နောက်ဆုံးရ သတင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိ မြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့်   ယင်း မြေပေါ်ရှိ အဆောက်အဦတို့အား (၅)နှစ်သက်တမ်း (၁)နှစ် တစ်ကြိမ် စာချုပ် ချုပ်ဆို၍ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

(က)       တင်ဒါပုံစံရောင်းချမည့်ရက်         -   (၂၆.၇.၂၀၂၂)ရက်မှ (၈.၈.၂၀၂၂)ထိ

( ခ )      တင်ဒါပိတ်မည့်နေ့/အချိန်           -   (၈.၈.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ

( ဂ )      တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်  -   (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ

(ဃ)       တင်ဒါတင်သွင်းရမည့်နေရာ        -   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

(င)        စာရင်းပေးသွင်းရမည့်နေရာ        -   ရုံးအမှတ်(၅၂)၊ နေပြည်တော်

(စ)        တင်ဒါစည်းကမ်းချက်များ           -   (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၀:၃၀)နာရီ

             ရှင်းလင်းမည့်ရက်/အချိန်/နေရာ       ရုံးအမှတ်(၅၂)၊ နေပြည်တော်

(ဆ)       တင်ဒါပုံစံရောင်းချမည့်နေရာ       -   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊  အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။

(ဇ)        Depositပေးသွင်းနိုင်သည့်ဘဏ်   -   တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။          စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိ မြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့်   ယင်း မြေပေါ်ရှိ အဆောက်အဦတို့၏ မျက်မြင် အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက် များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

    တင်ဒါစိစစ်ရေးအဖွဲ့

နေပြည်တော်၊ ဇူလိုင် ၂၃  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့(၁၄:၀၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေးနှင့် စက်သုံးဆီ၊ စားသုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်ခဲ့သည်။

          အဆိုပါအစည်းအဝေးတွင် လက်တွေ့စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ နေ့စဉ်ပုံမှန်ရောင်းချပေးနိုင်မှု အခြားလုပ်ငန်းသုံး၊ စီမံကိန်းလုပ်ငန်း၊ အစိုးရဌာနဆိုင် သုံးစွဲမှုများအတွက် ပုံမှန်ရောင်းချပေးနေမှု၊ စက်သုံးဆီ လက်လီလက်ကားဈေးနှုန်းများ နေ့စဉ်ထုတ်ပြန်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးမှု အခြေအနေ သတ်မှတ်ရည်ညွန်းဈေးနှုန်းထက် ပိုမိုရောင်းချနေမှုများအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းဆွေးခဲ့သည်။

          ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော် ၏ အခွန်ဘဏ္ဍာ တိုးတက်ရရှိစေရေး၊ အခွန်တိမ်းရှောင်ပြီး ရှောင်ကွင်းလမ်းကြောင်းများမှ တရားမဝင် မှောင်ခိုသယ်ဆောင်နေမှုများအပေါ် ထိထိရောက်ရောက် တားဆီးအရေးယူနိုင်ရေးအတွက် မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ဆွေးနွေး မှာကြားခဲ့သည်။

          စားသုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လက်မှုမရှိစေရေး ဈေးအဆမတန် မြှင့်တင်ရောင်းချနေမှုမျိုး မရှိစေရေးမှာကြားပါသည်။       

          ထို့နောက် လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီး ဗိုလ်မှုကြီး ကျော်ကျော်မင်းက တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ပူးပေါင်း ဆောင်ရွက်နေမှုနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကုန် သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ (မန္တလေးရုံးခွဲ)တာဝန်ခံ ဦးရန်နိုင်လွင်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေးလုပ်ငန်းကော်မတီ (မန္တလေးရုံးခွဲ)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရေနံနှင့် ရေနံထွက် ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာန(PPRD) ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်က စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ခြင်းဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လမ်းညွန်မှုဖြင့် မန္တလေးတံတားဦး လေဆိပ်နှင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းသို့ သွားရောက် စစ်ဆေးခဲ့မှုအခြေအနေများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စက်သုံးဆီ လိုအပ်ချက်ရှိနေမှုအပေါ် ဝယ်ယူလိုမှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍ အသီးသီးအလိုက်  ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး အခမ်းအနားကို (၁၆:၃၀) နာရီအချိန်တွင် ရုပ် သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

