Minister's Office

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ အဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 10/21/2020 - 10:16 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ အဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

Latest News: 

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်

Wed, 10/14/2020 - 03:37 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အမှာစကားပြောကြား

Latest News: 

ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေသုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်

Wed, 10/14/2020 - 03:34 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေသုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြား

Latest News: 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် သံအမတ်ကြီးဦးစိုးဟန်နှင့် သံအမတ်ကြီးဦးအောင်စိုးဝင်းတို့အား လက်ခံတွေ့ဆုံ

Mon, 10/12/2020 - 10:28 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးအောင်စိုးဝင်းတို့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Latest News: 

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်

Fri, 09/25/2020 - 09:27 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား 

Latest News: 

ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ်ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်

Wed, 09/23/2020 - 10:47 -- adminDep
Undefined

 ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ်ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

Latest News: 

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

Mon, 09/14/2020 - 11:34 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာကန့်သတ်နေသည့်ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

Latest News: 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂-လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်း တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Wed, 09/02/2020 - 11:30 -- adminDep
Undefined

နေပြည်တော်၊ စက်တင်ဘာ ၂         ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ်(ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ် မည့် ၂-လမ်းသွားကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားခဲ့သည်။    

          အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်း နယ်စပ်(ထီးခီး)သို့ ဆက်သွယ် ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းဖောက်လုပ်ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ NEDA နှင့်  ညှိနှိုင်းဆွေးနွေးခြင်း တိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီးဖြစ် သည့်ချေးငွေကို ထိုင်းနိုင်ငံမှရရှိရေးအတွက် NEDA နှင့်  ညှိနှိုင်းဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများ၊ ၂-လမ်းသွား ကားလမ်းဖောက်လုပ်ရန်အတွက်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် လေ့လာမှုဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြကာ အစည်းအဝေးကို (၁၁:၁၅) နာရီတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E. Mr. Saurabh Kumar အား လက်ခံတွေ့ဆုံ

Tue, 09/01/2020 - 05:12 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E.  Mr. Saurabh Kumar အား လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် သတ္တမအကြိမ်မြောက် မြန်မာ - အိန္ဒိယကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေး (Joint Trade Committee) ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဈေး များဖွင့်လှစ်နိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ ပဲအမယ်မျိုးစုံတိုးမြှင့်တင်ပို့နိုင်ရေး၊ ဒေသတွင်း သဘော တူညီချက် များဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) နှင့် ASEAN- India Free Trade Agreement တို့တွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Country of Origin-CO) အား Electronic Certificate ဖြင့် လက်ခံ ဆောင်ရွက်နိုင်ရေး၊ မိုရေး-တမူး ကုန်သွယ်ရေးလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တမူးနယ်စပ်ကုန်သွယ်မှုဇုန် တိုးချဲ့တည်ဆောက်နေမှုအခြေအနေများ၊ အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကကဏ္ဍတွင်လည်း ကုန်သည်အသင်းအဖွဲ့များအကြား အပြန်အလှန်အတွေ့အကြုံဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် COVID-19 အလွန်ကာလတွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Latest News: 

2020 ASEAN Leadership & Partnership Forum သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်

Thu, 08/27/2020 - 11:40 -- adminDep
Undefined

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပ ပြုလုပ်သော 2020 ASEAN Leadership & Partnership Forum သို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Virtual စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြား

Latest News: 

Pages

Subscribe to RSS - Minister's Office