နောက်ဆုံးရ သတင်း
နေပြည်တော်၊ စက်တင်ဘာလ ၂၅ ရက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်း ကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၆၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း စက်သုံးဆီအရောင်းဆိုင်များမှ အရောင်းရပ်ဆိုင်းခြင်း၊ အချိန်အပိုင်းအခြားဖြင့် ရောင်းချခြင်း၊ ပမာဏအကန့်အသတ်ဖြင့် ရောင်းချခြင်းများဖြစ်ပွားခဲ့သဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်း ကိုင်တွယ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းဖူလုံမှုရှိစေရေး၊ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေး နှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ” ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ “စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures – SOPs)” ကို ရေးဆွဲပြုစု၍ စက်သုံးဆီတင်သွင်းမှုများကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ စိစစ်ပြုစုတင်ပြဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း ဓာတ်ဆီ ၈၀,၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃,၀၉၅.၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃,၅၉၄.၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့်ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Dong သင်္ဘောသည် ဒီဇယ်ဆီ (၅၁.၁၇) ဂါလံသန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၆၀.၃၉) ဂါလံသန်း၊ MT Yu Hai သင်္ဘောသည် 92 Ron (၄၂.၃၃) ဂါလံသန်းနှင့် ဒီဇယ်ဆီ (၉၂.၂၅) ဂါလံသန်းကို ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စင်္ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS ဈေးနှုန်း၊ Premium ၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာတွက်ချက်ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း MOPS ဈေးနှုန်းမြင့်တက်မှုကြောင့် ယနေ့တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ်ပြန်လည်မြင့်တက် ခဲ့ကြောင်း တွေ့ရှိရပါသည်။
အချို့သောနယ်မြို့များတွင် စက်သုံးဆီများကို ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချလျက်ရှိသဖြင့် အဆိုပါရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးဖော်ထုတ်၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ သို့ရာတွင် အချို့သောမြို့နယ်များသို့ စက်သုံးဆီ ဖြန့်ဖြူးဆောင်ရွက်ရာ၌ စက်သုံးဆီတင်ဘောက်ဆာ (Bowser) များနှင့် ဆီတွဲရေယာဉ် (Barge) များကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှ တိုက်ခိုက်လုယက်မှုများ ပြုလုပ်လျက်ရှိသဖြင့် သက်ဆိုင်ရာ စက်သုံးဆီအရောင်း ဆိုင်များသို့ စက်သုံးဆီများ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။
အချို့တိုင်းဒေသကြီး/ ပြည်နယ်များ၏ စက်သုံးဆီလိုအပ်ချက်များ ပြည့်မီနိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်များဖြင့် နယ်စပ်ဒေသများမှ စက်သုံးဆီတင်သွင်းမှုများကိုလည်း ကြီးကြပ်စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပထမဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ချမှတ်ထားသည့် အခြေခံမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီချက်များ၊ အဖွဲ့ဝင်နိုင်ငံများမှ မဖြစ်မနေလိုက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်သွားရမည့် အချက်များအား ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များအားဖြည့်စွက် ရှင်းလင်းခဲ့သည်။ ဆွေးနွေးချက်များအပေါ် အခမ်းအနားသို့ တက်ရောက် လာသည့် အရာထမ်းများမှ သိရှိလိုသည့်အချက်များအားမေးမြန်းခဲ့ကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာဝန်ကြီးဌာနမှအရာထမ်းများ အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရင်းနှီးအကျွမ်းတဝင် သိရှိရန်၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်မှာ မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းသာမက အခြားဝန်ကြီး ဌာနများကပါ ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် Action Plan ရေးဆွဲဆောင်ရွက်သွားရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကုန်သွယ်မှုနှင့်ပတ်သက်ပြီး အသိပညာပေးအစီအစဉ်များအား ဆက်လက် ပြုလုပ်သွားရန်နှင့် ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်အောင် ဝန်ထမ်းအားလုံး တာဝန်ယူဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးအထက် အရာထမ်းများတက်ရောက်ခဲ့ကြပြီး၊ နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိတာဝန်ခံအရာထမ်းများက Virtual စနစ်ဖြင့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(နှစ်ဆင့်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာကျပ်ငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အောက်ဖော်ပြပါအတိုင်း နှစ်ဆင့်အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားပိုင်ပြည်တွင်းကုမ္ပဏီများ အနေဖြင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည် -
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - (၂၁-၉-၂၀၂၂)ရက်နေ့( ဗုဒ္ဓဟူးနေ့ )
ရုံးချိန်အတွင်း
( ခ ) တင်ဒါပုံစံများ နောက်ဆုံးရောင်းချ - (၄-၁၀-၂၀၂၂) ရက်နေ့ ( အင်္ဂါနေ့ )
မည့်ရက် ရုံးချိန်အတွင်း
( ဂ ) တင်ဒါပုံစံနှင့် နည်းပညာအဆိုပြုလွှာ - (၄-၁၀-၂၀၂၂) ရက်နေ့ ( အင်္ဂါနေ့ )
စာအိတ်(A)နောက်ဆုံးတင်သွင်း ရုံးချိန်အတွင်း
ရမည့် နေ့ရက်၊ အချိန် ၊ နေရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊
ရုံးအမှတ် (၃) ၊ နေပြည်တော်
(ဃ) နည်းပညာဆိုင်ရာ အဆိုပြုလွှာ - (၁၁-၁၀-၂၀၂၂)ရက်နေ့ ( အင်္ဂါနေ့ )
စိစစ်ရွေးချယ်ခြင်း
( င ) နည်းပညာဆိုင်ရာ အောင်မြင်သော - (၁၁-၁၀-၂၀၂၂)ရက်နေ့ ( အင်္ဂါနေ့ )
ကုမ္ပဏီစာရင်းထုတ်ပြန်ကြေငြာခြင်း
( စ ) နည်းပညာအောင်မြင်သောကုမ္ပဏီများမှ - (၁၄-၁၀-၂၀၂၂) ရက်နေ့ (သောကြာနေ့)
ဈေးနှုန်းအဆိုပြုလွှာစာအိတ်(B)
တင်သွင်းခြင်း
(ဆ) နည်းပညာအောင်မြင်သောကုမ္ပဏီများ၏ - (၁၄-၁၀-၂၀၂၂)ရက်နေ့ (သောကြာနေ့)
ဈေးနှုန်းအဆိုပြုလွှာစာအိတ်(B)အား
ဖွင့်ဖောက်၍ စိစစ်ရွေးချယ်ခြင်း
၂။ တင်ဒါပုံစံများကို တစ်စုံလျှင် ကျပ် ၅၀၀၀၀/- (ကျပ် ငါးသောင်းတိတိ)နှုန်းဖြင့် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး တင်ဒါအဆိုပြုလွှာ များကို တင်သွင်းရာတွင် သတ်မှတ်ချိန်ထက် နောက်ကျတင်သွင်းခြင်း ချိတ်ပိတ်စာအိတ်များ ပေါက်ပြဲ/စုတ်ပြဲနေခြင်း နှင့် e-Mail ဖြင့် လျှောက်လွှာတင်သွင်းခြင်းများကို လုံးဝ (လုံးဝ)လက်ခံမည်မဟုတ်ပါ။
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံရောင်းချမည့်နေရာတွင် လူကိုယ် တိုင်ဖြစ်စေ၊ ဖုန်းအမှတ် (၀၆၇-၃၄၀၈၂၃၀ ) သို့ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