင်ငံတွေကို တင်ပို့ကြပါတယ်။ ယခုဘဏ္ဍာနှစ်မှာ တန်သုံးရာကျော် Singapore ကို လေကြောင်းမှ တင်ပို့ထားကြောင်း သိရှိရပါတယ်။ သရက်သီး ကိုထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေကိုတင်ပို့ပြီး စိန်တလုံးသရက်မှာ လူကြိုက်များလျက် ရှိကြောင်း သိရပါတယ်။ သရက်သီးက အဆင်း၊ ရနံ့၊ အရသာပြည့်စုံ လှတဲ့သစ်သီးဝလံဖြစ်ပါတယ်။ သရက်သီးစားသုံးခြင်းနဲ့ သွေးအတွင်းကို လက်စထရောလျော့ကျစေပြီး အရွယ် တင်နုပျိုစေကြောင်း လေ့လာသိရှိရပါတယ်။
အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဘက်လို့တင်စားပြောဆိုတဲ့စကားအတိုင်း စိန်တလုံး သရက်မှာ အကောင်းဆုံးမြန်မာ့သရက်သီးဖြစ်ပြီး၊ ကမ္ဘာကျော်ဖြစ်ပါတယ်။ အမျှင်ကြောများကင်းစင်ခြင်း၊ အရသာကောင်းမွန် ခြင်း၊ ပုံစံလှပခြင်းတို့မှာ စိန်တလုံးသရက်ရဲ့ ဂုဏ်သတ္တိတွေဖြစ်ပါတယ်။ သရက်သီးကို သဘာဝအတိုင်းအမှည့်စားသုံးခြင်း၊ အစိမ်းစားသုံးခြင်းတို့အပြင် သရက်ပြား၊ သရက်ဖျော်ရည်၊ သရက်သီးချဉ်၊ သရက် သီးသနပ် အစရှိတဲ့အမျိုးမျိုးပြုလုပ်သုံးစွဲ လျက်ရှိရာ ပင်ကိုယ်အရည်အသွေးကောင်း မွန်ပြီးဖြစ်တဲ့ သရက်သီးတွေကို တိုးတက်တဲ့ ခေတ်မီနည်းပညာတွေနဲ့ ထုတ်ပိုးမှု ကောင်းကောင်းထုတ်လုပ်တော့မှာဖြစ်ပါတယ်။ သဘာ၀ အတိုင်းတင်ပို့တဲ့အပြင် ပိုလျှံတဲ့ သရက်သီးတွေကိုလည်း အလဟသမဖြစ်စေဘဲ တန်ဖိုးမြှင့်ပို့ကုန် (Valued Added Product) အဖြစ်တီထွင် ထုတ်လုပ်တင်ပို့ရောင်းချခြင်းနဲ့ အနာဂတ်မှာ တိုင်းပြည်ဘဏ္ဍာငွေတိုးတက် ရှာဖွေ ပေးနိုင်တော့မယ့် ထွက်ကုန်အမယ်ဖြစ်တာကြောင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပေးရေးသားတင်ပြ အပ်ပါတယ်။
နွဲ့နွဲ့ဌေး
ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးများလုပ်ဆောင်ခြင်းဟာ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲများဖြေရှင်းနိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများပိုမိုအောင်မြင်နိုင်မဲ့နည်းလမ်းများ၊ အကြံဉာဏ်ကောင်းများ ရရှိနိုင်စေပါတယ်လို့ သြဂုတ်လ ၂၆ ရက်နေ့က ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကျင်းပတဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဖေကြိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟာ တိုင်းပြည်ရဲ့ကုန်သွယ်စီးပွားလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ မိမိနိုင်ငံရဲ့သဘာအခြေအနေနဲ့ သတင်းအချက် အလက်များ၊ကုန်သွယ်ဘက်နိုင်ငံရဲ့ ဝယ်လိုအား ရောင်းလိုအား၊ ကုန်သွယ်ဘက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနဲ့ ပေါင်းသင်းဆက်ဆံရေး၊ ဇွဲ၊ လုံ့လ ဝီရိယ၊ အကျိုးနဲ့အကြောင်း၊ အဆိုးနဲ့အကောင်း၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံရန်လည်း လိုအပ်မယ်လို့ ဦးဖေကြိုင်ကဆိုပါတယ်။ ဝန်ကြီးဌာနမှလည်း နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ လူမှုစီးပွားတိုးတက်စေရန် အတွက် နိုင်ငံတော်မှရည်မှန်းတဲ့ လုပ်ငန်းများအပြင် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက်၊ ကဏ္ဍအလိုက်၊ မူဝါဒလုပ်ငန်းစဉ်အသေးစိတ် (Sectorial Policy & Plan ) ရေးဆွဲနိုင်ရေးမှာ ကုန်သည်လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်စေလိုတယ်။ ကုန်သွယ်မှု ပိုမိုမြင့်မားဆောင်ရွက်စေနိုင်မယ့် အချက်များနဲ့ ကုန်သွယ်မှုလုပ်ငန်း များဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲများ၊ ကုန်သွယ်မှုအတားအဆီးများကို မိမိတို့နယ်စပ်ရုံးအနေနဲ့ ဆောင်ရွက်ပေးနိုင်တာတွေကိုဆောင်ရွက်ပေးမှာဖြစ်ပြီး ရုံးချုပ်သို့တင်ပြရမဲ့ကိစ္စဆိုလျှင်လည်း ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမယ်လို့ ဦးဖေကြိုင်ကအသိပေးပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးကုမ္ပဏီလုပ်ငန်းများကို ဆောင်ရွက်ရာမှာ လာရောက်လုပ်ကိုင်နေကြတဲ့ Agent များဟာ တရားမဝင် Agent များဖြစ်နေတယ်။ တရားဝင် Agent လိုင်စင်အမြန်ဆုံးပြုလုပ်ရန်လိုအပ်နေကြောင်း၊ တရားမဝင် Agent များနဲ့လုပ်ဆောင်နေတဲ့ ကိစ္စများမှားယွင်းပါက ကုမ္ပဏီတွင်သာတာဝန်ရှိလာမှာဖြစ်တယ်၊ နောင်မှာ ကုန်သွယ်မှု လုပ်ငန်းများပိုမို ဖွံ့ဖြိုးလာတော့မှာ ဖြစ်တဲ့အတွက် ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိထားကြရန် လိုအပ်ကြောင်းနဲ့ OSS ဌာနများရဲ့ လုပ်ထုံး လုပ်နည်းများကို အချိန်မရွေးတွေ့ဆုံမေးမြန်းနိုင်ကြောင်း လုပ်ငန်းရှင်များအား ဦးဖေကြိုင်က ရှင်းလင်းပြောကြား ခဲ့ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာမှာ နှစ်နိုင်ငံဘဏ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ တရားဥပဒေ ဘောင်အတွင်းမှာ ပို့ကုန်^သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်အောင် OSS အဖွဲ့ဝင်ဌာန ဆိုင်ရာများမှ ဝိုင်းဝန်းပံ့ပိုးကူညီသွားရန်၊ နိုင်ငံတော်ကချမှတ်တဲ့အမိန့်ညွှန်ကြားချက်များကို OSS အဖွဲ့ဝင်ဌာနများက လိုက်နာ ဆောင်ရွက်ပြီး လစဉ်ကုန်သွယ်မှုပမာဏတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် အစည်းအဝေးမှာဆွေးနွေးဆုံးဖြတ် ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
Source: နကသ (ချင်းရွှေဟော်)
MIRT (DOBT)