နောက်ဆုံးရ သတင်း
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Synergy သင်္ဘောသည် ဓာတ်ဆီ 92 Ron (၀.၉၁) ဂါလန်သန်း၊ ရိုးရိုးဒီဇယ်ဆီ (၂.၅၅) ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၁.၃၄) ဂါလန်သန်းကို ၂၄-၁၀-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ MT Aulac Vision သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၀၁) ဂါလန် သန်းကို ၂၅-၁၀-၂၀၂၂ ရက်နေ့တွင်လည်းကောင်း ဆီချလုပ်ငန်းဆောင်ရွက်ပြီးဖြစ်သည်။
ဓာတ်ဆီ 92 Ron (၂.၇၆) ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron (၀.၉၂) ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆၅) ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Dong သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ (၃.၀၇) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၃.၀၇) ဂါလန်သန်း တင်ဆောင်လာသည့် MT Harmony One သင်္ဘောနှင့် ပရီမီယံဒီဇယ်ဆီ (၂.၆၇) ဂါလန်သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘောတို့သည် သက်ဆိုင်ရာ Terminal များသို့ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ရန်ကုန် သီလဝါဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှု ရှိကြောင်း စိစစ်တွေ့ရှိရသည်။
စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓာတ်ဆီဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ဒီဇယ်ဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ကြောင်းတွေ့ရပြီး ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှုမရှိကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၆
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့ စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆) ဦးအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် စီးပွားရေးသံမှူးများအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏ စီးပွားရေးအခြေ အနေကိုသာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံမှ အဓိကပို့ကုန် အလားအလာရှိသော ဈေးကွက်များ၊ ပို့ကုန်အမယ်သစ်များ တင်ပို့မှုဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေချိတ်ဆက်ပေးရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ်လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ချိတ်ဆက်သွားရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများတွင် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာသွားရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ ၁၂-၁၀-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Aulac Vision သင်္ဘောမှ ပရီမီယံဒီဇယ်ဆီ (၂.၈၈) ဂါလန်သန်း၊ MT Yu Yi သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီ (၂.၁၈) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၁.၈၆) ဂါလန်သန်းအား ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ရိုးရိုးဒီဇယ်ဆီ (၁.၆၀) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၄.၅၃) ဂါလန်သန်းတင်ဆောင်လာသည့် MT Harmony One သင်္ဘောသည်လည်း ထပ်မံ ဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှု ရှိကြောင်း တွေ့ရှိရသည်။
ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းအနည်းငယ်ကျဆင်းလာသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းကျဆင်း လာကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၁
ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေသော MV VTC Ocean သင်္ဘောဖြင့် မြန်မာ့တန်းမြင့်ဆန် တန်ချိန် (၂၁၃၀၀) တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု စတင်ဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါ သင်္ဘောတင်ပို့မှုသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားမှုအရ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ စီစဉ်တင်ပို့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅ % တန်ချိန် (၂၅၀၀၀၀) စာချုပ် ချုပ်ထားပြီး ဖြစ်ကြောင်းနှင့် ယခု MV VTC Ocean သင်္ဘောဖြင့် တင်ပို့မှုသည် အဆိုပါ စာချုပ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီ အမျိုးအစားများအလိုက် ပုံမှန် စိစစ်တင်သွင်းဆောင် ရွက်လျက်ရှိရာ ၁၀-၁၀-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron (၀.၀၂) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၂.၈၀) ဂါလန်သန်းကို လည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron (၀.၁၄) ဂါလန် သန်းကိုလည်းကောင်း ဆီချလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ (၂.၉) ဂါလန်သန်း တင်ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆) ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၁.၈၆) ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Yi သင်္ဘောများသည်လည်း ထပ်မံဆိုက် ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီ လက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်းတွေ့ရှိရသည်။
ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနည်းငယ် မြင့်တက်လာသည်ကိုတွေ့ရှိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်များနှင့် ပုဂ္ဂလိကစက် သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အချိန်မီပို့ဆောင်ပေးလျက်ရှိသော်လည်း ယခင်ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြောင်စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီပြတ်လပ်မည်ဖြစ်သောကြောင့် အရေးပေါ်စက်သုံးဆီ ပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် အမည်မသိ အကြမ်းဖက်လက်နက်ကိုင်တစ်စုမှ အဆိုပါစက်သုံးဆီတင် ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများအချိန်မီ ရောက်ရှိနိုင်ခြင်း မရှိခဲ့ကြောင်းသိရှိရသည်။