နောက်ဆုံးရ သတင်း

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 အသုံးပြုမှုသင်တန်း အမှတ်စဉ် (၃/၂၀၂၂)တွင် သင်တန်းသားအရည်အချင်းနှင့်ကိုက်ညီသည့် အောက်ပါသင်တန်းသားများ တက်ရောက်နိုင်ပါသည်။ ရွေးချယ်ခံရသော သင်တန်းသားများသည် (၂၈-၅-၂၀၂၂) ရက်နေ့နှင့် (၂၉-၅-၂၀၂၂) ရက်နေ့တို့တွင် KBZ Quick Pay ရှိ Department of Trade တွင် ငွေပေးသွင်းနိုင်ပါရန်နှင့် သင်တန်းကြေးပေးသွင်းရန် ပျက်ကွက်သူများ(သို့မဟုတ်) သတ်မှတ်ရက်ကျော်လွန်ပေးသွင်းသူများအား သင်တန်းသားအဖြစ် လက်ခံမည်မဟုတ်ပါ ကြောင်း အသိပေးကြေငြာအပ်ပါသည်။

Attachment Files:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့်မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

ယခုအပတ်အတွင်းကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စားအုန်းဆီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများ အပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှ မေလ ၂၂ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၆၈၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

 အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website:www.doca.gov.mmနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကာ်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စက်သုံးဆီ၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးသည်ကို အားလုံးသိရှိထားပြီးဖြစ်သလို တက်ရောက်လာသည့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီ ကဏ္ဍတွင်လုပ်ကိုင် ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအားလုံးနှင့်အတူ ပူးပေါင်း၍ စက်သုံးဆီ လုံလုံလောက် လောက် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ပြည်သူများအနေဖြင့်လည်း သင့်တင်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီအသင်းသည် အစိုးရကချမှတ်သည့် မူဝါဒများ၊ ထုတ်ပြန်ချက်များကို ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာကုမ္ပဏီတို့အကြားကြားခံအဖြစ် ဆောင်ရွက်နေကြရသည်ဖြစ်၍ အားလုံးအတူတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသင်းမှ အလုပ်အမှုဆောင်အဖွဲ့(ယာယီ) ဖွဲ့စည်းခြင်းကိုလည်းကြိုဆိုပါကြောင်း၊ အသင်းအနေဖြင့် စက်သုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်း၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စက်သုံးဆီလိုအပ်ချက်ပေါ်မူတည်၍ အချိန်မီတင်သွင်းဖြန့်ဖြူးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သလို အခက်အခဲများရှိပါကလည်း မိမိတို့နှင့်အတူ ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

      ထို့နောက် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် က စက်သုံးဆီကုမ္ပဏီများအနေဖြင့် စက်သုံးဆီ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းကိစ္စများတွင် အခက်အခဲများရှိနေသည်ကို နားလည်သဘောပေါက်ပါကြောင်းနှင့် ကော်မတီအနေဖြင့်လည်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် စိစစ်ခွင့်ပြုနေရသည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်ပါဆောင်ရွက်ကြ စေလိုပါကြောင်း ဆွေးနွေးပြောကြားသွားပါသည်။

         ဆက်လက်၍ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိ သူများ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ စက်သုံးဆီ တစ်ဆင့်ခံ ရောင်း ချသည့်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အထွေထွေအုပ်စုမှ ကိုယ်စားလှယ်များနှင့် တက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာတွင် ဆွေးနွေးတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကာ လိုအပ်သည် များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသတင်းရရှိသည်။

တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနပိုင် အခန်း (၁) ခန်း၊ သိုလှောင်ရုံ (၁) လုံး၊ မြေ+ အဆောက်အဦ (၂) ခုတို့အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Pages

Subscribe to နောက်ဆုံးရ သတင်း