Minister's Office

ဒုတိယဝန်ကြီး ဦးညွန့်အောင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပို့ကုန်လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက်

Mon, 11/14/2022 - 04:22 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၁၁         ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပို့ကုန်လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။

   ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လထိ ပို့ကုန်လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ ဝိုင်းဝန်းဆွေးနွေး အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၏ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

   အဆိုပါ အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာဖြစ်သူ Mr.SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Thu, 11/10/2022 - 03:38 -- mocadmin
Undefined

နေပြည်တော်၊နိုဝင်ဘာ ၉  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ (၀၈:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာဖြစ်သူ Mr.SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။

   အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ - ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ တင်ပို့ရန်အလားအလာ ရှိသည့်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး၊ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများကို  ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံလမ်းညွှန်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Wed, 11/09/2022 - 03:14 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၈ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံလမ်းညွှန်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအား စနစ်တကျရွေးချယ်လေ့ကျင့်ထားခြင်းဖြစ်သည်နှင့်အညီ တစ်ဦးချင်းစည်းကမ်းရှိ၍ ဂုဏ်သိက္ခာထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်ကြရန်၊ မိမိတို့ သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး သန္နိဋ္ဌာန်ချမှတ်၍ ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များနှင့်ချိတ်ဆက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာကဏ္ဍနယ်ပယ်အလိုက် နိုင်ငံအတွက်အကျိုးရှိ၍ လက်တွေ့အသုံးချနိုင်မည့် အစီရင်ခံစာများ၊ သတင်းအချက်အလက်များ ပြုစုပေးပို့ကြစေလိုကြောင်း မှာကြားခဲ့သည်။

   အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်ပနိုင်ငံများသို့ စေလွှတ်မည့်  စီးပွားရေးသံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး CITIC Consortium Myanmar Port Investment Limited ၏ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Frank Ma Chuanfu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Thu, 11/03/2022 - 03:24 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၂            

     ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၊ (၁၆:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် CITIC Consortium Myanmar Port Investment Limited ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Frank Ma Chuanfu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

     တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Wed, 10/26/2022 - 15:38 -- mocadmin
Undefined

            ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာဗဟိုကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

            ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် “မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး” လုပ်ငန်းစဉ်များမြန်ဆန်ချောမွေ့ စေရန်နှင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

            အစည်းအဝေးသို့ ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးမြင့်ဆွေနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

            ဆက်လက်၍ ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်သူရက မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းလွင်မှ (ဆဌမ)အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြမှုများအပေါ် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

Latest News: 
Latest New တင္ရန္

ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့ အသုံးချရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Wed, 10/26/2022 - 07:31 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၂၆           

   ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့ စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆)  ဦးအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဒုတိယဝန်ကြီးက ပြောကြားရာတွင် စီးပွားရေးသံမှူးများအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏ စီးပွားရေးအခြေ အနေကိုသာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံမှ အဓိကပို့ကုန် အလားအလာရှိသော ဈေးကွက်များ၊ ပို့ကုန်အမယ်သစ်များ တင်ပို့မှုဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေချိတ်ဆက်ပေးရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ်လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ချိတ်ဆက်သွားရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများတွင် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာသွားရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။

   အဆိုပါ သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီး ဦးညွန့်အောင်မှ တက်‌ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်း

Tue, 10/25/2022 - 05:55 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး) တွင်  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက် (၀၈:၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်‌ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီမှ အတွင်းရေးမှူး ဦးမိုးမြင့်၊  ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက် နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံ သင်တန်းအမှတ်စဉ် (၁) မှ (၁၂) ထိ သင်တန်းသားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါသင်တန်းမှာ သင်တန်းကာလ (၄) လခန့်ကြာမြင့်မည်ဖြစ်ပြီး၊ သင်တန်းသား/သူ (၇၅) ဦး တက်ရောက်မည်ဖြစ်ပါသည်။

Latest News: 

မန္တေလးမြို့၊ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်၏ စက်သုံးဆီ သိုလှောင်ရုံ နေရာများသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေးသည့်သတင်း

Sat, 10/22/2022 - 04:23 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၂၂ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျှက်ရှိသော စက်သုံးဆီသိုလှောင်ရုံနေရာများသို့ ရောက်ရှိကာ စီမံကိန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပါသည်။ ပထမဦးစွာ ရှင်းလင်းဆောင်တွင် စွမ်းအင် ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရွှေမောင်နှင့် မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ၊ ဒေါက်တာဝင်းမြင့်တို့မှ မြန်မာနိုင်ငံအထက်ပိုင်းသို့ စက်သုံးဆီဖြန့်ဖြူးရေး၊ သိုလှောင်ရေးနှင့် စီမံကိန်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက  ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီများကို မြန်မာနိုင်ငံ အထက်ပိုင်းရှိ မြို့များသို့ ဖြန့်ဖြူးနိုင်ရေးအတွက် သယ်ယူမှု၊ လုံလောက်စွာသိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးမှု အခြေအနေများနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ မြို့ကြီးများတွင် စက်သုံးဆီလုံလောက်စွာနှင့် ဈေးနှုန်း တည်ငြိမ်စွာတို့ဖြင့် ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှု အခြေအနေများကို စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)နှင့် မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Fri, 10/21/2022 - 04:15 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၂၁ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)သို့ ရောက်ရှိကာ ကုန်စည်ဒိုင်အတွင်း ကောက်ပဲသီးနှံများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ကုန်စည်ဒိုင်အသင်းဝင် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့အကြိုဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ပါသည်။ ထို့နောက် အသင်း ဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ပြည်တွင်း ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး  ကုန်စည်ဒိုင်အမှုဆောင် များက တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၂း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် အတုတကွ နေ့လည်စာသုံးဆောင်ခဲ့ပြီး ရုံးအတွင်း လှည့်လည်ကြရှု စစ်ဆေးကာ ဝန်ထမ်းများအား လုပ်ငန်းဆိုင်‌ရာများ ဆွေးနွေးမှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့်အတူ မန္တလေးမြို့ရှိ  မန္တလေးမင်္ဂလာဟိုတယ်၌ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အငယ်စား၊ အသေးစား၊ အလတ်စား စီးပွား‌ရေးလုပ်ငန်းများ (MSME) ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး၊ စက်မှုဇုန်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်း ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တွင်ကြုံတွေ့ နေရသောအခက် အခဲများအား ဖြေရှင်းဆောင်ရွက် နိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေနွေး ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေ ကြသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၏ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရန်ကုန်မြို့အခြေစိုက်၊မြန်မာနိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire နှင့် ဟနွိုင်းမြို့အခြေစိုက်၊မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Ula

Thu, 10/20/2022 - 16:47 -- mocadmin
Undefined

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harish-chandra Ghimire ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အားလည်းကောင်း၊ (၁၃:၀၀) နာရီ အချိန်တွင် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အားလည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့အကြား  ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office