Minister's Office

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

Mon, 09/05/2022 - 06:42 -- mocadmin
Undefined

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အရည်အသွေးကောင်းသည့် မြန်မာ့ဆန်များတိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးကွက်သစ်များ ရှာဖွေရေး၊ ပြည်တွင်း၌ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေး စသည့်ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွှဲ (၁၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပို့ကုန်မြှင့်တင်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ တွင်ကြုံတွေ့နေရသောအခက်အခဲများအား လျှင်မြန်လွယ်ကူစွာဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းရှိ အရင်းအမြစ်များကို တိုးမြင့်ဆောင်ရွက်၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်အောင် ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု ကဏ္ဍမြှင့်တင်နိုင်မည့် နည်းလမ်းရှာဖွေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြား

Wed, 07/20/2022 - 03:50 -- mocadmin
Undefined

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြား ရာတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး အဖွဲ့အနေဖြင့် တောင်သူ လယ်သမားများ နည်းပညာ အပြည့်အဝရရှိစေရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများ လွယ်ကူအဆင်ပြေစွာ ပံ့ပိုးနိုင်ရေးနှင့် လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းရရှိရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များကို ကာမိစေပြီးထိုက်သင့်သည့်အကျိုးအမြတ်ရရှိစေသည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို နှစ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးထွက်ရှိမည့် စပါးသီးနှံများကို အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ပေးနိုင်ရန်အတွက် လက်ရှိဓါတ်မြေသြဇာ၊ သွင်းအားစုဈေးနှုန်းများ၊ အခြေခံစားကုန်များ ဈေးနှုန်းများ၊ ကမ္ဘာ့ဆန်ဈေးကွက်ပေါက်ဈေးနှုန်းစသည့် အချက်အလက်များအပေါ်အခြေခံ၍ အဆိုပြုဈေးနှုန်းတစ်ရပ်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များက အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်အဆိုပြုနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြရာ ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ၂၀၂၂ ခုနှစ်၊ ပညာရည်ထူးချွန်သူ ကျောင်းသား/ ကျောင်းသူများနှင့် သင်တန်းထူးချွန်သူ ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Mon, 07/11/2022 - 03:40 -- mocadmin
Undefined

       ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ပညာရည်ထူးချွန်သူ ကျောင်းသား/ ကျောင်းသူများနှင့် သင်တန်းထူးချွန်သူ ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည် မြင့်မားရေးဟူသည့် ပညာရေးဆိုင်ရာ အမျိုးသားရေးမျှော်မှန်းချက်ကို ချမှတ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို ခေတ်စနစ်နှင့် လျော်ညီစွာ စီမံကိန်းများဖြင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းမွန်စွာ သင်ယူတတ်မြောက်ရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်စုံ ထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မား ရေးနှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးဟူသည့်  တစ်မျိုးသားလုံး ပညာရည်မြင့်မားရေး မျှော်မှန်းချက်များ အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စနစ်တကျ စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက မျိုးဆက်သစ်လူငယ်များကို ပညာရည်အဆင့်အတန်း၊ အရည်အသွေး၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ပြည့်စုံစေပြီး အမျိုးသားပညာရည် မြင့်မားစေရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လည်း တစ်တပ်တစ်အား ပါဝင်ချီးမြှင့်ပံ့ပိုးသည့်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးဖြင့် အောင်မြင်သည့်အခါ ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းတို့ကို နှစ်စဉ်ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊

    ယခုဂုဏ်ပြုပွဲအခမ်းအနားတွင်လည်း သားငယ်/ သမီးငယ်များကို မှာကြားလိုသည်မှာ ပညာရှိမှ မှန်မှန်ကန်ကန် ဝေဖန် ဆုံးဖြတ်နိုင်ပြီး မှန်ကန်သည့် ဦးဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့်အတိုင်း ထူးချွန်ထက်မြက်သော ပညာရှင် များ ဖြစ်အောင် ယခုရရှိထားသည့် ထူးချွန်မှု အောင်မြင်မှုများနှင့် ကျေနပ်မနေသင့်ဘဲ ဆထက်ထမ်းပိုး ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။

  ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာသင်ထောက်ပံ့ကြေးများအား အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံသို့ အသီးသီးပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူတစ်ဦးအား (၁၆) ပဲရည် ရွှေ(၁) ကျပ်သား ဆွဲပြားအားလည်းကောင်း၊ ဒုတိယဝန်ကြီးမှ ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူတစ်ဦးအား (၁၆) ပဲရည် ရွှေ(၃)မတ်သား ရွှေဆွဲပြားအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

    ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ထူးဖြင့်အောင်မြင်သူများကို တစ်ဘာသာလျှင် (၁) သိန်း ကျပ်နှုန်းဖြင့်လည်းကောင်း၊ သင်တန်းများတွင် ထူးချွန်ဆုရခဲ့သည့် ဝန်ထမ်းများအား ဆုများအသီးသီးချီးမြှင့်ပြီး ဆုရရှိသူ ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယနေ့ပညာရည်ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် ကျပ်နှစ်ရာသုံးဆယ့်တစ်သိန်းကိုးသောင်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးအား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Tue, 01/26/2021 - 09:44 -- adminDep
Undefined

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးအား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

Latest News: 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် အီဂျစ်နိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Sherif Salah Eldin Elleithy အား လက်ခံတွေ့ဆုံ

Tue, 01/19/2021 - 07:45 -- adminDep
Undefined

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Sherif Salah Eldin Elleithy အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Latest News: 

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်

Tue, 01/12/2021 - 09:05 -- adminDep
Undefined

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

Latest News: 

ဒုတိယဝန်ကြီး ဦးအောင်ထူးသည် METRO Wholesale Myanmar Ltd. ၏ Chief Executive Officer ဖြစ်သူ Mr. Jens Michel အားလက်ခံတွေ့ဆုံ

Tue, 01/12/2021 - 08:01 -- adminDep
Undefined

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် METRO Wholesale Myanmar Ltd. ၏ Chief Executive Officer ဖြစ်သူ Mr. Jens Michel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Vidoe Conferencing လက်ခံတွေ့ဆုံ

Latest News: 

အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများအားထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိစေရန် စည်းမျဉ်းများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေး

Fri, 01/08/2021 - 09:01 -- adminDep
Undefined

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိစေရန် စည်းမျဉ်းများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

Latest News: 

ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ကျင်းပပြုလုပ်

Wed, 01/06/2021 - 09:14 -- adminDep
Undefined

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

Latest News: 

၂၀၂၀ ပြည့်နှစ် လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းများစီမံခြင်း အခမ်အနား ပြုလုပ်ကျင်းပ

Wed, 12/30/2020 - 12:23 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းများစီမံခြင်း အခမ်အနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့

Latest News: 

Pages

Subscribe to RSS - Minister's Office