နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

    ပြည်ထောင်စုဝန်ကြီး လိုက်လံကြည်ရှုစစ်ဆေးနေစဉ် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာန၊ ဌာနမှူးက လယ်ယာထွက်ကုန် သီးနှံများစမ်းသပ်စစ်ဆေးပေးလျက် ရှိသည့် ဓာတ်ခွဲခန်းများ တည်​ထောင်ထားရှိမှုအခြေအနေ၊ ဓာတ်ခွဲခန်းအလိုက်၊ သီးနှံအမျိုးအစား အလိုက် စမ်းသပ်စစ်ဆေး ပေးလျက်ရှိသည့်အရည်အသွေးများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် သင်တန်း ဖွင့်လှစ်ပို့ချပေးနိုင်မှုအခြေအနေများ၊ သုတေသနလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံတကာ အသိအမှတ်ပြုဓာတ်ခွဲခန်းလက်မှတ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ အသင်းဥက္ကဌနှင့် တာဝန်ရှိ သူများက ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ် စစ်ဆေးရေး ဓာတ်ခွဲခန်း တည်ထောင်ထားရှိမှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း၏ အသိအမှတ်ပြု လက်မှတ်ရရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ေသာ   ဓါတ်ခွဲခန်းများ အဆင့်မြင့်တင်ရေး၊ ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပေး‌ရေးဆိုင်ရာကိစ္စရပ်များကို မှာကြားကာ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

  ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ပိုမိုတိုးတက်မှုရှိစေရေး၊ ဗဟိုအဖွဲ့၏ လမ်းညွှန်ချက်များအား လိုက်နာအကောင်အထည်ဖော်ရေးနှင့်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အထူးစီးပွားရေးဇုန် ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရေး၊ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အထူးစီးပွားရေးဇုန်များ၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ များကို  ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ အစည်းအဝေးကို (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

  အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

    မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀)ထိတို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှာ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅ % တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀)တင်ပို့ရန် သဘောတူစာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။

    အဆိုပါ Sales Contract အရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဆန်တန်ချိန် (၁၁၀,၀၀၀) ခန့်အား တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ တင်ပို့ ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် (၂,၀၀၀) ကျော်အား သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်များအား သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။      

နေပြည်တော်၊ နိုဝင်ဘာ ၃၀  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Fumio USUI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံ ခဲ့သည်။

     တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

     တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

   ယခုအချိန်တွင် ကမ္ဘာ့ရွှေဈေးနှုန်း လျော့ကျလာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ လိုက်ပါလျော့ကျခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ် နေသည်ကို တွေ့ရှိရသည်။

   ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့(နံနက်ပိုင်း) ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၄၀ ဖြစ်၍ ယခင်အပတ်ရွှေဈေးနှုန်းထက် ၃၄ ဒေါ်လာလျော့နည်းခဲ့သည်။ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာလည်း ယခုအပတ် ငွေကျပ် ၂၀၄၉၀၀ဝိ/- ဖြစ်ပြီး ယခင်အပတ်ထက် ငွေကျပ် ၄၁၀၀ဝိ/- လျော့နည်းသတ်မှတ်ခဲ့သော်လည်း ဈေးကွက်ပေါက်ဈေးနှုန်းမှာ ရည်ညွှန်းဈေးနှုန်းထက် ငွေကျပ်လေးသိန်းရှစ်သောင်းကျော်ခန့် ပိုမိုနေ ကာ လက်ရှိဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၅၃၀၀၀ဝိ/- ခန့်ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်းတွေ့ရှိရသည်။ ပြည်တွင်းဈေးကွက်တွင် ရွှေစုဆောင်းလိုမှုလျော့ကျလာပြီး ဝယ်လိုအားထက် ရောင်းလိုအားပိုမိုနေကာ ကမ္ဘာ့ရွှေဈေးနှုန်း လျော့နည်းလာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ ယခင်အပတ် ဈေးကွက် ပေါက်ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း