ဧရာဝတီတိုင်းဒေသကြီးအတွင်း ဈေးနှုန်းသတင်းများ အလိုအလျောက် ဖြေကြားစနစ် APIS စတင်တပ်ဆင် အသုံးပြုတော့မယ်

Tue, 09/18/2012 - 07:52 -- Anonymous (not verified)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့စားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ တောင်သူလယ်သမားများ ကျေးလက်မြို့ပြများမှာ ရောင်းဝယ်ဖောက်ကားသူများ တိကျသေချာတဲ့ ဈေးကွက်သတင်းအချက် အလက်များကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်စေဖို့ ဈေးနှုန်းသတင်းများ အလိုအလျောက်ဖြေကြားပေးစနစ် (APIS) ကို ဧရာဝတီ တိုင်းဒေသကြီးမှာ စတင်တပ်ဆင်အသုံးပြုတော့မှာဖြစ်ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအတွင်းမှ ဆန်၊ ဆန်ထွက်ပစ္စည်းဈေးနှုန်း၊ စပါးဈေးနှုန်း၊ ပဲမျိုးစုံတို့ရဲ့ နေ့စဉ်ပေါက်ဈေးနှုန်းများကို တစ် နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များသိရှိမေးမြန်းလိုပါက အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ဖို့ ပြည်ပပို့ကုန်ပဲမျိုးစုံ တင်ပို့ရောင်းချ နေတဲ့ ပဲအဓိကထွက်ရှိရာ ဟင်္သာတကုန်စည်ဒိုင်မှာ Ph 044-22444 ၊ ပုသိမ်ကုန်စည်ဒိုင်မှာ Ph 042-23821 တို့နဲ့ နောက်ဆုံး ဈေးနှုန်းသတင်းအချက်အလက်များကို တိကျမှန်ကန်စွာ ဖြေကြားပေးမယ့် ဈေးနှုန်းသတင်းများ အလိုအလျှောက်ဖြေကြားစနစ် APIS ကို စတင်တပ်ဆင်အသုံးပြုတော့မှာဖြစ်ကြောင်း ပုသိမ်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုးဝင်းမှ ပြောကြားပါတယ်။ ယခင် ရန်ကုန်၊ မန္တလေး၊ မူဆယ်ကုန်စည်ဒိုင်ကြီး သုံးခုမှာ အကောင်အထည်ဖော် တပ်ဆင်အသုံးပြုခဲ့ပြီး၊ ယခု ဧရာဝတီတိုင်းဒေသကြီးမှာ ထပ်မံတိုးချဲ့တပ်ဆင်အသုံးပြုခြင်းဖြစ်ကြောင်း သိရပါတယ်။                           
မင်းမင်းဦး