၁။    အာဆီယံနိုင်ငံများအချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန်အတွက် အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့(ASEAN ONLINE SALE DAY-AOSD) အား  ၂၀၂၀ ပြည့်နှစ် တွင် စတင်ကျင်းပခဲ့ရာ ယခုအခါ (၃) နှစ်မြောက်နေ့အဖြစ် ၂၀၂၂ ခုနှစ်အတွက် (၈-၈-၂၀၂၂) ရက်နေ့မှ (၁၀-၈-၂၀၂၂) နေ့အထိ  ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရာ မြန်မာနိုင်ငံမှ e-Commerce လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးလေ့လာရန် URL လုပ်ငန်း  ဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လေ့လာရန် URL မှာ URL - https:// onlineasean.com  ဖြစ်ပါသည်။
၂။    AOSD ကျင်းပရခြင်းမှာ ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကိုအားပေး  ကူညီရန်၊ e-Commerce တွင် စားသုံးသူယုံကြည်မှုပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်သော e-Commerce ၏ အခန်းကဏ္ဍကိုပိုမို အားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ SME/ MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၃။    သို့ဖြစ်ပါ၍ AOSD 2022 တွင် အခြား ASEAN နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှ တားမြစ်ကန့် သတ်ထားခြင်းမရှိသော ကုန်ပစ္စည်များနှင့်ဝန်ဆောင်မှုများကို e-Commerce လုပ်ငန်းများ၊ Online ဖြင့်ဆောင်ရွက်လျက်ရှိသည့် SME/ MSMEs များမှ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပူးတွဲပါပုံစံတွင် ဖြည့်စွက်၍ [email protected] သို့ ပေးပို့နိုင်ပါရန်နှင့် အသေးစိတ်အချက်အလက်များကို သိရှိ လိုပါက ၀၆၇-၄၀၈၆၇၀/ ၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

Attachment Files:

     ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လှူဒါန်းမှု ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

    အစည်းအဝေးတွင် လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ လက်ရှိအချိန်၌ သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကြပ်အတည်းများနှင့် ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် နိုင်ငံတော်ရံပုံငွေဖြင့် ဆန်တန်ချိန် (၁၀၀၀) လှူဒါန်းနိုင်ရေးအတွက် လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့တက်ရောက်လာကြသည့် ဝန်ကြီးဌာနများအနေဖြင့် လှူဒါန်းမည့် ဆန်အမျိုးအစား၊  ဝယ်ယူစုဆောင်းမည့် အစီအစဉ်၊ ကွန်တိန်နာငှားရမ်းမှု၊ ပေးပို့လှူဒါန်းမည့် ကာလ၊ ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက်တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့မှ သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုးချဲ့ခန်းမဆောင်၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်း အဝေးသို့ အမြဲတမ်း အတွင်းဝန်၊ ဦးမင်းမင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

    အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ယနေ့အစည်းအဝေးသည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာ့ပို့ကုန်များ ရုရှားနိုင်ငံ ဈေးကွက်သို့ မဟာဗျူဟာကျကျ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  မြန်မာ-ရုရှား နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း (၆၀)ကျော်သာရှိသဖြင့် အမေရိကန်‌ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ရေး နှစ်နိုင်ငံလုံးမှ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည့်အတွက် အစိုးရပိုင်းသာမက ပုဂ္ဂလိကကဏ္ဍပိုင်းမှလည်း အပြန်အလှန် ပူးပေါင်း‌ဆောင်ရွက်နိုင်ရေးအတွက် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်သွား ရန် လိုအပ်ပါကြောင်း၊  မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း အစရှိသော လယ်ယာထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံသို့ တင်ပို့ရန် အလားအလာရှိသော ကုန်စည်များအဖြစ် ဈေးကွက်သစ်ချဲ့ထွင် တင်ပို့သွားနိုင်ရေးအပေါ် အစည်းအဝေး တက်ရောက်လာကြသူ များမှ ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး တင်ပြပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များမှ  မြန်မာနိုင်ငံမှ တင်ပို့ကုန်စည်များနှင့် ပတ်သက်၍ လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်မှုဆောင်ရွက်နေသည့် အခြေအနေများနှင့် အခက်အခဲများ၊ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

     အဆိုပါအစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့်  စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်း၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း၊ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပို့ကုန်တင်ပို့လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက  Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း